အချစ် သင်ခန်းစာ

Words
203
Reading
1 min
Listen
Play
8y

image

အချစ် သင်ခန်းစာ

အချစ်ခံရဖို့ မျှော်လင့်လေလေ အချစ်မခံရလေလေ

အချစ်နဲ့ပတ်သက်သမျှ သင်ခန်းစာချည်းပါလို့ ပညာရှင်တစ်ယောက်ကတော့ ဆိုသွားတယ်။

အချစ်ဟာ လူကို အံ့အားသင့်စေတယ်
အချစ်ဟာ တုန်လှုပ်ခြောက်ခြားစေတယ်
အချစ်ဟာ ဝမ်းမြောက်ပျော်ရွှင်စေတယ်
အချစ်ဟာ ကြေကွဲဝမ်းနည်းစေတယ်။

ဒါဆို ဒါတွေအကုန်လုံးဟာ အချစ်ကြောင့်ချည်း သက်သက်လား။
မဟုတ်လောက်ဘူးလို့ပဲ ဆိုပါရစေ ..
အချစ်ကို လက်ခံကျင့်သုံးတဲ့ လူအပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။

သမိုင်းတလျှောက် လေ့လာကြည့်ရင် တွေ့ရတယ် တချို့ ဟာ အချစ်ကြောင့် ကြီးမြတ်သွားတယ် .. တချို့ အချစ်ကြောင့် နိမ့်ကျသွားတယ် .. တချို့ ဒီအချစ်ကို အကြောင်းပြုပြီးတော့ပဲ အင်မတန်ထူးချွန်ထက်မြတ်တဲ့သူတွေ ဖြစ်သွားကြတယ်။

ရောမ စာဆိုအကျော်အမော် ဗာဂျယ် က ပြောတယ်..
"သင် ဘယ်ဘုရားကို ကိုးကွယ်သလဲ ဆိုတာပေါ် မူတည်ပြီး သင် ဖြစ်လာလိမ့်မယ်" တဲ့ ..

ဆိုလိုတာက ကိုယ် ဘယ်အရာပေါ်မှာ ပုံအော ထားလဲ.. အဲဒီ ကိုယ် ပုံအော ထားတဲ့အရာက ကိုယ့်ကို ပုံသွင်းသွားလိမ့်မယ်။

အဲဒီတော
"ကိုယ့် god က ဘယ်လို god မျိုးလဲ "
စမ်းစစ်ဖို့ လိုပါတယ် နော်။

အချစ်နဲ့ပတ်သက်သမျှ သိစရာ မကျန်အောင် သိပြီးတဲ့သူ ဒီကမ္ဘာလောကကြီးမှာ မရှိသေးပါဘူး။ ဒါပေမယ့် အချစ်နဲ့ ပတ်သက်ပြီး သေချာတာ တချို့တော့ ရှိပါတယ်။

အချစ်ဆိုတာ အချစ်ခံရလား မခံရဘူးလား
တတွေးတွေး တွေးလေလေ စိတ်က သိမ်ဖျင်းလေလေပဲ ...

အချစ်ခံရခြင်းအပေါ်မှာ မူတည်ပြီး စိတ်ချမ်းသာမှု ရနေတယ် ဆိုရင်တောင် အဲဒါရေရှည်ခံမယ့် စိတ်ချမ်းသာမှု မဟုတ်ပါဘူး ..

ဘာလို့လဲ ဆိုတော့ စိတ်ရဲ့သဘာဝက သူစိတ်ချမ်းသာမှုရတဲ့အရာနဲ့ပဲ စိတ်ဆင်းရဲမှု ရတတ်လို့ပါ ..

image

မှီသောအရာသည် လှုပ်၏ တဲ့... ဗုဒ္ဓ အဆုံးအမ ဘယ်တော့မှ မလွဲပါဘူး။

အချစ်ဟာ ကောင်းကွက်တွေ အများကြီး ရှိနေပြီးသားပါ။
အချစ်ဆိုတာ မတွေးပဲ ရှိနေမှ။

ကိုယ့်ဘဝမှာ မတောင့်တပဲ အလိုလို ရှိနေတာလေးတွေကို မြင်အောင်ကြည့်ပြီး တန်ဖိုးထားတတ်မှ ... နောက်ထပ် ဘာရရ ပျော်ရတယ်။

အချစ်မငတ်တော့တဲ့ အချိန်ကျမှ အချစ်က ပျော်ရတယ်။
အချစ်ခံရဖို့ စိတ်ကူးမရှိတော့မှ အချစ်ရဲ့တကယ့်အရသာစစ်ကို သိတယ်။
တစ်ကိုယ်တည်းလည်း ပျော်တတ်ပါပြီ ဆိုမှ အချစ်က စိုပြေမှုအဖြစ် ထပ်ဖြည့်ပေးတယ်။
အချစ်ရလည်း အချစ်ကို လက်လွတ်နိုင်ပြီ ဆိုမှ အချစ်က ကိုယ်နဲ့ မြဲနေလိမ့်မယ်။

ကိုယ့်စိတ်ကို ပြန်ကြည့်ပြီး ပြည့်စုံပြီး ငြိမ်းချမ်းလိုက်တာ .. နောက်ထပ် ဘာမှ မလိုတော့ပါဘူး .. လို့ ဆိုနိုင်ပြီဆိုရင် အချစ်ဟာ ကိုယ့်ကို သေးသိမ်အောင် လုပ်လို့ မရတော့လို့ တစ်လောကလုံးကို သိမ်းကြုံးပွေ့ဖက်နိုင်စွမ်းပေးပါလိမ့်မယ်။

အချစ်ဟာ သူ့လျို့ဝှက်ချက်နဲ့သူ ရှိတယ်။
အဲဒီထဲက တစ်ခုကတော့
အချစ်ခံရဖို့ များများလုပ်လေလေ အချစ်မခံရလေလေ။
နောက်တစ်ခုက
အချစ်ခံရတာကို များများကြွားလေလေ အချစ်က ငုတ်လျိုးသွားလေလေပဲ။

  • အချစ်ဟာ အင်မတန်စိတ်တည်ငြိမ်တဲ့သူရဲ့ ပုခုံးပေါ်မှာ အသာလေး နားတယ်။

photo : facebook

image