ချစ်နေတုန်းပဲ…

Words
52
Reading
1 min
Listen
Play
8y

image

လမင်းကြီးက
အိမ်ခေါင်မိုးစွန်းလေးမှာ
ခဏနားတယ်..

သူ့အလင်းတွေကို
အုန်းလက်တွေ
သစ်ရွက်တွေပေါ်
ဖြာချထားလိုက်တယ် ...

မော့ကြည့်နေတဲ့ငါ့ကို
သူပြုံးပြတယ် ...

ချစ်သူရော..
လမင်းကြီးကို
ကြည့်နေသလား .. ဆိုတော့
ကြည့်နေတယ် တဲ့ ....
သူပြုံးနေသလား... ဆိုတော့
မဖြေဘူးကွယ် ...

image

ပြီးတော့
သူဆက်လက်ထွက်ခွာသွားတယ် ...

ခြံထဲမှာ
လရောင်တချို့ရှိနေတုန်းပဲ ...

ငါ့ရင်ထဲမှာ
အချစ်ရှိနေတုန်းပဲ ...
.
..
.
ဟုတ်ပါတယ်လေ .. ....

အချစ်ဆိုတာ
ပျော်ရွှင်ရဖို့ချည်းသက်သက်
ဖြစ်လာတာ
မဟုတ်ဘူး ...
ဘယ်လောက်
ခံနိုင်ရည်ရှိသလဲဆိုတာ
သိဖို့
ဖြစ်လာတာ ... ...။

photo : google

image

ချစ်နေတုန်းပဲ… | Ecency