အမုန်းပြောင်း

Words
125
Reading
1 min
Listen
Play
8y

image

အမုန်းပြောင်း

ခင်ဗျားတို့လေ ပညာရေး မပြောင်းလဲဘူး … မပြောင်းလဲဘူး ရမ်းရမ်းမပြောနဲ့ မကြိုက်ဘူး … သိလား

ပညာရေး အရမ်း အရမ်းကို ပြောင်းလဲနေတယ်၊ သောက်ကျိုးနည်းကို ပြောင်းလဲနေတယ်။ သတိမူပြီး ဂရုစိုက် ကြည့်ကြဦး

ဟိုးတုန်းက ၄ တန်းကို၊ စတုတ္ထတန်းပြောင်းခေါ်ပြီးတော့ သင်ရိုးဟောင်းမှာ စတုတ္ထတန်းကို Grade 5 လို့ ခေါ်ရာကနေ Grade 5 ကို ပဉ္စမတန်း Grade ထပ်ပြောင်းပြီးတော့ ၂၀၂၀ ပြည့်နှစ်မှာ စတုတ္ထတန်းကို စတုတ္ထတန်းထပ်ခေါ်ပြီး တက္ကသိုလ်ဝင်တန်းကို ဒသမတန်းခေါ်ကာ ၂၀၂၁ မှာ ဒွါဒသမတစ်တန်းတိုး … ၂၀၂၂ မှာ ဧကာဒသမတန်းတစ်တန်းထပ်တိုးပြီး …

image

ဟာဗျာ ခေါင်းကိုမူးသွားတာပဲ

နေဦး သံပရာရည်လေးတစ်ခွက်လောက် သောက်လိုက်ဦးမယ်

ရှင်းနေတာကို ရှုပ်အောင်လုပ်၊ ရှုပ်သွားမှပြန်ရှင်း၊ ပြန်ရှင်းပြီး ရှုပ်အောင်ထပ်လုပ်၊ ရှုပ်ရင်ထပ်ရှင်း (ဘီအီးဒီ အောင်သိုက်ရေ) ခင်ဗျားကို သတိရလိုက်တာ

ဟုတ်ပြီ ပြန်ဖတ်

လာမယ့် ၂၀၂၀ မှာ စတုတ္ထတန်းက စတုတ္ထတန်းပဲ ပြန်ဖြစ်မယ် ဒါပဲ

နှစ်တန်းထပ်တိုးမယ် ဒါပဲ

၂၀၁၆ မှာ ၁၂ တန်း အထိတက်ရမယ် ဒါပဲ

ကဲ

မပြောင်းလဲဘူး မပြောင်းလဲဘူး ရမ်းသမ်း မပြောနဲ့

သောက်ရမ်းကို ပြောင်းဦးမှာ

လာမယ့် ပညာသင်နှစ်က စပြီးတော့ ကျောင်းသုံးစာအုပ်တွေမှာရေးထားတဲ့ မြန်မာလို အတန်း အမည်တွေ ဖျက်မယ်ဗျာ … ပြောင်းမယ်ဗျာ … Grade နဲ့ သတ်မှတ်မယ်ဗျာ။ အလိုလေး အင်္ဂလိပ်လို မကြိုက်တဲ့ သူတွေက ဖတ်စာအုပ်တွေမှာ Grade တပ်မယ်တဲ့

ခင်ဗျားတို့ ရမ်းရမ်းမပြောနဲ့

ပညာရေးဌာန မပြောင်းလဲဘူး မပြောနဲ့

သောက်ကျိုးနည်းကို ပြောင်း … အမုန်းကို ပြောင်းလဲနေတာ

မြင်အောင်ကြည့်ကြဦး

တင်ညွန့်

photo : facebook

image

အမုန်းပြောင်း | Ecency