စိတ်ထဲမှာ သဘောတွေများကျမိပြီဆိုရင်တော့ စိတ်ကူးတွေက အလိုလိုယဉ်လာတာကလား။ စကားလေး များပြောလိုက်ရလို့ကတော့ တစ်နေကုန်ပြန်ပြီး စမြုံ့တွေးလေးတွေးရင်း ဘဝင်အကျကြီးကျ တစ်ယောက်တည်းတောင် ပြုံးပြုံးကြီး ဖြစ်နေမှန်းမသိ လေထဲမြောက်တောက်တောက်နဲ့ ဘေးလူတွေက မပြောသာလို့သာနေမယ် သံသယ တော့ဝင်ကြမပေါ့ဗျာ။ ငယ်တုန်းကများ ပြောပါတယ်။ အကြာကြီးလားဆိုတော့လည်း မဟုတ်ဖူးဗျ မတွေ့တာကြာလာတာနဲ့ စိတ်ကူးယဉ်တာတွေ ဘယ်ပျောက်ကုန်မှန်းမသိ ။အဲသလို ဖြစ်ဖန်များလာတော့ ကိုယ့်အကျင့်ကိုယ်တောင် လိပ်ပြာမလုံတော့ဘူးရယ်။ ဘယ်အချိန်ကျမှ တည်ငြိမ်ပါ့မလဲလို့ စဉ်းစားမိပါတယ်။
အထူးသဖြင့် ယနေ့ခေတ်လို Relationshipsတွေ ခဏလေးတွဲပြီး ပြတ်စဲသွားကြတာမျိုး တွေ့ရဖန်များလာတဲ့အခါ
နှစ်ဦးသားချစ်ကြိုက်နေကြပြီလို့ဆိုတိုင်း ကိုယ်နဲ့ ပတ်သက်နေသူအပေါ် အမှန်တကယ် မေတ္တာ သက်ဝင်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ ဒါပေမဲ့
လည်း ဖြစ်နေကြတာက တစ်စုံတစ်ယောက်နဲ့ ကြိုက်မိတယ် ချိန်းတွေ့တယ် သိပ်မကြာခင်မှာပဲ
မင်္ဂလာတောင်ဆောင်လိုက်ကြတယ်။
အဲဒီလို အခြေအနေက နှစ်ဦး နှစ်ဖက် တကယ်စစ်မှန်စွာ သက်ဝင်ကြတာရော ဟုတ်ပါ့မလား။ ထာဝစဉ် ရှင်သန်ဖြစ်ထွန်းပြီး အပြစ်အနာဆာကင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာ မျိုးကို လူတိုင်းလိုလို တွေ့ကြုံခံစားချင်ကြပေမဲ့ ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်။ အများအားဖြင့် ချစ်ကြိုက်မိမယ် ပတ်သက်မယ် ပြီးတော့ ပျော်ရွှင်မှုမရကြဘူး။
ချစ်တာနဲ့ ကြိုက်တာ (စွဲလန်းတာ) ကြားမှာ ကွာခြားချက်က ဘာတွေလဲဆိုတော့ . . . . . . . . .
၁။လွတ်လပ်ခွင့်ပေးခြင်း နှင့် ထိန်းချုပ်ခြင်း
တကယ် အချစ်စစ်ဆိုတာ လွတ်မြောက်စေခြင်း ပါပဲလို့ဆိုထားပြီး တစ်စုံတစ်ယောက်ရဲ့ ဖြစ်စေချင်တဲ့ ပုံစံမျိုး မဟုတ်ပဲ သင်ကိုယ်တိုင် သင့်ရဲ့ပုံစံစစ်စစ် အတိုင်းပြလို့ရတဲ့ လွတ်လပ်မှုမျိုးပါ။
ဒါပေမဲ့လည်း ဖြစ်လေ့ရှိတာက ချစ်သူအပေါ်
ကိုယ့်စိတ်သဘောအတိုင်း ဖြစ်စေလိုမိကြတာပါ။
ပြီးတော့ Relationship တစ်ခုမှာ လက်တွဲဖော် ကို Space ပေးဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ့် အကြောင်းကိုပဲ အချိန်ပြည့် စဉ်းစားစေချင်တာ ပြောစေချင်တာ ဦးစားပေးစေချင်တာမျိုး ဖြစ် တတ်ပါတယ်။ တစ်ဖက်လူကို သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာထဲမှာ ခဏလောက်ဖြစ်ဖြစ် သွားခွင့်ပေးဖို့ မေ့နေတတ်ကြတယ်။
၂။ကိုယ်ကျိုးမငဲ့ခြင်း နှင့် တစ်ကိုယ်ကောင်းဆန် ခြင်း
ချစ်ခြင်းနဲ့စွဲလန်းခြင်းရဲ့ အဓိကကွာခြားတဲ့ အကြောင်းရင်းဖြစ်ပါတယ်။နှစ်ဦးသားအကြားစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမျိုး မဟုတ်တဲ့အခါ မိမိကိုယ်တိုင် ရဲ့စိတ်ချမ်းသာရမှုတွေ မိမိရဲ့ခံစားချက်တွေကိုပဲ ဦးစားပေးမိကြပြီး တစ်ဖက်လူအတွက် ထည့်စဉ်းစားဖို့ သတိမရကြပါဘူး။စုံတွဲအများစု မှာ ဒီပြဿနာမျိုးတွေ ကြုံလေ့ရှိပြီး အဆုံးသတ် မှာတော့ ခွာပြဲလေ့ရှိကြပါတယ်။
၃။အတ္တနည်းခြင်းနဲ့ အတ္တကြီးခြင်း
တကယ်တမ်းကျတော့ အတ္တဆိုတာ ချစ်ခြင်း မေတ္တာနဲ့ စပ်ဆိုင်စရာ အကြောင်းကိုမရှိတာပါ။
တစ်စုံတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်မိပြီဆိုရင်
စာနာတတ်လာမယ် ချစ်သူအပေါ်ပိုပြီး နားလည် တတ်လာမယ်။ပတ်ဝန်းကျင် အပေါ်နားလည် တတ်လာမယ် ။ အတ္တမရှိခြင်းဆိုတာ တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံမျိုးဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုက Relationship အတော်များများဟာ အချစ်လိုလို ထင်ယောင်ထင်မှားနဲ့ အတ္တတွေ အပေါ်မှာ ဖြစ်တည်လာခဲ့ကြတယ်။ အပြန်အလန်နားလည်ပေးမှုတွေ စာနာမှုတွေ ထားရှိမှ နှစ်ဦး နှစ်ဖက် ပျော်ရွှင်ရမှာပါ။
၎။တစ်ဘဝတာနဲ့တစ်ခဏတာ
တကယ်အချစ်စစ်ဆိုတာ အကြောင်းမသင့်လို့ ပြတ်စဲသွားကြရင်တောင်မှ ထားရှိခဲ့တဲ့ အချစ်က တည်မြဲနေဆဲပါ။ နောက်တစ်ခုက ပြဿနာ အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ အချစ်မပြယ်ပဲ ဆက်လက် လျှောက်လှမ်း သွားတတ်ကြတယ်။ လမ်းခွဲရုံလောက်နဲ့ သူ့အပေါ်မှာ အမုန်းတရား မရှိပဲ ဆက်ပြီး မေတ္တာ ထားမိတယ်။
စွဲလန်းတာမျိုးကျတော့ သူ့ကို အမှန်တကယ်
ချစ်ခဲ့မိတာ မဟုတ်မှန်း သိလာရပြီဆိုတာနဲ့ ပတ်သက်ခဲ့တာတွေကို ကျောခိုင်းသွားမိတယ်။
ပြီးတော့ ကိုယ့်ခံစားချက်တွေနဲ့ လိုက်ဖက်ညီဖွယ် ရှိတဲ့ နောက်တစ်ယောက်ကို ရှာဖွေတတ်ကြတယ်။ ဒါပေမဲ့ဒီသံသရာပဲ ထဲမှာ တစ်ဝဲလည်လည်နဲ့ မိမိရဲ့ စိတ်ထောင်ချောက် မှန်းမသိ သက်ဆင်းနေမိကြ တယ်။
စစ်မှန်တဲ့ အချစ်စစ်ဆိုတာ အပြန်အလှန် စာနာနားလည်ပေးတတ်ခြင်းပဲ ဖြစ်ပါတယ်။
ပူလောင်ခြင်းမရှိ အေးချမ်းစွာ မေတ္တာထားပါမှ
လူ့ဘဝရရှိတုန်းအခိုက် အကျိုးရှိကြမှာ ဖြစ်ပါကြောင်း . . . . . . . .
Ref ; ( http://steem.link/kQmFh )
@thettinaung
MSC - 105
Photo Credit :google