အက်ႌနဲ့ တူတဲ့မိန်းမ

Words
132
Reading
1 min
Listen
Play
8y

FB_IMG_1525760821939.jpg

  • မိန်းမ​တွေဟာ ​ယောက်ျား​တွေ အတွက်​ အင်္ကျီနဲ့ တူတယ်​။ မဝတ်​ထားလည်း ဘာမှ​ မဖြစ်​ဘူး။ လူကြားထဲ သွားရင်​​တော့ ဝတ်​သွားတာက ပိုတင့်​တယ်​တယ်​။

  • ရည်းစား ထားတယ်​ ဆိုတာ အကျီ မဝယ်​ခင်​ fitting room ထဲမှာ သွားဝတ်​ကြည့်​ ​နေတာနဲ့ တူတယ်​။ ဝတ်​ကြည့်​လို့ မကြိုက်​ရင်​ ပြန်​ချွတ်​ထား ခဲ့လို့ ရတယ်​။ မိန်းမ ယူတာက​တော့ အင်္ကျီကို အပိုင်​ ဝယ်​လိုက်​တာနဲ့ တူတယ်​။

  • တစ်​ချို့ မိန်းမ​တွေက ဘရန်းဒက်​ အ​ကောင်းစား အင်္ကျီ လိုပဲ။ သာမန်​လူ​တွေ မဝယ်​နိုင်​ဘူး။ မင်းစိုးရာဇာ သူ​ဌေး သူကြွယ်​နဲ့ လူကုံထံ​တွေပဲ တတ်​နိုင်​တယ်​။

  • တစ်​ချို့ မိန်းမ​တွေက မြင်း​ခေါင်း စွပ်​ကျယ်​နဲ့ တူတယ်​။ ဝတ်​ထားချိန်​မှာ ​ပေါ့ပါး လွတ်​လပ်​ပြီး သက်​​တောင့်​ သက်​သာ ရှိတယ်​။ လူတိုင်းလည်း ဝယ်​နိုင်​တယ်​။ ဒါ​ပေမယ့်​ ပွဲလမ်းသဘင်​ ဝတ်​သွားလို့ မတင့်​တယ်​ဘူး။

  • တစ်​ချို့ မိန်းမ​တွေ ကျ​တော့ ပါကင်​ပိတ်​ ထားတဲ့ ရှပ်​အင်္ကျီ ​တွေလိုပဲ။ စမ်းဝတ်​လို့ မရဘူး။ ကိုယ့်​ဆိုဒ်​နဲ့ ​တော်​မယ်​ ထင်​တာ မှန်းပြီး​ အပိုင်​ ဝယ်​ရတာ။ ဝယ်​ပြီးမှ အနာအဆာ ပါလာတာတို့၊ ကိုယ်​နဲ့ မကိုက်​တာတို့ ဆိုလည်း ပြန်​လဲလို့ မရဘူး။ ကြိတ်​မှိတ်​ခံပဲ။

  • တစ်​ချို့ မိန်းမ​တွေက ​လေ​ဘေးထည်​နဲ့ တူတယ်​။ သူများ ဝတ်​ပြီးသား​တွေ။ ​ဈေးလည်း ​ပေါတယ်​။ ဒါ​ပေမယ့်​ ​ရွေးတတ်​ရင်​ တခါတရံ ဘရန်းဒက်​ အ​ကောင်းစား​တွေ ရနိုင်​တယ်​။

  • ကိုယ့်​မှာ အင်္ကျီ အပိုင်​ မရှိတဲ့အခါ သူများအင်္ကျီ ငှါးဝတ်​ သလိုမျိုး လိုအပ်​တဲ့ အချိန်​မှာ တန်​ရာ တန်​​ကြေးနဲ့ ခဏငှါး​လို့ ရတဲ့ မိန်းမ​တွေလည်း ရှိတယ်​။

  • အင်္ကျီ​တွေဟာ ခန္ဓာကိုယ်​ အတွက်​ ​နွေး​ထွေး လုံခြုံမှုကို ​ပေး​နိုင်​ပေမယ့်​ တခါတရံ​တော့ ပူအိုက်​​စေနိုင်​ သလိုမျိုး မိန်းမ​တွေ ဟာလည်း တခါတရံမှာ စိတ်​အိုက်​​ စရာ​တွေ ဖန်​တီးတတ်​တယ်​။
    FB_IMG_1525745701405.jpg

အင်္ကျီနဲ့ တူတဲ့မိန်းမ | Ecency