နာရီကို ဝယ်လိုက်ပေမဲ့ ..
အချိန်တော့မပါဘူး..
လူ တစ်ယောက် ..
အသက်တစ်ရာနေရမှ ..
ရက်ပေါင်း( ၃၆၅၀၀) ကို ပိုင်ဆိုင်ရမှာ ..ပါ
ပိုင်ဆိုင်ထားတဲ့ ရက်တွေဟာလည်း ...
တစ်ရက်ပြီးတရက် ..
ကုန်လွန်သွားနေတာဘဲလေ..
မနက်ဖြန်ဆိုတာ လူုတိုင်းအတွက်
ရှင်သန်မှုဆိုတာ မပိုင်ဆိုင် ထားကြပါဘူး..,
လူသား တိုင်း အတွက်...
လက်ရှိရနေတဲ့ စက္ကန့် တိုင်း...
နောင်တမလွန် ခရီးအတွက် ...
သယ်ပိုးရင်း ကုန်လွန် နေကြ ခြင်း သာ ဖြစ်ပါတယ်..
အဲဒီ အတွက် အပို အလုပ် တွေ မတွေးမိတာ အကောင်းဆုးံ ဝန်ထုပ် ဝန်ပိုး ကိုလျော့ ချ နိုင်လေအကောင်းဆုးံ အချိန် ကန့် သတ် ခြင်း ကို သာ ဖြစ် စေ ပါလိမ့်မယ်.....
ဦးနှောက် နှင့် နှလုံးသား
ဦးနှောက် က ဆင်ခြင်မှု ကိုအခြေခံထားတယ် လက်တွေ့ကျသော အလုပ်ကို ဦးစားပေးတတ်တယ် အနုပညာတွေ ကဗျာ လင်္ကာ တွေကို နည်းလမ်းကျသလား မှားလားမှန်လား ဆင်ခြင်သုံးသပ်ပေးတယ် တကယ်ဖြစ်နိုင် မဖြစ်နိုင်တာတွေကို
သတိပေး ဦးဆောင်တယ်
နှလုံးသား ကခံစားချက်အဖြစ် ပံ့ပိုးကူညီပေးတယ် စိတ်ကူးယဉ် တဲ့အလုပ်ကို ဆောင်ရွက်တယ် အနုပညာတွေ ကဗျာလင်္ကာတွေ
လွတ်လပ်စွာ ခံစားရင်းလောက ကိုအလှဆင်ပေးတတ်တယ်
နှလုံးသား ကို ချယ်လှယ်ချုပ်တည်းလို့မရ သဘာဝ အလှတရား တို့ကို မျှဝေခံစားတတ်တယ်
ဦးနှောက် ရော နှလုံးသား မှာ စွမ်းအားခွန်းအားတွေ ရှိပါတယ်
အောင်မြင်နေတဲ့ လူတော်လူကောင်း တစ်ဦးဖြစ်စေရန် ဦးနှောက်နဲ့ နှလုံးသားကို ညီညွတ်မျှတစွာပူးပေါင်းနိုင်အောင် ကြိုးစားရမှာဖြစ်တယ်
ဦးနှောက်ကို အသုံးချတာများသွားရင် လွန်ကဲသွားခဲ့ရင် အတ္တကြီးပြီး ရိုင်းစိုင်းသွားလိမ့်မယ်
နှလုံးသားကို ဦးစားပေး အလိုလိုက်မိရင် မာယာ လှည့်ဖျားခြင်းကို ခံရတတ်တယ်
ဒါကြောင့် ဦးနှောက်နဲ့ နှလုံးသား
ဆင်ခြင်မှု နဲ့ ခံစားမှု
စိတ်ကူး နဲ့ လက်တွေ့ ……