ဒီလိုနဲ့ ညနေဖက်တိုင်း သူ့အိမ်ရှေ့ လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်ဆိုသလိုပဲ စက်ဘီးတစ်စီးနဲ့ ခေါက်တုံ့ခေါက်ပြန် ဖြတ်ပြီး သီချင်းလေးပဲဆိုပြရတာပေါ့… အဲ့လို ဖြတ်သွားဖြတ်လာလုပ်တိုင်းလည်း ဆိုနေကြ သီချင်းက ၃ ပုဒ်ပဲ ရှိတယ်။ နောက် ဘယ်လိုဖြစ်လဲဆိုတော့ အဲ့သီချင်း ၃ပုဒ်ကြားရင်ကို ကျွန်တော် သူတို့ အိမ်ရှေ့ ဖြတ်လျှောက်နေပြီဆိုတာ သူ့အိမ်ကပါ ရိပ်မိတဲ့အထိပဲ…။