မင်္ဂလာပါ....
KBZ Online Banking အကောင့် စတင်အသုံးပြုသူများ လွယ်ကူစေရန်အတွက် အသုံးပြုပုံ အဆင့်ဆင့်ကို မိတ်ဆက်ပေးပါရစေ။
ဒီအပတ်မှာတော့ "အကောင့်ဖွင့်လှစ်ပြီး Online Banking ကို Web-Browser မှစတင်အသုံးပြုပုံ" ကို ရှင်းပြထားပါတယ်...
(၁) KBZ Online Banking သုံးရန် User ID နှင့် Password ပါသော Pin-mailer စာအိတ်ရရှိပါမည်။
(၂) Password ကို ကြည့်ရန် စာအိတ်ကိုဖွင့်ရပါမည်။
(၃) Internet Browser Address Bar တွင် URL - https://ibanking.kbzbank.com ကို ရိုက်ထည့်ပါ။
(၄) ဘဏ်မှ ရရှိသော Username နှင့် Password ဖြင့် Login ၀င်ပါ။
(၅) KBZ Online Banking ကို အသုံးပြုရန် သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖတ်ရှုပြီး “Accept” ကို နှိပ်ပါ။
(၆) ပထမဆုံး အကြိမ် KBZ Online Banking ကို ၀င်လျှင် လူကြီးမင်းတို့ အကောင့် လုံခြုံမှုအတွက် Password ပြောင်းလဲပေးရပါသည်။
(၇) KBZ Online Banking အကောင့် ပိုမိုလုံခြုံမှုရှိစေရန် အတွက် System မှမေးလာသော Security Question (၃) ခုကိုဖြေဆိုပေးရန်လိုအပ်ပြီး
မိမိထည့်သွင်းဖြေဆိုလိုက်သော အဖြေတစ်ခုချင်းစီကိုလည်း မှတ်မိနေရန်လည်း လိုအပ်ပါသည်။
(၈) ထို့နောက် လူကြီးမင်းတို့၏ အကောင့်များကို နာမည်ပေးနိုင်ခြင်း၊ အသုံးများသော အကောင့်များကို Favorite ပြုလုပ်ခြင်းများကို
ပြုလုပ်နိုင်ပါသည်။ ထို့နောက် "Save"ကိုနှိပ်ပါ။ (သို့မဟုတ်) ထိုသို့ မပြုလုပ်လိုပါက "Skip" ကိုနှိပ်၍ ထိုအဆင့်ကို ကျော်နိုင်ပါသည်။
(၉) လူကြီးမင်းတို့ တစ်နေ့တာအတွင်း ပြုလုပ်နိုင်သော Transaction အရေအတွက်နှင့် တစ်နေ့တာအတွင်း ပြုလုပ်နိုင်သော Transaction
ငွေပမာဏကို သတ်မှတ်ထားနိုင်ပါသည်။ ထို့နောက် "Change" ကိုနှိပ်ပါ။ (သို့မဟုတ်) ထိုသို့ မပြုလုပ်လိုပါက “Skip” ကိုနှိပ်၍ ထိုအဆင့်ကို
ကျော်နိုင်ပါသည်။
(၁၀) အဆင့်များ အားလုံး ပြီးစီးကြောင်းပြသော စာမျက်နှာပေါ်လာပါက “Continue” ကို နှိပ်ပါ။
(၁၁) နောက်ဆုံးအဆင့်အနေဖြင့် လူကြီးမင်းတို့ ရွေးချယ်ထားသော Password ဖြင့် ပြန်လည်ဝင်ရောက်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။
ကမ္ဘောဇ Online Banking နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09253260091,09253260087,09252332845 သို့
ဘဏ်ဖွင့်ချိန်များအတိုင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါသည်။ ကျေးဇူးတင်ပါသည်။
#KBZBank #KBZOnlineBanking #KBZMobileVsPC