မိုးကြိုးအန္တရာယ် သိသင့်ဖွယ်

Words
158
Reading
1 min
Listen
Play
8y

FB_IMG_1527133498554.jpg

ယခုနှစ်သည် မုတ်သုံအ၀င်နောက်ကျနေပြီး မိုးကြိုကာလ ရှည်လျားနေသဖြင့် မိုးကြိုကာလတွင် ဖြစ်ပွားတတ်သည့် မိုးတိမ်တောင်များ ဖြစ်ပေါ်မှုနှင့်အတူ မိုးကြိုး အန္တရာယ်ကို ပိုမို သတိထားကြရမည်ဖြစ်ကြောင်း ဆရာကြီး ဦးထွန်းလွင်က သတိပေး ပြောကြားထားသည်။

မိုးကြိုးအန္တရာယ်မှာ လွင်ပြင်တီးခေါင် ၊ လယ်ယာလုပ်ငန်းခွင်များတွင် အများဆုံး ဖြစ်ပေါ်တတ်သဖြင့် ယခုကဲ့သို့ မိုးကြိုကာလတွင် တောင်သူ လယ်သမားများ အနေဖြင့် အထူးသတိထားကြရန် ၄င်းက တိုက်တွန်း ပြောကြား ထားသည်။
FB_IMG_1526873889549.jpg
ယခု ၂၀၁၈ခုနှစ်တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင်လည်း အမျိုးသား သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကလည်း မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ခုနှစ် မတ်လ အထိ မိုးကြိုးပစ်မှု ၁၀၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၊ ယခု အချိန် ကာလသည် မိုးဦးလေဦးကာလဖြစ် သည့် အတွက် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ရေကြီးခြင်း နှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သည့် အတွက် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားသင့် သည့်အပြင် ရာသီကာလအလိုက် ဖြစ်နိုင် သည့်ဘေးအန္တရာယ်များ၊ နေရာ ဒေသ အလိုက် ဖြစ်နိုင်ဘေးအန္တရာယ် များအပေါ် ထိရောက်သည့်စီမံခန့်ခွဲမှု များ ပြုလုပ် ထားသင့်ကြောင်း ၄င်းက ပြောကြားသည်။
FB_IMG_1527044378095.jpg
“မိမိဒေသမှာ မဖြစ်နိုင်သော်လည်း အခြားဒေသတွေမှာ ဖြစ်နေတယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ မိမိဒေသကို လာရောက် ရိုက်ခတ်နိုင်တဲ့ ဘေးအန္တ ရာယ်တွေကို သတိပြုဖို့ လိုပါတယ်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နဲ့ မြန်မာနိုင်ငံ မောင်တောမြို့အကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းမှု စံချိန်တင်အောင်မြင့်တက်ခဲ့လို့ မြန်မာ နိုင်ငံ အလယ် ပိုင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းက မြို့နယ်အချို့မှာ လျပ်တပြက် ရေကြီးမှု တွေ ဖြစ်ခဲ့လို့ လူ(၄၆)ဦးသေဆုံးပြီး(၁၁၅)ဦး ပျောက်ဆုံးခဲ့တယ်။ ဒါကြောင့် မိမိတို့ ဒေသတွေမှာ တိုက်ရိုက်မဖြစ်ပေါ်နိုင်သော်လည်း သွယ်ဝိုက် ပြီးဖြစ်ပေါ် လာနိုင်တဲ့အတွက် ဘေးအန္တရာယ်ကို သိထားပြီး အဆင်သင့်ဖြစ် အောင် ကြိုတင် ပြင်ဆင်ထားရမယ်” ဟု ဒုတိယ သမ္မတက အဆိုပါအစည်းအဝေးတွင် ဆက်လက် ပြောကြားခဲ့သည်။
FB_IMG_1527155092779.jpg