Never Forget

Words
42
Reading
1 min
9y
Listen to this post
~1 min

image
သူ့ကိုဆုံးမဖို့ခက်နေတဲ့အခါ
ကိုယ့်ကိုကိုယ်ဆုံးမဖို့မမေ့ပါနဲ့..

သူ့ကိုသနားစရာလို့
ထင်နေတဲ့အခါ
ကိုယ့်ကိုကိုယ်သနားဖို့မမေ့ပါနဲ့..

သူ့ကိုစေခိုင်းနေတဲ့အခါ
ကိုယ်တိုင်တောင်မလုပ်နိုင်သေး ပါလားဆိုတာ မမေ့ပါနဲ့..

သူ့ကြောင့်စိတ်ပူပန်မှုဖြစ်ရတယ်လို့
ပြောနေတဲ့အခါ
ကိုယ့်အတ္တကိုမမေ့ပါနဲ့...

သူတို့တွေပျက်စီးနေပါလားလို့
ထင်နေတဲ့အခါ
ကိုယ်ကြောင့်ဖြစ်နိုင်တယ်ဆိုတာ
မမေ့ပါနဲ့...

သူတို့တွေလမ်းမှားနေပါလားလို့
တွေးထင်တဲ့အခါ
ကိုယ်တိုင်လမ်းမှားကိုရောက်နေတယ်ဆိုတာ
မမေ့ပါနဲ့...

သူတို့တွေတော်တော်ရိုင်းကြပါလားလို့
တွေးထင်နေတဲ့အခါ
ကိုယ်တိုင်တောင်ရိုင်းနေတာပဲလို့ဆိုတာ
မမေ့ပါနဲ့....

သူတို့တွေလုပ်သင့်တာတွေ
မလုပ်ကြဘူးလို့တွေးထင်နေတဲ့အခါ
ကိုယ်တိုင် တောင်မလုပ်သင့်တာတွေလုပ်နေပါလားဆိုတာ မမေ့ပါနဲ့...

သူများကိုဝေဖန်အမှုပြုတဲ့အခါ
ကိုယ့်မှာဝေဖန်စရာတွေများစွာရှိတယ်ဆိုတာ
မမေ့ပါနဲ့....

ငါတို့ကကောင်းတာကိုလုပ်နေတာပဲလို့
တွေးထင်နေတဲ့အခါ...
ကိုယ့်အတ္တကကိုယ့်ကိုကြိုးကိုင်ထားတယ်ဆိုတာ..မမေ့ပါနဲ့....

ကိုယ့်ကိုအပြစ်ပြောကြတဲ့အခါ..
ကိုယ့်မှာလိုအပ်ချက်တွေရှိနေတယ်ဆိုတာမမေ့ပါနဲ့..

ကိုယ့်ကိုယ်ဆုံးမရင် သူများတွေကိုဆုံးမပြီးသား
ဖြစ်နေတယ်ဆိုတာမမေ့ပါနဲ့...

သူမကောင်းတာကိုယ့်ကြောင့်လည်း
ဖြစ်နေတတ်တယ်ဆိုတာမမေ့ပါနဲ့....

Never Forget | Ecency