💕💕 သူနဲ့ကျမှ ချစ်တတ်ပြီ 💕💕
. . . . . , . . . . . . . . . .
နှောင်း တစ်ယောက် သဘောတူလိုက်ပြီ ။ နှောင်းကို
အားလုံးက ဝိုင်းပြီး အပြစ်တင်ကြလဲ နှောင်း ခံရမှာပါပဲ ။ဘာဖြစ်လို့လဲဆိုတော့ နှောင်းက အရမ်းမိုက် ရူးရဲဆန်
နေတယ်များ ထင်နေကြမှာပေါ့ ။ မဟုတ်ပါဘူး တကယ်
တမ်းတော့ မိခင်ဖြစ်လာတဲ့ အချိန်ကျရင် သိလာကြပါလိမ့်
မယ် ။ မိခင် တစ်ယောက်ရဲ့ ခံစားချက် ။ ကိုယ့်သားသမီး
ပေါ်မှာ ထားတဲ့ မေတ္တာက အရမ်း ကြီးမားတယ် ဆိုတာ
ရင်ထဲမှာ ခံစားသိရှိရမှာပါ ။
နှောင်း ဘယ်လိုဘဲ ကြိုးစား ကြိုးစား အရာမထင်မဲ့
တူတူတော့ နှောင်းမျက်ကြည်လွှာကိုဘဲ ပေးပြီး အရာအား
လုံးရဲ့ ဝေးရာကို ဘဲ နှောင်းထွက်သွားတော့မယ် ။ တကယ်တမ်းတော့ နှောင်း စွန့်လွှတ်လိုက်ပြီ ။ စွန့်လိုက်
တယ်ဆိုတာက ဘာမျှော်လင့်ချက်မျှ မထားတာကို ပြော
တာပါ ။ တကယ်တမ်း နှောင်းအတွက် ဘာအကျိုးကိုမျှ
မမျှော်တော့ပါ ။ နှောင်း သမီးလေး ရှေ့ရေး ကောင်းစား
ဖို့ဆိုရင် ပြီးပြီ ။
အတွေးဖြင့် နှောင်းတစ်ယောက် မျက်ကြည်လွှာ လျှု
ဖို့ လူနာဝတ် အင်္ကျီ စိမ်းလေးဖြင့် အခန်းထဲသို့
ထော်လီလေးဖြင့် တွန်းကာ ရောက်ရှိလာခဲ့သည် ။
အစ်ကိုလေးက မေ့ဆေး အရှိန်ကြောင့် အိပ်ပျော်နေ
သည် ။ အစ်ကိုလေးရဲ့ မျက်နှာကို ကြည့်ကာ
' အစ်ကိုလေး သမီးလေးကို စောက်ရှောက်ပေးပါနော်
နှောင်း မရှိတော့တဲ့ အချိန်ကျရင် သမီးလေးကို နှောင်း
အစား နွေးထွေးမူတွေ ပေးပါ ။ အစ်ကိုလေးကို နှောင်း
မုန်းချင်ပေမယ့် ။ နှောင်း မမုန်းရက်ခဲ့ပါဘူး ။ နှောင်း
မချစ်လည်း မချစ်တော့ပါဘူး ။ ဒါပေမယ့် သမီးလေး
ကိုတော့ စောက်ရှောက်ပေးပါ ' တွေးနေတုန်း နှောင်းမျက်
လုံးတွေ မျက်စိဆင်းကျလာသည် ။ ကြည့်ရာတာ မေ့ဆေး
အရှိန်ကြောင့် အစွမ်းပြတယ် ထင်ပါတယ် ။ အလိုက်သင့်
လေး မျက်လွှာလေးကို မှိတ်ချလိုက်ပါသည် ။
အရာ အားလုံးရဲ့ အဆုံးသတ်က စွန့်ခွာခြင်းပါပဲ ။
မာန်တစ်ယောက် သတိရလာသည် ။ မာန်သတိရလာတဲ့
အချိန် ။ သူမျက်စိတွေ အကောင်းပကတိ ဖြစ်နေသည် ။
' သား . . သား သတိရလာပြီလားဟမ် အမေ့ကို မြင်ရ
လား . .'
' အစ်ကို . . အစ်ကို မုန်းကို မြင်ရလားဟမ်!'
' မြင် . .မြင်ရပါတယ် အမုန်း '
' ဝမ်းသာလိုက်တာ သားရယ် '
အမေက ပြောသည် ။ ကျွန်တော် မျက်စိကို ဘယ်သူလျှု
ခဲ့တာလည်း မသိ ။ ထို မျက်ကြည်လွှာပိုင်ရှင်ကို ကျွန်တော် ကျေးဇူးတင်နေမိမှာပါ ။ တစ်သက်လုံးပါ ။
မာန်တစ်ယောက် မျက်လုံးတွေ ခဏခဏ အောင့်သည်။ သူမျက်လုံးတွေ ဘာမှမဆိုင်ဘဲ ခဏခဏ
မျက်ရည်တွေ စီးကျလာတတ်သည် ။ အထူးသဖြင့်
ခဏခဏ တစ်စုံတစ်ယောက်ကို လွမ်းနေတတ်သည် ။
အထူးသဖြင့် မှန်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်
မုန်းနေတတ်သည် ။ သူမျက်နှာကို မြင်တိုင်း ကိုယ့်ကိုကိုယ် ဘာကြောင့် အဲလိုလို ပြန်မုန်းနေလည်း
မသိ ။ ငါဘာဖြစ်တာလဲပေါ့ ။ ဘာမှမဟုတ် နှောင်းရဲ့
မေတ္တာ မျက်ဝန်းရည်တွေ စူးနေတာပါ ။
အမုန်းကလေးတစ်ယောက် ကို ခေါ်မွေးစားသည် ။
ကလေးလေးကိုလည်း ဘာကြောင့်မှန်း မသိ ။ မုန်းနှောင်း
လို့ပေးသည် ။ နှောင်း ဆိုတဲ့ နမည်ကို မာန်ကြားလိုက်
ရတိုင်း နားထဲမှာ သွေးတွေ အလိုလို ယိုစီးကျလာသလို
ခံစားရသည် ။ မျက်ရည်တွေ စီးကျလာခြင်သည် ။
အဲဒီကလေးကို ကြည့်ပြီး အရမ်းလည်း ချစ်မိသည် ။
ကလေးလေးကို တစ်အိမ်လုံးက ချစ်ကြသည် ။
လနှင့် ချီကြာသွားတာတောင် နှောင်းက သူ့ကို မျက်ကြည်လွှာ လျှုခဲ့မှန်း သူမသိရှာသေးပေ ။ ဒါပေမယ့်
တစ်နေ့မှာ အိမ်ကို အမေ့အသိတစ်ယောက်ရောက်လာ
သည် ။ ဖြစ်ချင်တော့ အဲဒီအသိကပြောသည် ။
' သားလေး မာန်'
' ဟုတ် အန်တီ'
' မင်း မင်္ဂလာဆောင်တုန်းက မင်းမှတ်မိသေးလား '
' ဟုတ် မင်္ဂလဆောင်တုန်းက ဘာဖြစ်လဲအန်တီ'
' မင်း မင်္ဂလာဆောင်တုန်းက မင်းအိမ်က အိမ်ဖော်မလေး
မင်္ဂလာပွဲလာတက်ရင်း အန်တီနှင့်တွေ့တယ်'
' ဘယ်လို နှောင်း က မင်္ဂလာပွဲလာတက်ရင်း အန်တီ
နှင့် တွေ့တယ် ဟုတ်လား '
' အေး ဟုတ်တယ်ကွဲ့ . . သူက သနားပါတယ် ။
ကိုယ်ဝန်အရင့်မာကြီးနဲ့ သူ့ကြည့်ရတာ စိတ်မကောင်းနဲ့
ပုံပဲ ။ မျက်လုံးတွေလည်း ဖူးယောင်နေတယ် ။ ငိုထားတဲ့ပုံ
ပဲ ။ "
" ဗျာ . .'
' ဟုတ်တယ် နောက်ပြီး သူထွက်သွားတော့ သူ့ပစ္စည်
လေးတောင် ကျကျန်ခဲ့သေးတယ် ' ပြောပြီး
နှောင်းရဲ့ စိမ်းကြိုးရောင် လက်ကောက် အဆောင်လေး
ကို ပေးလိုက်သည် ။
ထို လက်ကောက်လေးကို တွေ့လိုက်ရတော့ ဘာကြောင့်
မှန်း မသိ ။ နှောင်း မျက်ကြည်လွှာ အစားထိုးထားသော
မာန်တစ်ယောက် အလိုလို ကို ငိုချင်လာမိသည် ။
' ဒါက နှောင်း ပစ္စည်းလား '
' ဟုတ်တယ်လေ မောင်ရင် ဘာဖြစ်လို့လဲ '
' ဘာမှမဖြစ်ပါဘူး ရုတ်တရက် ငိုချင်လာလို့ပါ'
' ဟုတ်လား '
' ဟုတ် အန်တီ'
ထိုအန်တီ ပြန်သွားတော့
'နှောင်းက မင်္ဂလာဆောင်
တောင် ရောက်လာခဲ့တယ်တဲ့ အမေ
နောက်ပြီး သူကိုယ်ဝန်ကြီးနဲ့ ရောက်လာတာတဲ့
အခုချိန်လောက်ဆို သူမွေးလောက်ပြီ အမေ
သားတို့ အမေတို့ရဲ့ ရင်သွေးလေး ။
အမေ့မြေလေး ။ နောက်ပြီး သားရဲ့ ကလေးလေး
နှောင်း မွေးပြီးလောက်ပြီ အမေ'
' ဘာ . . ဘယ်လို အစ်ကို ရဲ့ ကလေးလေး ဟုတ်လား?'
အမုန်း အနောက်ကနေ တုန်လှုပ်စွာ မေးလိုက်မိပါ
တော့သည် ။