This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

တကိုယ်ကောင်းဆန်တယ်တဲ့ဗျာ

Words
88
Reading
1 min
Listen
Play
5y

img_0.8038548507357935.jpg
https://www.freeimages.com/photo/daisy-in-the-sky-1385925
အနိစ္စဆိုတဲ့ မမြဲတဲ့သဘောတရားတွေကို အတွေးနယ်ခဲ့ရင့် မိုးကောင်းကင်ကို ငေးမော့နေမိတယ်။ဖြစ်တည်ပြီးသွားရင် ပျောက်ပျက်သွားလေ့ရှိတယ်တဲ့အဲ့ဒီအရာတွေထဲ ရင်မှာစူးနစ်နေအောင်ခံစားရတာတွေက ဘာကြောင့် ပါမသွားရတာလဲဗျာ။ရင်နာစရာကောင်းပါတယ်။တစ်ဖတ်သက်ချည်တဲ့ သံယောဇဉ်တွေထဲမှာ သေစေလောက်တဲ့ နာကျင်စရာတွေ ရှိမှန် အစက ကြိုမသိခဲ့ဘူးဗျာ။တစ်ဖတ်လူ ဘယ်လို ထိခိုက်သွားမလဲလို့ ဖြည့်တွေးပေး မနေပဲနဲ့ ရက်စက်သွားတဲ့ ပြတ်သားမှုတွေကို အားကျမိတယ်ဗျာ။စိတ်ကို စိတ်နဲ့ ပြန်ခေါ်တိုင်း အနာတရတွေပဲ ထွက်ကျလာတဲ့အနေအထားမှာ ကိုယ်ဟာ သူတို့လို မပြတ်သားနိုင်ခဲ့ဘူးလေ။ပေါ့ပေါ့ပါးပါး ရှင်သန်ဖို့ နာကျင်စရာတွေ လွှတ်ချခဲ့ရမယ်ဆိုရင် မပျော်ရတဲ့ အပြုံးတွေက အစ မပိုင်ဆိုင်ရတဲ့ ချစ်ခြင်းမေတ္တာတွေအထိ ကိုယ်က တစ်နေ့မှာလွှတ်ချထားခဲ့မှာပါပဲ။ဆုတောင်းတွေ မပြည့်ရင် နေပါစေဗျာ။တစ်ပါးသူရဲ ဒုက္ခကိုတော့ အခွင့်အရေး မယူချင်းဘူးလေ။ဒါကြောင့်ပဲ ထင်ပါရဲ့ကျွန်နော်ကမ္ဘာမှာ ကြွေတဲ့ ကြယ်တွေက သိပ့်ကိုလှတယ်ဗျာ။မှတ်မိပါသေးတယ်။လျှောက်တဲ့ လမ်းချင်းမတူတဲ့သူတွေက ဘဝအနေအထားချင် ကွာတဲ့သူတွေက ကိုယ့်ဒုက္ခကို တကယ်မသိတဲ့သူတွေက ကိုယ်ခံစားဘူးသလို မခံစားဘူးတဲ့သူတွေက ကိုယ့်ဒဏ်ရာရဲ့ အတိမ်အနက်ကို သေသေချာချာ မသိတဲ့ သူတွေက နင် သိပ် တစ်ကိုယ်ကောင်းဆန်တာပဲ တဲ့ နင် အရမ်း အခြေကြီးနေတယ် တဲ့ မြေကြီးပေါ်မှာ ရပ်နေတာချင်းတူပေမယ့် ကိုယ် ဘယ်လောက် နာကျင်နေရမှန်း ဘဝကို ထမ်းပိုးထားတာချင် တူပေမယ့် ကိုယ်ဘယ်လောက် ပင်ပန်းနေခဲ့မှန်း ပြိုလဲဖူးတာချင်း တူပေမယ့် ကိုယ် ဘယ်လောက် အထိအရှ များခဲ့မှန်း သူတို့ တကယ် မသိကြပါဘူး။
thihakyawwin@thihakyawwin

တကိုယ်ကောင်းဆန်တယ်တဲ့ဗျာ | Ecency