တော်ဝင်ပန်း

Words
19
Reading
1 min
Listen
Play
8y

image
Source:pixabay.com

တော်ဝင်ပန်းမို့
အနေမပျက်စေလို
လက်လှမ်းမခူးရက်

ပင်မြင့်ထက်မှာ
စံမြန်းလေကွဲ့
စေတနာနဲ့
အလှသက်သက်
ကြည့်ခဲ့ လှည့်ထွက်။

တကျော့ပြန်လမ်း
လှမ်းကြည့်မိတော့
ကမ်းလက်မဲ့လို့

အိုမင်းနွမ်းဖက်
ပင်ယံထက်မှာ
ရှိဆဲပါလား …. ပန်းတော်ဝင်။

thazinmoe@thazinmoe

တော်ဝင်ပန်း | Ecency