ယခုတလောတွင် ဟူသော သိုးဆောင်း ဝေါဟာရ တလုံးကို မြန်မာမှုပြုရန်အလို့ငှာ မိမိ၏ ဥာဏ်တထွာ တမိုက်နှင့် အမီမလိုက်နိုင်ဘဲ ရှိနေခိုက်တွင် အီးနို့တစ်ဘုတ်ကြီး ကောင်းမှုဖြင့် အကြံကောင်း ရလိုက်ချေပြီလေ ဖေ့ဘွတ်ကြည့်သော် အကြံပေါ်ဟု မှတ်ကြစေလိုပါ ဟူသော သိုးဆောင်းစကားကို မမြဝင်းရောဂါဟု ဤနေ့မှစ၍ ကျနုပ်က မြန်မာမှု ပြုလိုက်ပါပေ၏ ရေစစ္စတြီ လုပ်မထား သော်ငြား ထိုစကားကို ကျနုပ်ပထမဆုံး အသုံးပြုသည်ဟု နောင်လာနောက်သားတို့ မှတ်သားကြပါလေလွန်လေပြီးသော နှစ်ပေါင်း နီးပါးက ယခုအခါ ဆွီဒင် နိုင်ငံဟုခေါ်ဆိုအပ်သော မြောက်ကျွန်းသူတို့ နေသည့် အရပ်တွင် ဘဏ်တိုက်ကြီး တခုကို ဓါးပြတိုက်သည့် အမှုတခု ဖြစ်ပွားပြီး ဘဏ်ဝန်ထမ်းတို့အား သူခိုးဓါးပြတို့က ဓါးစာခံ အဖြစ် ဖမ်းဆီးထားခဲ့ ကြလေ၏ထိုသို့ ဖမ်းဆီးထိမ်းသိမ်းထားသည့် အတောအတွင်းတွင် သူခိုးဓါးပြတို့သည် မည်သို့ မည်ပုံ ပြုလုပ်လိုက်သည်မသိဓါးစာခံတို့မှာ သူခိုးဓါးပြတို့ အပေါ်တွင် မေတ္တာသက်ဝင် ချစ်ခင်သွားကြကုန်လေ၏ မင်းမှုထမ်းတို့က သူခိုးဓါးပြတို့အား ဖမ်းဆီးမည် ရှိသောအခါ ဓါးစာခံတို့က သူခိုးဓါးပြတို့အား အကာအကွယ် ပြုကြလေ၏သူခိုး ဓါးရိုးကမ်းကြလေပြီ။ သူခိုးဓါးပြတို့အား ဖမ်းဆီးမိပြီးနောက်တွင် ခုံရုံးတင် စစ်ဆေးကြသောအခါတွင်လည်း ဓါးစာခံတို့သည် သူခိုးဓါးပြတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ အတွက် သက်သေထွက်ဆိုရန် အလို့ငှာ ခါး ခါးသီးမျှ ငြင်းဆန်ကြကုန်တော့၏