Searching For Freedom

Words
104
Reading
1 min
Listen
Play
8y

ဒီလိုပါပဲ

လဲကျလိုက်ပြန်ထလိုက်
ငိုလိုက်
ရယ်လိုက်
ဝမ်းနည်းလိုက်
ဝမ်းသာလိုက်
သောကတွေ မောဟ တွေနဲ့
ပြိုလဲသွားလိုက်
ပျော်ရွှင်ခြင်းတွေ နဲ့ကခုန်လိုက်…

တစ်ခါတစ်ခါ ငြိမ်သက်သွားလိုက်
တစ်ခါတစ်ခါ လှုပ်ရှားနေရင်း
စိတ်တွေ ကျပျောက်သွားလိုက်နဲ့…

လူသစ်တွေ ဝင်လာလိုက်
လူဟောင်းတွေ ထွက်သွားလိုက်
ပစ္စည်းသစ်တွေ ရှိလာသလို
ပျောက်ရှ သွားတဲ့ပစ္စည်းတွေလည်းရှိတယ်…

ကောင်းလွန်းတဲ့ အမှတ်တရတွေရှိသလို
ဆိုးလွန်းတဲ့ အတိတ်ဆိုးတွေရှိတယ်
စိတ်ညစ်စရာတစ်ခုတိုးလာတိုင်း
အတိတ်ဆိုးတွေ ထဲပြန်ခုန်ဆင်းလိုက်…
ပျော်ရွှင်တဲ့ အမှတ်တရ တစ်ခုတိုးလာရင်
ယုံကြည်မှုတွေ တစ်ဆစ်တိုးလိုက်နဲ့…

ပျော်ရွှင်နေချိန် အမည်းရောင်ဆည်းဆာတွေကို
မေ့နေပြီး
ကံဆိုးတဲ့အခါ အဆင်မပြေတော့ရင်
အရင်က အဆင်မပြေ တဲ့ ညနက်နက်တွေကိုပါ
ထည့်ပြီး အိပ်မက်ဆိုးတွေအဖြစ်
ပြန်တွေးတတ်ကြတယ် …

အရာရာဟာ …
မတည်ငြိမ်တဲ့ တိမ်တွေလိုပဲ
ပြိုပျက်သွားလိုက်
ပြန်တည်ဆောက်လိုက်နဲ့
မွန်းကြပ်လာချိန်မှာတော့
တစ်စုံတစ်ယောက်ကိုတောင်းတတယ်
မဟုတ်လား … ဒီသံသရာတွေ နဲ့
ထပ်ခါထပ်ခါ
ခေါက်ရိုးကျိုးပြီး
နေ့စဉ်နဲ့အမျှ တွန့်ကြေနေရအုံးမှာပါ …

ဒါပါပဲ လောကကြီးက
ကိုယ့်ကို ဘောလီဘော ဘောလုံးတစ်လုံးလိုပဲ
သဘောထားတယ်
ပင့်မြှောက်လိုက်ပြီးရင်
အားပါပါ နဲ့ ရိုက်ချလိုက်မှာပဲ …

သေချာတာကတော့

"အကောင်းဆုံးတွေ ရောက်လာရင်
အဆိုးဆုံးအတွက်လည်းပြင်ဆင်ထား
အဆိုးဆုံးတွေ ရောက်လာရင်
အကောင်းဆုံးတွေ ပြန်ရဖို့ အတွက်ပြင်ဆင်ထား
ဘယ်တော့ အခါမှ ပုံသေကြီး
မတွက်ထားပါနဲ့
အရာရာတိုင်းဟာ ညီမျှခြင်းတွေ နဲ့
ဖော်စပ်ထားတယ် …
သို့ပေမဲ့ လဲကျတိုင်းလဲ
စိတ်မပျက်နဲ့
အောင်မြင်တိုင်းလည်း
မာန်မတက်နဲ့
သွားမြဲတိုင်းသာဆက်သွား နေပါ
image

Searching For Freedom | Ecency