အစွဲ

Words
58
Reading
1 min
Listen
Play
8y

အလုပ်တစ်ခု လုပ်မယ်ကြံတိုင်း
ကံကြမ္မာကို ရိုးမယ်ဖွဲ့ကာ
မျက်စိစုံမှိတ် ရွေးချယ်လိုက်တော့
အတွေးထဲကို ဝင်လာသည်က
ပြဿဒါးလား ရက်ရာဇာလား
ခေတ်ကာလနဲ့ တိုးတက်နေသော
ကမ္ဘာကြီးမှာ အယူသီးကာ
အစွဲကြီးတာ မကောင်းမှန်းလည်း
သိပါရက်နဲ့ ဆုတောင်းမိတာ
အလီလီအခါခါ လွှဲပါစေဟေ့
ဝေးပါစေဟေ့ ပြဿဒါးဆို
ရှောင်ပါရစေ
ကြိုတင်ကာထား ပြင်ဆင်ထားခြင်း
မရှိပါဘဲ လုပ်မိကာမှ
ဇာတာဘယ်လောက် ကောင်းနေကြောင်းကို
ကံစမ်းကာဖြင့် အာရုံတစ်ချက်
ရောက်သွားသည်က နံရံထက်က
နေ့ရက်များဆီ ရင်မှာတလှပ်
မကြည့်ရဲလည်း လှမ်းကြည့်မိတော့
အကြိုက်ဆန္ဒဖြစ်လို့သွားသည်
ရှောင်ကွင်းကာသွား ပြဿဒါးရက်ကို
ရက်ရာဇာလည်း မဟုတ်ပြန်တော့
အတွေးစိတ်ထဲ အူးမြူးသွားတော့
ပြုံးကာမှတ်ချက် ချမိသည်က
အစွဲကြီးတဲ့ ငါပါတကား။

2018March_zodiac.jpg
Credit - Image - Source

Writter theinzawlin@theinzawlin
MSC - 128

အစွဲ | Ecency