EPL Week 2 ၏ ပွဲကျန် ၁ ပွဲ ဖြစ်သည့် Aston Villa vs Arsenal ပွဲစဉ်သည်လည်း ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ Arsenal အသင်းက ၀-၁ ဖြင့် အနိုင်ရသွားခဲ့၏။ ၂ ပွဲကစားပြီး ၂ ပွဲလုံး အနိုင်ရသွား၏။ Week 2 အပြီးမှာ ၂ ပွဲလုံး နိုင်ထားသည့်အသင်းက Man City, Arsenal, Hull City နှင့် Chelsea အသင်းတို့သာ ရှိတော့၏။ ကိုယ်တွေ United ကတော့ ၁ ပွဲ နိုင်၊ ၁ ပွဲ ရှုံးနဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေ၏။
ဒီနေ့က Bruno Fernandes အကြောင်း ပြောချင်သောကြောင့် ဖြစ်၏။ Week 2 Ipswich နဲ့ ပွဲမှာ Hat-trick သွင်းယူနိုင်ခဲ့၏။ ယခု Hat-trick က သူ့ရဲ့ ဒုတိယကြိမ်မြောက် Hat-trick ဖြစ်၏။ ပထမကြိမ်က ၂၀၂၁ ဩဂုတ်လ ၁၄ ရက်နေ့က Leeds ကို ၅-၁ ဖြင့် အနိုင်ရသည့် ပွဲမှာ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်၏။
ပြီးခဲ့သော ရာသီမှာ ဂိုးဖန်တီးပေးမှု အကြိမ်ရေ အများဆုံး စံချိန်ကို ရယူနိုင်ခဲ့၏။ ထို စံချိန်နဲ့ ပတ်သက်ပြီး ဂန္တဝင် ကစားသမား Kane ၏ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရသေး၏။ ခုတော့ ပြန်အဆင်ပြေသွားခဲ့ကြပါပြီ။ စံချိန်ရဖို့ ဂိုးသွင်းလို့ရမယ့်ဟာ မသွင်းဘဲ ဖန်တီးဖို့ပဲ လုပ်နေမှာလားဆိုပြီးတော့ အပြောခံခဲ့ရခြင်း ဖြစ်၏။ နားလည်မှု အလွဲလေးတွေကြောင့်ရယ်သာ။
နို့ပေမဲ့ Bruno က Hat-trick တွေ ထသွင်းပြနေတော့ ရုတ်တရက် ရွဲ့များ ရွဲ့နေတာလားပေါ့။ ကိုယ်တိုင် ဂိုးသွင်းပေမဲ့ သူ့ရဲ့ icon ဖြစ်တဲ့ ဂိုးဖန်တီးမှုလည်း လုပ်ဆောင်ခဲ့ပါသေး၏။ Mbeumo သွင်းယူခဲ့သည့် ဂိုးကို Bruno ဖန်တီးပေးခဲ့ခြင်း ဖြစ်၏။
၂၀၁၉/၂၀ မှာ United ကို Sporting CP ကနေ ပြောင်းရွှေ့ ရောက်ရှိလာခဲ့၏။ စရောက်ကတည်းက Bruno ၏ စွမ်းဆောင်ရည် ကျဆင်းသွားသည့် နှစ်ဆိုပြီး တနှစ်မှကို မတွေ့ရသေးပေ။ United အတွက်ကော၊ သူ့ အတွက်ကော ခြေစွမ်းကောင်း၊ ပုံစံကောင်း တခုကို အချိန် အကြာကြီး ထိန်းထားနိုင်၏။ ချီးကျူးချင်စရာပင်။ Bruno အတွက် United မှာ အောင်မြင်မှုရယ်လို့ FA နဲ့ EFL Carabao Cup အောင်မြင်မှုသာ ရှိနေသေး၏။
Kane & Wayne တို့ ခေတ်အလွန်မှာ United ရဲ့ ခေါင်းဆောင်ကွဟု ဂုဏ်ယူဝံ့ကြွားလို့ရနေခြင်းကိုပဲ Bruno အတွက် အားတခု ဖြစ်မယ် ထင်ပါရဲ့။
(photos from EPL page)