လောကကြီး မှာ...ကိုယ်က အမဲပေးပြီး အခြားသူဆီက
အဖြူရောင်လိုချင်တဲ့လူတွေရှိတယ်..လောကကြီးမှာ...
ကိုယ်က ရိုးသားမှုမရှိဘဲ အခြားသူဆီက
ဖြူစင်ခြင်းကို တောင့်တနေသူတွေရှိတယ်..လောကကြီးမှာ..
ကိုယ်က ဟန်ဆောင်ပြီး အခြားသူဆီက
ပွင့်လင်းမှုကို မျှော်လင့်နေသူတွေရှိတယ်...
လောကကြီးမှာ..
ကိုယ်က ပျော်ရွှင်မှုမပေး နိုင် ဘဲ အခြားသူဆီကပျော်ရွှင် မှု့သာယာမှုတွေ မက်မောနေသူတွေရှိတယ်..လောကကြီး မှာ..
ကိုယ်က ဖေးမကူညီမှုမရှိဘဲ အခြားသူဆီက
ကမ်းလှမ်းမှုတွေ မျှော်ကိုးနေသူတွေရှိတယ်လောကကြီး မှာ
ကိုယ်က ညှာတာထောက်ထားမှုမရှိဘဲ အခြားသူဆီက
စာနာမှုတွေ စောင့်မျှော်နေသူတွေရှိတယ်..လောကကြီး မှာ...
ကိုယ်က အလေးမထားဘဲ အခြားသူဆီက
ဂရုစိုက်မှုတွေ တမ်းတနေသူတွေ ရှိတယ်လောကကြီးမှာ...
ကိုယ်က အမှားနဲ့မကင်းဘဲ အခြားသူဆီက
အမှန်တရားပဲ လက်ခံချင်သူတွေရှိတယ်..လောကကြီး မှာ...
ကိုယ်က လိုက်နာမှုမရှိဘဲ အခြားသူဆီက
တိကျသေချာခြင်း ဆို တဲ့ ရလာဒ်ကောင်း တွေပဲ ရချင်သူတွေရှိတယ်..လောကကြီးမှာ..ကိုယ်က ကတိမတည်ဘဲ အခြားသူဆီကသစ္စာစောင့်သိမှုတွေ ပိုင်ဆိုင်လိုသူတွေရှိတယ်..
တစ်ကယ်တော့ .....
လောကကြီးမှာ အတုပေးပြီး အစစ်လိုချင်လို့တော့မရဘူးလေ..
ဘယ်အရာမဆို အသွားရှိမှ အပြန်ရှိမှာပါ..ကိုယ်ကပေးနိုင်တဲ့ အရာတွေကိုပဲ အခြားသူဆီက လဲ.... ပြန်ရလာမှာကိုသာ
မျှော်လင့်သင့်ပါတယ်..