ရခိုင်ပြည်နယ်လွှတ် တော်က ဖွဲ့စည်းထားသည့် မြောက် ဦးပဋိပက္ခစုံစမ်းလေ့လာရေးအဖွဲ့ အနေဖြင့် စုံစမ်းလေ့လာခြင်းလုပ် ငန်းများကို သင်္ကြန်ကာလပြီးမှ သာ စတင်ဆောင်ရွက်မည်ဖြစ် ကြောင်း ယင်းအဖွဲ့အတွင်းရေး မှူး ဦးထွန်းသာစိန်က ပြောသည်။ ယခုအခါ လွှတ်တော်အ စည်းအဝေး ကျင်းပနေသဖြင့် ကွင်းဆင်းစုံစမ်းခြင်းလုပ်ငန်းများလုပ်ဆောင်ရန် အဆင်မပြေသဖြင့် သင်္ကြန်ကာလပြီးမှသာ ကွင်းဆင်းလေ့လာရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
ယင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်များကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းရပြီး လာမည့် မေလအတွင်း တင်သွင်းနိုင်ဖွယ်ရှိကြောင်း ဦးထွန်းသာစိန်က ပြောသည်။ ‘‘မကြာပါဘူး။ မေလမှာ လွှတ်တော်ခေါ်ဖို့ရှိတယ်။ အဲဒီချိန် လောက်မှာ တင်နိုင်မယ်ထင် တယ်’’ဟု ၎င်းက ပြောသည်။ ယင်းစုံစမ်းစစ်ဆေးရေးအ ဖွဲ့အနေဖြင့် မြောက်ဦးပဋိပက္ခဖြစ် စဉ်အပြီးတွင် ကွင်းဆင်းလေ့လာ မှုများပြုလုပ်ထားသဖြင့် လွှတ်တော်သို့ တင်သွင်းရမည့် အစီရင်ခံစာတွင် လိုအပ်သည့်အချက်အလက်များ အများစုပြည့်စုံနေပြီဖြစ်ကြောင်း ဦးထွန်းသာစိန်က ပြောသည်။ ပြီးခဲ့သည့်ဇန်န၀ါရီ ၁၆ ရက် က မြောက်ဦးမြို့၌ ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့၏ ပစ် ခတ်မှုကြောင့် အရပ်သားခုနစ်ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ လူစုလူဝေး၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ကိုးဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအ ဖွဲ့တစ်ဖွဲ့ကို ဇန်န၀ါရီ ၂၉ ရက် တွင် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့သည်။