အစွမ်းထက်သော ဗေဒင်မိန့်ခွန်းများ

Words
293
Reading
2 min
Listen
Play
8y

ကျွန်တော်တို့ လူသားများသည် သဘာဝဘေးအန္တရာယ်များ နှင့် အခြားသောကံကောင်းခြင်းမရှိသော အန္တရာယ်များကျရောက်မည်ဆိုလျှင် အတော်ကိုတုန်လှုပ်ခြောက်ခြားလေ့ရှိကြပါသည်။ထိုကြောင့်လည်း ကျရောက်လာမည့် အန္တရာယ်များကို အယူအဆအမျိုးမျိုး ၊ အစွဲအမျိုးမျိုးတို့ဖြင့် ယတြာများစီမံကာ ကာကွယ်တားဆီးသူများလည်း ပတ်ဝန်းကျင်တွင်များစွာတွေ့မြင်နေကြရပါသည်။တစ်ချို့သောသူများသည် ဗေဒင်ဟောသူများထံသို့ သွားရောက်ကာ သူတို့၏မမြင်နိုင်သောကံတရားများကို သွားရောက်မေးမြန်းလေ့ရှိကြပါသည်။ဗေဒင်ဆရာများကလည်း သူတို့၏ကံကြမ္မာအဆိုးအကောင်းများကို တတ်နိုင်သမျှဟောပြောလေ့ရှိကြပါသည်။ဗေဒင်ဆရာများ၏ ဟောပြချက်များအား ယုံကြည်သူများရှိသလို မယုံကြည်သူများလည်းရှိကြပါသည်။

bart-simpson-the-simpsons_hpsrpk.jpg

Image Credit Source

ဗေဒင်ဟောသူများမှ သင်သည်မကြာမီအချိန်အတောတွင်းမှာ ကံကောင်းခြင်းများကိုခံစားရမည်ဆိုလျှင် ပျော်လို့မဆုံးတော့ပေ။ထိုအကြောင်းအရာများကိုတွေးတောကာ စိတ်ကူးလေးများယဉ်ပြီး သူတို့၏အတွေးများထဲတွင် အခုဘဲ ဘီလီယံဖြင့်ချီ ချမ်းသာကာ အကောင်းတကာ့အကောင်းဆုံး အစားအသောက်များ ၊ အ၀တ်အစားများ ၊ အသုံးအဆောင်ပစ္စည်းများကို ၀ယ်ယူသုံးစွဲနိုင်တော့မည်ဟု မြင်ယောင်နေသောအချိန်အခါသမတစ်ခုဖြစ်နေပါတော့သည်။ထိုအချိန်များတွင်တော့ လောကကြီးက တကယ်ကို နေလို့ထိုင်လို့ကောင်းသောပတ်ဝန်းကျင်ဖြစ်နေပါတော့သည်။ယခုလိုမျိုးခံစားနေရသော အခါသမယများတွင် အရာရာတိုင်းက အရောင်တ၀င်းဝင်းတောက်ပကာ စိတ်ကြည်နူးစရာအကြောင်းအရာများကိုသာ တွေးတောနေတတ်လေ့ရှိကြပါလိမ့်မည်။ထိုမျှမကသေး အစားအသောက်များစားလျှင်လည်း စားလို့ကောင်း ၊ အိပ်ချိန်ဆိုလျှင်လည်း အိပ်လို့ကောင်းဆိုတော့ အစစအရာအရာ အဆင်ပြေနေပေလိမ့်မည်။

912f2d76821fd17374b3641ce898146b.jpg

Image Credit Source
ထိုအကြောင်းအရာများ၏ ဆန့်ကျင်ဘက်အနေနဲ့ မကြာမီအချိန်အတောအတွင်းမှာ ကံမကောင်းခြင်းများကို ခံစားရမည်ဆိုလျှင်တော့ ဘာလုပ်လို့ဘာကိုင်ရမည်ကို မသိကြတော့ပေ။ထိုကြိုမမြင်နိုင်သေးတဲ့ အကြောင်းအရာများအတွက် ဘယ်လိုယတြာများဖြင့် ကာကွယ်လို့ ရနိုင်ပါ့မလဲဆိုသော မေးခွန်းများနှင့်အတူ ဗေဒင်ဟောသူများအတွက်လည်း ၀င်ငွေကောင်းသော ကာလတစ်ခုဖြစ်သွားရပါတော့သည်။သူတို့သည် မမြင်နိုင်သေးသော အန္တရာယ်များအတွက် စိုးရိမ်ကြောင့်ကြစိတ်များကာ ကောင်းကောင်းစားလို့မ၀င် ၊ အိပ်လို့မပျော်ဖြစ်သွားကြကာ လူကိုယ်တိုင်လည်း စိတ်မောကိုယ်မောဖြင့် တမှိုင်မှိုင်ဖြစ်လာကြပါတော့သည်။ဤမျှလောက်ယုံကြည်မှုတွေရထားသော ဗေဒင်ဟောသူများကို ဆန့်ကျင်ဘက်အနေဖြင့် မယုံမကြည်ပြုလုပ်၍ခံစားသွားရသော သာဓကတစ်ခုအား ကျွန်တော်ပြောပြပါရစေ။
တစ်ခါတုန်းက မြို့တစ်မြို့တွင် အလွန်ရိုးအသော လူငယ်လေးတစ်ယောက်သည် သူ၏ကံမကောင်းခြင်းများအတွက် ဗေဒင်ဆရာထံသို့သွားရောက်ကာ ယတြာပြုလုပ်ဖို့ရန်အတွက် လိုအပ်သည်များသိရှိနိုင်ရန် ဗေဒင်ဆရာထံသို့ သွားရောက်ကာ နားပူနားဆာသွားလုပ်ပါတော့သည်။ဗေဒင်ဆရာကလည်း သူတို့တတ်အပ်သော အတတ်ပညာများဖြင့် ဒုက္ခရောက်နေသော လူငယ်လေးအားကူညီနိုင်ရန် စတင်ဆောင်ရွက်ပါတော့သည်။ထိုလူငယ်လေး လာရောက်ခြင်းမှာ အခုတစ်လောသူသည် ကံမကောင်းခြင်းများဆက်တိုက်ဆိုသလိုတွေ့ကြုံနေရသောကြောင့် ဖြစ်ပါသည်။လူငယ်လေးသည် ဘယ်လောက်တောင်မှ ကံဆိုးနေသလဲဆိုလျှင် ဗေဒင်ဆရာထံသို့ လာသောလမ်းတွင်ပင် လိုင်းကားပေါ်ဝယ် ခါးပိုက်နှိုက်၏ လက်ချက်ဖြင့် ပိုက်ဆံအိတ်လည်း ပါသွားခဲ့ရပြန်ပါသည်။

Wait-and-See-in-Iowa1.jpg

Image Credit Source

ထိုမျှလောက်သော ကံဆိုးသော အချိန်အခါများကို ကျော်လွန်ချင်လှသဖြင့် သူသည်ဗေဒင်ဆရာနှင့်လုံးဝမတွေ့မဖြစ်တွေ့ရမည်အခြေအနေသို့ပင်ရောက်ရှိသွားပါတော့သည်။သူကလည်းတွေ့ချင်ဇောတွေများနေခဲ့လို့ထင်ပါသည် ဗေဒင်လာမေးသူများဖြင့် တစ်ခန်းလုံးပြည့်နှက်နေပါတော့သည်။သူလည်းလာပြီးမှတော့ မထူးတော့ပါဘူးဆိုကာ ကျလာမည့်သူ့အလှည့်အား ထိုင်စောင့်နေပေတော့သည်။လူငယ်လည်းထိုင်စောင့်နေသည်မှာ အချိန်အတော်ကလေး ကြာသွားခဲ့ပါတော့သည်။သူလည်း စောင့်ဆိုင်းရချိန်တွေများသွားလို့ထင်ပါသည်။ခါးတွေလည်းနာလာကာ တင်ပါးများလည်း မခံနိုင်လောက်အောင်ပင်ဆာလာခဲ့ပါတော့သည်။
ထိုအခြေအနေသို့ရောက်ရှိသွားသည့်တိုင် ထိုင်စောင့်နေရသောအခါ လူငယ်လေးက သိပ်တော့စိတ်မရှည်ချင်တော့ပေ။သို့ပေမယ့်လည်း သူ၏ကံတရားအတွက် ဗေဒင်ဆရာဟောပြောမည့်အရာများကို သူအလွန်စိတ်တ၀င်စားတော့ရှိနေခဲ့ပါတော့သည်။ထို့ကြောင့်ခံစားနေရသော ဝေဒနာများကိုအတော်ပင် အောင့်အီးသည်းခံကာ စောင့်နေခဲ့ပါတော့သည်။နောက်ထပ်(၁)နာရီခန့် ထိုင်စောင့်ပြီးသောအချိန်တွင် လူငယ်လေး၏ အလှည့်သို့ကျရောက်လာပါတော့သည်။လူငယ်လေးကလည်း သူ့အလှည့်ကျရောက်လာပြီမို့ အတော်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့သည်။သူလည်းသူ့အလှည့်ရောက်ပြီမို့ ဗေဒင်ဆရာအနီးသို့သွားရောက်ကာ ကျန်ရှိနေသော ငွေစအချို့ဖြင့် ကျသင့်သောဥာဏ်ပူဇော်ခကို ဗေဒင်ဆရာရှေ့မှ ဖလားထဲသို့ထည့်ပေးလိုက်ပါတော့သည်။
ထိုသို့ဥာဏ်ပူဇော်ခရပြီးသည်နှင့် ဗေဒင်ဆရာကလည်း လူငယ်လေး၏ မွေးသက္ကရာဇ်များကို မေးကာ ၊ စာအုပ်တစ်အုပ်ပေါ်တွင် ဘောပင်များဖြင့် ဟိုခြစ်ဒီခြစ်လုပ်ကာ ခေါင်းတညိတ်ညိတ်လုပ်နေပါတော့သည်။ဗေဒင်ဆရာ၏ လုပ်ဆောင်ချက်များကိုအရိပ်တကြည့်ကြည့်ဖြင့် ကြည့်နေသော လူငယ်လေးမှာလည်း သိချင်စိတ်တွေက အထွပ်အထိပ်သို့ရောက်ရှိလာပြီဖြစ်သဖြင့် သိပ်မကြည်ချင်တော့ပေ။စိတ်ထဲမှာတော့ ဒီလူကြီးဘာတွေများတွေ့လို့ အဲလောက်တောင်ခေါင်းညိတ်နေပါလိမ့်ဟု တွေးတောကာစိတ်ထဲမကျေနပ်ချက်များပေါက်ကွဲနေပေတော့သည်။ထိုအချိန်တွင် ဗေဒင်ဆရာခေါင်းလေးတစ်ချက်ပြန်လည်မော့လာကာ လူငယ်လေးအားအတော်ပင်သနားစရာကောင်းသော လူငယ်လေးတစ်ယောက်အဖြစ်ကြည့်နေခဲ့ပါတော့သည်။ထိုအချိန်နဲ့တစ်ဆက်တည်းပင် လူငယ်လေးလေးအားပြောချလိုက်သည်မှာ လူကလေးမင်းတော်တော်ကံဆိုးနေတာဘဲ။မင်းအခုလိုမျိုးကံဆိုးခြင်းထက်ပိုဆိုးသော ကံဆိုးခြင်းများထပ်မံရောက်လာပါလိမ့်မည်ဟု ပြောချလိုက်ပါတော့သည်။သေချာတာကတော့ မင်းရေဘေးသင့်လိမ့်ဟု ပြောပြလိုက်သောအခါ လူငယ်လေးမှာ အတော်ပင်အံ့သြသွားခဲ့ပါတော့သည်။လူငယ်လေးအံ့သြသည်က သူတို့မြို့အနေအထားနဲ့ ရေဘေးသင့်မည်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမို့။လူငယ်လေးသည် ကံဆိုးလှသဖြင့် အားကိုးရှာကာလာခဲ့သော်လည်း ဗေဒင်ဆရာက ဖြစ်နိုင်ခြေမရှိသည်များကို ဟောပြောရမလားဟုဆိုကာ ယတြာပင်ပြုလုပ်လိုကြောင်း မပြောတော့ဘဲ ဟောပြောချက်ပြီးသည်နှင့်ထိုအိမ်မှ ထွက်လာခဲ့ပါတော့သည်။

images.jpg

Image Credit Source

လူငယ်လေးက ဒေါသထွက်ပြီးလျှောက်လာလိုက်တာ လမ်းဘေးရေအိုင်ကလေးတစ်ခုအားတွေ့မှ သူ့ကိုယ်သူပြန်လည် သုံးသပ်ကာနေမိပါတော့သည်။ထိုအချိန်တွင်သူသည် ဗေဒင်ဆရာပြောသော ရေဘေးသင့်မည့်အကြောင်းကိုတွေးကာ ထိုရေအိုင်လေးအားပိုမိုစိတ်ဝင်စားကာ ရေစပ်နားသို့ပင်ရောက်ရှိသွားပါတော့သည်။သူကလည်း ဗေဒင်ဆရာပြောစကားများကို ကြားယောင်ကာ ပြုံးစိစိဖြင့် တစ်ခုခုအားပြုလုပ်ရန်ဆုံးဖြတ်လိုက်ပါတော့သည်။သူသည်ထိုရေအိုင်လေးအား ခြေထောက်ဖြင့်စမ်း၍ဆင်းကြည့်သည် ရေကခြေမျက်စိမြှပ်ရုံလောက်သာ ရှိသဖြင့် သူကပိုမိုရယ်ချင်သွားကာ ခုန်ပေါက်ပျော်မြူးနေပါတော့သည်။

cartoon-dance1.jpg

Image Credit Source

လူငယ်လေးသည် အချိန်မည်မျှထိခုန်ပေါက်ပျော်မြူးနေသည်မသိတော့ပါ။ဘေးနားမှ အမျိုးသားတစ်ယောက်အသံကြားမှ သူလည်းဘေးပတ်ဝန်းကျင်အားပြန်လည် မော့ကြည့်လိုက်ပေတော့သည်။ဘာလဲဆိုသောအဓိပ္ပာယ်ရသောအကြည့်မျိုးဖြင့် ၊ ထိုအမျိုးသားမှမင်းဘာကြောင့် လမ်းဘေးကရေအိုင်မှာ ခုန်ပေါက်ပျော်မြူးနေရတာလဲဟုမေးမြန်းလာသည်ကိုပင် ခင်ဗျားပိုင်သောလမ်းမို့လား ၊ ရေအိုင်မို့လို့လားဟု ပြန်ဖြေလိုက်ပါတော့သည်။ထိုအချိန်တွင် ၄င်းအမျိုးသားက သူဝတ်ဆင်ထားသော အ၀တ်အစားများကိုလက်ညှိုးထိုးကာ ပြလိုက်ရပါတော့သည်။အမျိုးသား၏ ၀တ်ဆင်ထားသော အ၀တ်အစားများကို မြင်လိုက်ချိန်တွင် အ၀တ်အစားများသည် လူငယ်လေးခုန်ပေါက်လိုက်သော ရေအိုင်ထဲမှ စင်လာသော ဗွက်များဖြင့်အကုန်ပေကျံနေပါတော့သည်။လူငယ်လေးထိုမြင်ကွင်းကို အံ့သြနေချိန်တွင် ရောက်ရှိလာသောအမျိုးသားက လူငယ်လေး၏မျက်နှာအား လက်သီးဖြင့်အသားကုန်တစ်ချက်နှစ်ချက်ထိုးလိုက်ပါတော့သည်။လူငယ်လေးမှာလည်း အတော်ပင်မအီမလည်ခံစားသွားရကာ ဗေဒင်ဆရာ၏ ရေဘေးသင့်မည်ဆိုသော အဟောကိုယုံကြည်သွားပါတော့သည်။
ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ လူသားများသည်လည်း ထို့သို့အကြောင်းအရာများရှိခဲ့ကြလို့ထင်ပါသည်။ဗေဒင်ဆရာများ၏ ဟောပြချက်များကို အတော်ပင်တစ်သွေမတိမ်းလိုက်နာနေကြပေတော့ပါသည်။ကျွန်တော်ကတော့ သူ့တို့တွေဘယ်လိုပင်ပြောပြော ယုံကြည်မှုတစ်စက်ကလေးပင်မရှိပါ။မိမိပြုလုပ်လိုက်သော အကြောင်းတရားအတိုင်းသာ အကျိုးခံစားခွင့်ရရှိပေလိမ့်မည်ဟု ယုံကြည်မိသောကြောင့် ဗေဒင်ဆရာများအား လုံးဝယုံကြည်ခြင်းမရှိပါဟုပြောကြားရင်း အစွမ်းထက်သော ဗေဒင်မိန့်ခွန်းများကို ခေတ္တနိဂုံးချုပ်ပါရစေ။
ဤလူငယ်လေး၏ အဖြစ်အပျက်အားကျွန်တော် ကြည့်ခဲ့ဖူးသော အိန္ဒိယဇာတ်ကားတစ်ခုမှ ဇာတ်ဝင်ခန်းအား ပြန်လည်မြင်ယောင်ကာ အခြေခံ၍ဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။
စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ Steemit တွင် အောင်မြင်နိုင်သော သူများဖြစ်နိုင်ကြပါစေ။

Writter theinzawlin@theinzawlin
MSC - 128

အစွမ်းထက်သော ဗေဒင်မိန့်ခွန်းများ | Ecency