အဖေ့ရဲ့ အလင်းရောင်ခြည်

Words
537
Reading
3 min
9y
Listen to this post
~4 min

"အဖေ့ရဲ့ အလင်းရောင်ခြည်" (ယခင်အပတ်မှအဆက်)

ယခင်အပတ်မှ https://steemit.com/myanmar/@tharpauk/aepayae-alngeyaangyakhny

ဒီနေ့ ဦးသိန်းမောင်တစ်ယောက် ညကအလုပ်ပြန်နောက်ကျတဲ့အတွက် အိပ်ယာထနောက်ကျပြီး ဆိုက္ကားဂိတ်ကို နောက်ကျမှရောက်လာပါတယ်။
“ဗျို့ ကိုသိန်းမောင် ဒီနေ့နောက်ကျလှချည်လားဗျ”
“ဟုတ်တယ်ဗျာ ညကနောက်ကျမှအိပ်တော့ မနက်မထနိုင်လို့ပါဗျာ”
“ခင်ဗျားလဲ အလုပ်တွေတအားလုပ်တယ်နော် ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်ဦး အသက်ကမငယ်တော့ဘူး”
“’ဒါနဲ့ ခင်ဗျားသားလင်းဖေကို ကားမှတ်တိုင်မှာ ကောင်းမလေးတစ်ယောက်က ကားတစ်စီးပေါ် လက်ဆွဲပြီး ခေါ်သွားတာတွေ့လိုက်တယ်ဗျ”
“ခင်ဗျား မျက်စိမှားတာနေမှာပါဗျာ ကျုပ်သားမှာ အဲလိုအပေါင်းအသင်းမရှိလောက်ပါဘူး”
“ခင်ဗျားကသာ မရှိဘူးပြောတာ ဟိုမှာ ကောင်မလေးက လက်ကိုအတင်းဆွဲခေါ်တော့ ခင်ဗျားသားပါသွားတာကို ကျုပ်ကိုယ်တိုင်မြင်ခဲ့တာ မမှားပါဘူးဗျာ ကိုယ့်သားကိုလဲမေးကြည့်ပါဦး”
“ဟုတ်ရဲ့လားဗျာ အဲဒါဆိုလည်း အိမ်ရောက်မှမေးကြည့်ရဦးမယ်” ဦးသိန်းမောင်တစ်ယောက် ကြားလိုက်ရတဲ့စကားကြောင့် နည်းနည်းအံ့သြသွားပါတယ်။ သူ့သားတွင် အဲလိုအပေါင်းအသင်းမျိုးရှိတယ်လို့ပြောသံမကြားဘူးပါ။ဧကန္တ သားလေးရဲ့ချစ်သူများလားဟု အတွေးသံသယတွေဝင်နေပါတယ်။
images (6).jpg

ညနေ လင်းဖေကျောင်းကပြန်လာတော့ သူ့အဖေ ဒီနေ့အစောပြန်လာတာကိုအံ့သြစွားတွေ့လိုက်ရပါတယ်။ အရင်ရက်များဆို အဖေသည် ၉နာရီဝန်းကျင်မှ ပြန်လာတတ်တာမျိုးပါ။
“အဖေ ဒီနေ့စောလှချည်လား ဘာဖြစ်လို့လဲ နေမကောင်းလို့လား”
“မဟုတ်းပါဘူးကွာ သားကိုအဖေမေးစရာရှိလို့ စောင့်နေတာပါ”
“ဘာမေးမလို့လဲအဖေ မေးလေ”
“အေး မနက်က မင်းကို ကောင်းမလေးတစ်ယောက်က လက်ဆွဲပြီး ကားပေါ်ပါသွားတာတွေ့လိုက်တယ်တဲ့ အဲဒါသိချင်လို့ပါ”
“အော် အဲဒါလား သားတို့အတန်းထဲက သူငယ်ချင်းပါ မနက်က သားကားမှတ်တိုင်မှာ စောင့်နေတုန်း လမ်းကြုံလို့ အတင်းဆွဲခေါ်တာ မလိုက်ပါဘူးပြောလဲ မရလို့ လိုက်သွားရတာပါ ဘာမှမဟုတ်ပါဘူး”
“အဲဒါဆို သူငယ်ချင်းတွေလို့ပြောတာလား”
“ဟုတ်ပါတယ် သူငယ်ချင်းပါ”
“သူငယ်ချင်းဆိုပြီးတာပါဘဲ အဖေက သားကျောင်းမပြီးခင်မှာ လမ်းကြောင်းမှားမှာစိုးလို့သတိပေးတာပါ သားကိုမယုံလို့မဟုတ်ပါဘူး၊ အဖေတို့အခြေအနေကိုသားလဲသိသားဘဲ သားဟာအဖေ့ရဲ့မျော်လင့်ချက်ရောင်ခြည်လေးပါ ၊အဖေ့ရဲ့ ရောင်ခြည်လေး အချိန်မတိုင်ခင် အမှောင်မဖုံးစေချင်လို့ပါ”
“သားနားလည်ပါတယ်အဖေ အဖေရဲ့မျော်လင့်ချက်ကိုသားမဖျက်စီးပါဘူး ကတိပေးပါတယ်”
ဒီလိုနှင့် လင်းဖေလဲ ၀တီနှင့်ခပ်တန်းတန်းသာနေခဲ့ပါသည်။ဖခင်၏ဖြစ်စေချင်သော ပညာတတ်ဖြစ်စေရန် အပင်ပန်းခံ ကျောင်းထားပေးခြင်းကို အလဟသမဖြစ်စေလိုပါ။တစ်ခါတစ်လေတော့လဲ လင်းဖေတစ်ယောက် လူငယ်ပီပီ တစ်ခြားသောကျောင်းသားများလိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေချင်မိပါသည်။ဒီလိုနှင့် လင်းဖေအတွက်တော့ တက္ကသိုလ်ကို တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးရင်း ရိုးရှင်းစွာဖြတ်သန်းခဲ့ပါသည်။
တစ်နေ့ လင်းဖေတစ်ယောက် ကျောင်းသို့လာရင်း အခန်းအ၀င်ဝတွင် ၀တီနှင့်ဆုံမိပြီး
“ဟဲ့ လင်းဖေ လာပြီလား”
“အေး”
“အတန်းမစသေးလို့ ငါတို့ကန်တင်းဘက်သွားမလို့ လိုက်ခဲ့ပါလား”
“ငါမလိုက်တော့ပါဘူးဟာ နင်တို့ဘဲသွားကြပါ”
“လင်းဖေ နင်အမြဲတမ်း ငါတို့ခေါ်တိုင်းမလိုက်ဘူးနော် ဒီတစ်ခါတော့လိုက်ခဲ့ပါဟာ ငါတို့ကျွေးမှာပါ၊” “ဟုတ်သားဘဲ လင်းဖေရယ် မိန်းကလေးကဒီလောက်ခေါ်နေတာ အားနာဖို့ကောင်းပါတယ် လိုက်ခဲ့လိုက်ပါ”ဟု ၀တီ၏သူငယ်ချင်းများကပါ ၀ိုင်း၍ပြောကြလေသည်။လင်းဖေလဲ မတတ်သာဘဲ လိုက်ခဲ့ရလေသည်။ ကန်တင်းရောက်တော့လဲ အခြားသူငယ်ချင်းများမှ သွားစရာရှိဟုဆိုကာ သူတို့၂ယောက်အား ထားခဲ့ကြပါသည်။ လင်းဖေ ၀တီကသူ့အပေါ်တွင် အလေးပေးဆက်ဆံနေသည်ကို သူသတိထားမိပါသည်။ဒါပေမယ့် သူ့အခြေအနေနှင့် ၀တီတို့အခြေအနေမှာကွာခြားသလို ဖခင်၏ရည်မှန်းချက်များကို မပျက်စီးအောင် လင်းဖေတစ်ယောက်ကင်းကင်းရှင်းရှင်းသာနေခဲ့ပါသည်။
ဒီလိုနှင့် လင်းဖေတို့ကျောင်း၌ ဂျပန်ကုမ္ပဏီတစ်ခုမှ ပညာသင်ဆုပေးမည်ဟု ကြေငြာခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသားများသည် ပညာသင်ဆုလျှောက်ရန် ကိုယ်စီကိုယ်စီပြင်ဆင်ကြရာ လင်းဖေတစ်ယောက်လဲ ပါဝင်ခဲ့ပါသည်။ဒီပညာသင်ဆုရလျှင် လင်းဖေ အဖေရဲ့ရည်မှန်းချက်ကိုဖြည့်ဆည်း နိုင်ရန်ဖြစ်သည်။
ဒီနေ့လဲ လင်းဖေ ၀တီတို့ခေါ်၍ ကန်တင်းသို့လိုက်ခဲ့ရပြန်ပါပြီ။ကန်တင်းတွင် လင်းဖေတို့ထိုင်နေချိန်
“၀တီက ဒီမှာရောက်နေတာကို ကိုယ်ကတော့ရှာလိုက်ရတာ ၀တီရယ်”
“ဟင် ကိုမင်းညို ရှင်ဘယ်ကနေရောက်လာတာလဲ”
“အော် ၀တီလေးဆီကိုလာတာပေါ့ ဒါနဲ့ ဒီကောင်ကဘယ်သူလဲ”
“အတန်းထဲက သူငယ်ချင်းပါ ဘာဖြစ်လို့တုန်း”
“သူငယ်ချင်းဆိုတော့ တော်သေးတာပေါ့ တစ်ခြားသာဆို၇င်တော့ ကိုယ့်အကြောင်းသိတယ်နော်၊မင်းကိုလဲ သတိပေးထားမယ် ၀တီနဲ့ကင်းကင်းနေပါ ၀တီးနဲ့ငါက လူကြီးချင်းသဘောတူထားတာ”
“အဲဒါ ကျွန်တော်နဲ့ဘာဆိုင်တုန်း ဘလိုင်းကြီးပါလား”
“အေး ဆိုင်မှာစိုးလို့ ကြိုပြောထားတာ”
“ကိုမင်းညို ရှင်အေးအေးဆေးဆေးပြန်ရင်ကောင်းမယ် ကျွန်မသူငယ်ချင်းတွေကို ပြဿနာမရှာပါနဲ့”
“၀တီကပြန်ဆိုတော့လဲ ကိုယ်ပြန်ပါ့မယ်၊ ဒီတစ်ပတ်ပိတ်ရက်ဝတီတို့အိမ်ကို ကိုယ်လာခဲ့မယ် ကိုယ်သွားပြီနော်”
“၀တီဘာလဲဟ အဲလူက” ၀တီ သူငယ်ချင်းမှမေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူးဟာ အလကား လူကြီးချင်းစကားပြောထားတယ်ဆိုပြီး လာလုပ်နေတယ်”
“လင်းဖေ ငါတောင်းပန်ပါတယ်ဟာ”
“ရပါတယ်”
ဒီလိုနှင့် တစ်လကြာပြီးနောက် ဒီနေ့မနက်တွင် လင်းဖေတို့ကျောင်းတွင် ပညာသင်ဆုရရှိသောစာရင်းများကို ကြေငြာထားလေသည်။ကျောင်းသားများလဲ ကြေငြာထားသောစာရင်းကို တိုးဝေ့၍ ကြည့်နေကြလေသည်။ လင်းဖေတစ်ယာက်လဲ ကြေငြာထားသောဆုရရှိသူစာ၇င်း မိမိမှပါပါ့မလားဟူသောစိတ်ဖြင့် ရင်များခုန်နေပါသည်။ လင်းဖေလဲ အခြားကျောင်းသားများလို ဆုရရှိသူများစာရင်းကို တိုးဝေ့၍ ကြည့်လိုက်ပါသည်။လင်းဖေ ဆုရရှိသောစာရင်းကို မြင်ရသောအခါ စိတ်ထဲတွင် မယုံနိုင်သလို အိပ်မက်မက်နေသလို ဖြစ်နေပြီး သေချာအောင်ထပ်ကြည့်ပြီးမှ စိတ်ထဲတွင် ၀မ်းသာပျော်ရွှင်မှုဟာ ပြောမပြနိုင်အောင်ဖြစ်ခဲ့ပြီး “ဟေး….. ငါပါတယ်ကွ” ဆိုပြီး ထအော်မိလိုက်ပါသည်။ထိုအချိန်တွင် ၀တီတို့သူငယ်ချင်းအုပ်စုလဲ ရောက်လာပြီး
“ဟယ် လင်းဖေ နင်ပညာသင်ဆုရတာ ၀မ်းသာပါတယ်”
“အေး ကျေးဇူးပါဟာ”
“လင်းဖေ ငါတို့ကို မုန့်လိုက်ကျွေး နင်ပညာသင်ဆုရတာဆိုတော့” ဆိုပြီး ၀တီတို့သူငယ်ချင်းအုပ်စု တစ်ယောက်တစ်ပေါက် ၀ိုင်း၍ပြောကြလေသည်။လင်းဖေလဲ ကျွေးချင်ပေမယ့် သူမှာပိုက်ဆံမရှိတဲ့အတွက် အခက်တွေ့နေပါတယ်။ ဒါကိုရိပ်စားမိတဲ့ ၀တီက
“ဟယ် နင်တို့ကလဲ စားမယ်ဆိုတာချည်းဘဲ တစ်ဘက်လူကိုလဲ ကြည့်ကြပါဦးဟ”
“လာ လာ ငါဘဲ လိုက်ကျွေးမယ် ဒီလောက်စားချင်နေရင် လင်းဖေနင်လဲလိုက်ခဲ့ပါ ငါကျွေးမှာပါဟ” ဒီလိုနဲ့ ကင်းတန်းကို အုပ်စုလိုက်ချီတက်ကြပါတော့တယ်။လင်းဖေတို့ ကန်တင်းထိုင်နေတုန်း
“၀တီ တို့က ဒီမှာရောက်နေကြတာကိုး ၊ အော် ဒီကောင်ပါပါတာလား ၊ဟေ့ကောင် မင်းနားမလည်ဘူးလား မင်းကိုအရင်တစ်ခါပြောထားတာ ၀တီနဲ့ ကင်းကင်းနေပါလို့”
“ကိုမင်းညို ရှင်ဘာတွေပြောနေတာလဲ လင်းဖေကကျွန်မသူငယ်ချင်းနော်”
“၀တီကသာ သူငယ်ချင်းပြောနေတာ ဟိုကောင်ဘက်က သူငယ်ချင်းမဟုတ်နိုင်လောက်ဘူး”
“ဟေ့လူ ခင်ဗျားဘာစကားပြောတာလဲ ကျုပ်တို့က ရိုးရိုးသားသားဗျ”
“ဘာရိုးရိုးသားသားလဲ ၀တီတို့ချမ်းသာတာသိလို့ ကပ်နေတာမဟုတ်လား”
“ဘာဗျ ခွပ်”
“အွန့်” လင်းဖေစိတ်တိုသွားပြီး ကိုမင်းညိုကို လက်သီးဖြင့်မျက်နှာကိုထိုးလိုက်ပါသည်။
“ကိုမင်းညိုတော်တော့ ရှင်သက်သက်မဲ့ပြဿနာလာရှာနေတာလား ရှင်ပြန်ရင်ကောင်းလိမ့်မယ်”
“အေး ၀တီမျက်နှာကြောင့် ဒီတစ်ခါမင်းသက်သာသွားတယ် နောက်တစ်ခါမင်းသတိထားနေ ကိုယ်သွားမယ်ဝတီ” မင်းညို မကျေနပ်နှင့်ထွက်သွားလိုက်ပါသည်။
“လင်းဖေ ငါတောင်းပန်ပါတယ် သူက မိဘကပိုက်ဆံရှိတယ်ဆိုပြီး လူတကာကို ပြဿနာရှာနေတာ ဘာမှကောင်းတဲ့လူမဟုတ်ဘူး ဆိုသွမ်းပေတေနေတာ” ဒီလိုနဲ့ ကင်တန်းမှာ လင်းဖေနဲ့ မင်းညို ပြဿနာဖြစ်ပြီး အတန်းဆီကိုပြန်လာခဲ့ကြပါတော့တယ်။
လင်းဖေ ဒီနေ့ အဖေစိတ်ချမ်းသာအောင် ပညာသင်ဆုရတဲ့အကြောင်း ပြောပြဖို့ရန်အိမ်ကိုမြန်မြန် ပြန်လာခဲ့ပါသည်။ ဒီနေ့မှ အဖေက တော်တော်နှင့်ပြန်မလာပါ။ည ၉နာရီလဲထိုးခါနီးပါပြီ ။ဒါနဲ့ လင်းဖေလဲ လမ်းထိပ်ဘက်ကို အဖေ့ကိုစောင့်ရန် ထွက်လာခဲ့ပါသည်။ထိုအချိန်တွင် မင်းညိုတို့အုပ်စု ဘယ်ကရောက်လာသည်မသိပါ
“ဟေ့ကောင်တွေ ဒီကောင်ပေါ့ နေ့လည်က ငါ့ကိုထိုးသွားတာ”
“’ဒီမှာ ကိုမင်းညို ကျွန်တော်အေးအေးဆေးဆေး နေပါရစေ ကိုယ့်လမ်းကိုသွားကြပါ”
“ဘာကွ အေးအေးဆေးဆေးနေချင်လို့ပါ ဟုတ်လား မင်းနေ့လည်တုန်းက ဒိလိုမဟုတ်ပါဘူး ခုမှဘာတုန်း ကြောက်နေပြီလား ဟေ့ကောင်တွေ ဒီကောင့်ကို ပညာပေးလိုက်စမ်းကွာ”
“ဟာချကွာ ခွပ် အွန့် ဒုတ် အား ခွပ် “ အများနှင့်တစ်ယောက် လင်းဖေတစ်ယောက် ပြန်လည်ခုခံရန် မလွယ်ပါ။အဲဒီအချိန်တွင် ဦးသိန်းမောင်ရောက်လာပြီး
“ဟေ့ ဟေ့ကောင်တွေ ဘာလုပ်တာတုန်း”
“ဟာ အဲအဖိုးကြီးပါချကွာ” ဒီအချိန်တွင် မင်းညိုတို့အုပ်စုမှ ဓါးဖြင့် လင်းဖေကိုထိုးမည့်အချိန်တွင်
“သား ….. “
“စွက်”
“အွန့်”
“အဖေ …..”လင်းဖေကို ထိုးမည့်ဓါးရှေ့မှ ဦးသိန်းမောင် သားကိုကာကွယ်ပေးရင်း ဓါးဖြင့်အထိုးခံလိုက်ရပါသည်။ထိုအချိန်တွင် ရပ်ကွက်ထဲမှ လူအုပ်စုရောက်လာသောကြောင့် မင်းညိုတို့အုပ်စုလဲ ထွက်ပြေးသွားပါသည်။
“အဖေ အဖေ သတိထားပါနော် အဖေအားတင်းထားပါ သားဆေးရုံပို့ပေးမယ်နော်”
“သား ဘာမှမဖြစ်ဘူးနော် အဖေအကြောင်းအဖေသိပါတယ် အဖေ မနေရတော့ဘူးဆိုတာ သိပါတယ်သားရယ်”
“အဖေ ဘာမှမဖြစ်ရဘူး ဒီနေ့ သား ပညာသင်ဆုရတယ်ဆိုတာအဖေ့ကိုပြောမလို့ စောင့်နေတာ အဖေ့ရည်မှန်းချက်တွေပြည့်တော့မှာပါအဖေရယ်”
“၀မ်းသာလိုက်တာသားရယ် အဖေပျော်လိုက်တာ အဖေရဲ့မျော်လင့်ချက် ရောင်ခြည်လေးဖြစ်အောင်သားလုပ်ပေးပါနော်”
“သားကတိပေးပါတယ် အဖေ”
“ အဖေသားကို ယုံ…..ယုံ … ယုံပါတယ်……”ဆိုပြီး ဦးသိန်းမောင်တစ်ယောက် လူကလောကကြီးကနေ အပြီးအပိုင်ထွက်ခွာသွားပါတယ်။
shutterstock_162882353.jpg

“အဖေ ……..အဖေ သားကိုတစ်ယောက်ထဲ ထားခဲ့ပြီလား အဖေရဲ့ရည်မှန်းချက်တွေပြည့်အောင်မစောင့်တော့ဘူးလား အဖေ…………” လင်းဖေတစ်ယောက် အရူးတစ်ပိုင်းလို အော်ဟစ်နေပေမယ့် သူ့ရဲ့အဖေကတော့ မကြားနိုင်တော့ပါ။လင်းဖေတစ်ယောက် မျက်ရည်များကျလာပြီး ရင်ထဲတွင် အားငယ်စိတ်များရော ၀မ်းနည်းစိတ်များပါ ဖြစ်ပေါ်လျှက်နေပါသည်။လင်းဖေဘ၀မှာ အပူအပင်မရှိအောင် ဖြည့်ဆည်းပေးခဲ့သောအဖေ၊အဖေတစ်ဘ၀လုံး လင်းဖေကိုသာ ပုံအောပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့အဖေ၊ ဘ၀တစ်လျှောက်လုံးဘယ်လောက်ပင်ပန်းပင်ပန်း ညည်းညူးခြင်းမရှိဘဲ အကောင်းဆုံးတွေကို သာပေးခဲ့တဲ့အဖေ ခုတော့ အဖေ သားရဲ့ဘ၀အလင်း ရောင်သန်းလာတာကိုတောင် မမြင်နိုင်တော့ပါ။နောက်ဆုံး လင်းဖေတစ်ယောက် စိတ်ကိုဆုံးဖြတ်လိုက်ပြီး အဖေဖြစ်စေချင်သောတတ်စေချင်သော ပညာတတ်ကြီး တစ်ယောက်ဖြစ်ရန် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်လိုက်ပါသည်။
11078009_10206518682909493_2646678107118312543_n.jpg

ဒီလိုနှင့် ၂နှစ်ကြာပြီးနောက် လင်းဖေတစ်ယောက် ဂျပန်နိုင်ငံတွင် ပညာများ သင်ကြားပြီးဆုံးပြီး အမိနိုင်ငံသို့ပြန်လာခဲ့ပါသည်။အမိနိုင်ငံပြန်ရောက်ရောက်ချင်း ငြိမ်သက်နေသော အဖေ့အုတ်ဂူရှေ့တွင်ရပ်ပြီး
“အဖေ ခုကျွန်တော် ပညာတွေသင်ပြီး ပြန်လာခဲ့ပါပြီ ၊အခုကျွန်တော် ပညာတတ်ကြီး တစ်ယောက် ဖြစ်နေပါပြီအဖေ၊ အဖေ့ရဲ့အလင်းရောင်ခြည်လေးကို ရောက်ရာဘုံဘ၀ကနေ ၀မ်းသာစွာနဲ့ ကြည့်နေပါတော့အဖေ။အဖေ့ရဲ့ မျော်လင့်ချက် အလင်းရောင်ခြည်လေးဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့ပါပြီ အဖေ…….။အဖေစိတ်ချမ်းသာစွာ နေပါတော့ အဖေရောက်ရာဘုံဘ၀မှာ ကျန်းမာပါစေ ချမ်းသာပါစေ………………….။”
အားလုံးကို ကျေးဇူးတင်ပါတယ်။
thant logo.jpg

Photo Credit: Google Image
Writer - Thant Zin Soe (tharpauk@tharpauk)
MSC 134

အဖေ့ရဲ့ အလင်းရောင်ခြည် | Ecency