မိနစ်စီလောက်

Words
90
Reading
1 min
Listen
Play
8y

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ တကူးတက ကြိုးပမ်းနေစရာ မလိုအပ်ပါဘူး။ အချိန်တိုင်း၊ နေရာတိုင်းမှာ အမှတ်ရစရာလေးတွေ အတူဖန်တီးနိုင်ကြပါတယ်။နေ့စဉ်ဘဝ ရယ်မောစရာလေးတွေ၊ ရင်ဖွင့်စရာလေးတွေ ဝေမျှပါ။ ဥပမာ -မိသားစု ထမင်းလက်ဆုံစားချိန်၊
image
ကားပေါ် အတူသွားချိန်တွေမှာ တစ်နေ့တာ လှုပ်ရှားမှုအကြောင်း အပြန်အလှန် ပြောဆိုတိုင်ပင်ပါ။ မိသားစုဝင် တစ်ယောက်ချင်းစီနဲ့ စကားပြောဖြစ်အောင် ပြောပါ။ ကလေးတွေ အိပ်ရာမဝင်ခင် 5 မိနစ်စီလောက် စကားစမြည် ပြောကြည့်ပါ။ဇနီး၊ ခင်ပွန်းကိုလည်း သီးသန့်အချိန်ပေးပါ။ မိသားစုနဲ့အတူ ပျော်စရာအမှတ်တရလေးတွေ ဖန်တီးပါ။ ထူးထူးခြားခြား လုပ်စရာမလိုဘဲ ပိတ်ရက်မှာ အိမ်နားက ပန်းခြံမှာ မိသားစုလိုက် ဘောလုံးကန်ကြတာမျိုး၊ ညဘက်တွေမှာ စစ်တုရင်လို ကစားနည်းမျိုး အတူကစားကြတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ● မွေးနေ့တွေလိုမျိုး ထူးထူးခြားခြားနေ့တွေမှာ ဘာလုပ်ကြမလဲ အတူတိုင်ပင်ကြပါ။ ကလေးငယ်လေးတွေကိုလည်း ပါဝင်စေပါ။
ဒီရက်တွေအတွင်း သူတစ်ပါး ပြဿနာ ကြားဝင်ဖြေရှင်းပေးရတတ်ပါတယ်။ လူကြီးတစ်ယောက်ရဲ့ အကူအညီကြီးကြီးမားမားရပါလိမ့်မယ်။ အရေးကြီးစာရွက်စာတမ်းတွေ ပျောက်တတ်ပါတယ်။ စက်ပစ္စည်းဝင်ခြင်း၊ လက်ဆောင်ရခြင်းမျိုး ကြုံရတတ်ပါတယ်။ ရပ်တန့်ထားတဲ့လုပ်ငန်းတွေ ပြန်လည်စတင်လုပ်ကိုင်ရတတ်ပါတယ်။ ကောင်းတဲ့ခရီးတိုတွေ သွားရတတ်ပါတယ်။ အနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ အ၀င်နည်းပြီး အထွက်များနေပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူရဲ့ စိမ်းကားမှု ခံရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မျက်နှာချင်း မဆိုင်ချင်လောက်အောင် ဖြစ်နေတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၇ နဲ့ ၉ ဖြစ်ပါတယ်။