ညေး မင်းလူသတ်ဖူးလား
ဒီလူကိုကျနော်မကြည်တာအတော်ကြာပီ
မကြည်ဆို admin မတ်မတ်ကြည်ကိုပြောတာဟုဘူးနော်
လူတစ်ယောက်ကိုကြည့်မရတာ အမြင်ကပ်တာပြောတာ
အတော်ကို ကျနော်သူ့ကို ကြည့်မရတာဗျာ
ကြည့်မရဆို ဒီလို့ဗျ
ကျနော်ဆိုတဲ့ကောင်ကလည်း ဇတ်တူသားချင်းစားတတ်တာမျိုး၊ တမှုးပိုရှုပီးဖင်ခေါင်းကျယ်တာမျိုးကို ကိုယ့်ထမင်းကိုယ်စားပီး ကြည့်မရတာဗျ။
ဇတ်တူသားချင်းစားဆိုလို့ ဟိုလို ဇတ်တူသားစားတာပြောတာမဟုတ်ဘူးနော် အလုပ်သမားအချင်းချင်း ခေါင်းပုံဖြတ်တာတို့ကိုပြောတာ။
ထားပါတော့ သူကိုကြည့်မရတဲ့အကြောင်းရင်းက
ဒီလိုဗျာ ကျနော်တို့ ဘီအီးကို အကြွေးသောက်တာချင်းအတူတူ သူက အလကားရတဲ့ လဖက်ကို ကျနော်က ငါးခါပဲတောင်းတယ်ဗျာ
သူက ခွန်နှစ်ခါတောင် တောင်းတယ်ဗျာ။
ဒါလုပ်စရာလားလေ နှစ်ခါကြီးများတောင် ပိုတယ်ဗျာ။
တကယ် ဆိုင်ရှင်ကိုကော စားပွဲထိုးတွေကိုတေကော အားမနာဘူး။
တမှုးပိုရှုတယ်ဆိုတာ အဲ့ဒါ... အဲ့ဒါ။
အားမနာတတ်ဘူး။
ဘယ်နှယ်ဗျာ နှစ်ခါတောင်ပိုတယ် ပြောရင်း ဒေါသတောင်ထွက်တယ်။
ဒါက အကင်းရှိသေးတာ ပိုကြည့်မရတာ တခုသေး။
သူပုံစံက အရပ် 5 ပေ 10 လက်မလောက်ရှိတယ် လူက လည်းအလုံးအထည်ကောင်းတယ်။
နာမည်သာကြည့်တော့ သူ့ဗလကြီးလို့ခေါ်ကြတာပဲမောင်ရေ။
တကယ်ဗလကြီးပဲ မသိရင်တော့ ကြောက်စရာကြီးရယ်။ ခြေတံရှည် လက်တံရှည်နဲ့ လက်ဝှေ့ထိုးဖို့ကောင်းတဲ့ပုံစံပဲ။
သူက မှုးလာရင် အချင်းချင်း ရစ်တော့တာပဲ။
သူက မှုးတိုင်းမေးတဲ့မေးခွန်းကြည့်အုံးလေ ``ညေး မင်းလူသတ်ဖူးလား ငါသတ်ဖူးတယ် ဟျောင့်´´တဲ့လေ။
ကျနော် ဘာပြောရမှန်းမသိတော့ဘူးလေ။
ကျနော် ပြန်မပြောနိုင်လိုသာ အံကြိတ်ခံနေတာ ဒီကောင့်ကို သိပ်ကျေနပ်တာမဟုတ်ဘူးရယ်။
ပြန်မဖြေနိုင်လို့နဲ့ ရှိန်နေလို့သာ အသာလေး ငြိမ်နေတာ နို့မို့ကတော့ ကောက်ရိုးက ဦးချိုးပီးသားပဲ။
ကောက်ရိုးဆိုတာကလည်း အချဉ်မှမဟုတ်တာ 16နှစ်ကတည်းက လက်ထိပ်နဲ့ရင်းနှီးလာတာ။
ကောက်ရိုးအထင်တော့မကြီးနဲ့မောင်ရေ သူငယ်ချင်းကရဲလေ နှစ်ယောက်သားတောင်ပေါ်တတ်ရင်း အရေးကြီးလို့သွားဦးမယ်ဆိုပီး တောင်တဝက်က တိုင်မှာ လက်ထိပ်ခက်သွားပီးပြန်ဆင်းသွားတာ
ကျနော့်မှာဗျာ အင်္ကျီလေးချွတ်ပီး အုပ်ထားရတာပ။
ဒါတောင် တောင်ပေါ်တတ်လာတော့တွေ့တဲ့ကောင်မလေးတေကပြောသေး ဟယ် ကောင်လေးက ချောချောလေး ဘာမှုလဲမသိဘူး´´ ဘေးက သူဘဲကပြောတာပေါ့ နှုတ်ခမ်းကြီးဆူပီးမုဒိမ်းမှုဖြစ်မှာပေါ့´´
တဲ့လေ။
ဘာပြန်ပြောသွားတယ်မှတ်လည်း ကောင်မလေးက ပြောပါဘူး
နောက်ပို့တေကျ တွေ့မယ်လေ ကျနော်နဲ့လက်ထိပ် ဟိုလက်ထိပ်ခတ်သွားတဲ့ကောင်စုတ်က ငါးနာရီကြာမှပြန်လာတယ်။
အမလေး သော့ကမရှိဘူးဆိုပီးကြေးနန်းကြိုးနဲ့ ဖွင့်ပေးတယ်ဗျာ။ စိတ်နာစရာများ စကိုင်ကတည်းကမရှိတာတဲ့။ ကို့ယ်မှာ မျောက်လိုပဲ ကြိုးနဲ့ချည်ပြခံရသလိုပဲ တော်သေးအဲ့ခေတ်က ဖုန်းတေမပေါလို့ပ။ မီးမတေ မလွယ်ဘူးနော် အဲ့ကတည်းက အတော်ခံရတာ။
ထားပါတော့ ကောက်ရိုးက အဲ့ကတည်းက လက်ထိပ် skill ရှိဖူးတာ။
နောက်တော့ သူငယ်ချင်းတွေလက်ထိပ်လာခတ်လာခတ် အေးဆေးပဲ။
နောက် skill တခုက အချုပ်ခန်းဝင်ရသော skill ပဲ။ အသက်က 17 လောက်ရှိမယ်ထင်တာပဲ။
အမှုက အတော်ထူးဆန်းတယ်။
ကောက်ရိုးက အိမ်မှမအိပ်ပဲ သူငယ်ချင်းဆီသွားအိပ်မယ်ဆို
mmk ၃၀၀ရတယ်လေ ဘာလို့ဆို မနက်ကျ ထမင်းစားဖို့ဆို အမေက ပေးတာလေ။
ဖြစ်ချင်တော့ ကောက်ရိုးက အဲ့ mmk ၃၀၀ ကို အရက်သောက်မိရော။
ဒါနဲ့အိပ်စရာ နေရာမရှိတာနဲ့ အဲ့တုန်းကအပေါင်းဆုံးသူငယ်ချင်းတွေရှိသော
အမှတ် 2 ရဲစခန်းထဲ ကျော်ဝင်လာပီးတော့ လူပျိုဆောင်မှာ သူငယ်ချင်းနေရာကို ဝင်ပီး သူ့စောင်ခြုံ အိပ်ပါလေရော။
အွန်း ခက်တာက တဆောင်လုံးလူကြီးလမ်းကြောင်းဆိုလားသွားတော့ တပ်ကြပ်ကြီးက အိပ်နေတဲ့ကောင်တွေ့တာနဲ့ဆော်ရင်း
ကျနော် စခန်းထဲ ခိုးဝင်မှုဆိုပီး လူပျိုဆောင်တတ်ခိုးမှုဆိုပီး
အချုပ်ထဲစရောက်ရတာပေါ့ဗျာ
အမှန်တကယ် စခန်းမှုးကော တပ်ကြပ်တေကော အားလုံးက ကျနော့ကို သိပါတယ်။
နောက် မလုပ်ရဲအောင် ဝိုင်းစကြတာပေါ့။ မနက်ကျ ပြန်ထုတ်ပေးပါတယ်။
ကျနော်ဝင်အိပ်တဲ့နေရာက ရဲတပ်သားလေးကတော့ အခုစခန်းမှုးဖြစ်နေပီ။ ဒါမယ့် ထုံးစံအတိုင်းပေါ့ မကြာခဏပြောင်းတော့ ဘယ်ရောက်သွားမှန်း အဆက်အသွယ်မရတော့ဘူး။
ပြောခဲ့ပီးပီပဲပေါ့ ကောက်ရိုးက အဲ့လို ငယ်ငယ်ကတည်းက အချုပ်ခန်းထဲဝင်ဖူးတဲ့ skill ရှိတယ်။
တရားရုံးအချုပ်ခန်း
နောက် ထောင်7ရက် skill တွေ ရှိတယ်။ (နောက်များမှ အလွဲများရေးပါဦးမယ်)
မိုက်ဂုဏ်လေးရှိတယ်လေ။
အဲ့လို အတော်ကြမ်းကြမ်းရမ်းရမ်းမိုက်ဂုဏ်ရှိသော ကောက်ရိုးထိုင်သောဆိုင်မယ်
ဗလကြီးက မင်းလူသတ်ဖူးလား ဆိုသောစကားက အင်မတန် အနှောက်အယှက်ဖြစ်တယ်။
ဗလကြီးကိုဖြိုချင်နေတာကြာပီလေ။
လူသတ်ဖူးလားဆိုသောစကားနဲ့ ကောက်ရိုးရဲ့ မိုက်ဂုဏ်ကိုစော်ကားနေသယောင်ယောင်။
ကောက်ရိုးကြည့်သလောက် သူသည် ထောင်တွင်းအတွေ့အကြုံမရှိပါ။
ကောက်ရိုး နေခဲ့ရသော ၇ရက်တာအကြောင်းစကားစသော် သူမသိပေ။
လူသတ်ပီး ထောင်မကျဘူးလားပေါ့။
ကောက်ရိုး စဉ်းစားစရာဖြစ်ပီ။
ထိုနေ့က သူလည်း လွန်လွန်ကြူးကြူး ဘီးအီး နှစ်လုံးချင်း အကြွေးမှတ်တာချင်းတူတူ
သူက ကောက်ရိုး လဖက် ငါးခါပဲ ပြန်တောင်းပေမယ့် သူက ၈ခါ အထိတောင်းလာတော့ ကောက်ရိုး အတော်စိတ်ဆိုးသွားတယ်။
ကောက်ရိုး အားနာတတ်တယ်။ ကြည့်နေတာကြာပီ ဒါနဲ့နောက်ဆုံး သည်းမခံတော့ဘူး။
ဟေ့ကောင် ဗလကြီး မင်း လွန်လာပီ လူသတ်ဖူးတယ် ဆိုတာ ဘာလဲကွ။
ဟေ့ကောင် ကောက်ရိုး မင်းမယုံရင် ငါ့မိန်းမ မေးကြည့်ပါ့လား။ နောက်ကိုယ်ဝန် သုံးခါတောင်
ဖျတ်ချရတယ်ကွ။ မင်းမယုံအိမ်လိုက်မေး။ အဆင်မပြေလို့ ဖျက်ချရတာ ငါ့မိန်းမများ သေမလိုပဲ။ ငါလောက်မင်းတို့ အဆင်မပြေလို့ ဆုံးဖြတ်ရဲလားကွာ။ ပထမနှစ်ခါက ငါမသိဘူး မိန်းမဖာသာလုပ်နေတာ မကျဘူးလေ။
ငါလည်းစာနည်းနည်းတတ်ပါတယ်ကွ လုပ်မိပီးမှ မလွယ်တော့ဘူး။ မွေးလာရင် အဂါင်္မစုံ ဖြစ်ဖို့များနေပီ။ မိန်းမလည်း အရမ်း လုပ်မိနေပီ။
နောက်ဆုံး ငါကိုယ်တိုင်ငွေပေးပီး သေချာလိုက်ရှာအပ်ပီး လုပ်ခဲ့ရတာပါ။
ငါက လူသတ်ကောင်ပါကွာ။
ငါ့ကလေးကို ငါ လက်မခံခဲ့တဲ့ကောင်ပါကွာဆိုပီး။
ဟုတ် ဗလကြီးက လူသတ်ဖူးတယ်။
ကျနော့ရင်ဘက်ထဲမှာလည်းငိုဖူးတယ်။
ကျနော်လည်း ရောငိုတယ်။
သူ့ခေါင်းလေးပွတ်ပီးပေါ့။
သိတယ်မဟုတ်လား အရက်သမားတွေ မျက်ရည်လွယ်တယ်။
MSC 005
That ko zaw