ကားတစ်စီးရေဆူရခြင်း၏ အကြောင်း။(၉)
(၇) Reserve Tank ရေပြန်ဗူးအတွင်းရေ ရှိ/မရှိ မစစ်ဆေးခြင်း ရေပြန်ဗူးအတွင်း ရေ ရှိ/မရှိ မစစ်ဆေးသောအခါ ရေပြန်ဗူးအတွင်းရေမရှိပါက အင်ဂျင်နှင့်ရေတိုင်ကီအတွင်းရှိ ရေလျော့သောအချိန်တွင် ရေပြန်လည်မဖြည့် ပေးနိုင်သဖြင့် အင်္ဂျင်နှင့် ရေတိုင်ကီအတွင်း ရေတဖြည်းဖြည်းခမ်းကာ ရေဆူတတ်ပါသည်။ထိုသို့ မဖြစ်စေရန် ရေပြန်ဗူးအတွင်း သတ်မှတ်နေရာအထိ ရေ ရှိ/မရှိကို မကြာခဏ စစ်ဆေးသင့်သည်။ရေပြန်ဗူး ရေဖြည့်ရာတွင် ရေပြန်ဗူးကို ရေအပြည့်မဖြည့်ရပါ။ ရေပြန်ဗူးတိုင်းတွင် အမှတ်မျဉ်း (၂) ခု ပါရှိပြီး တစ်ခုမှ Lower Level ဖြစ်ကာ တစ်ခုမှာ Full Level ဖြစ်သည်။ အများဆုံး Full မျဉ်းအထိသာ ရေဖြည့်ရပါမည်။
(၈) Water Pump ရေလည်အုံ ရေယိုစိမ့်ခြင်း ရေလည်အုံ ရေယိုစိမ့်ခြင်းသည် အပြင်မှမြင်နိုင်ရန်ခက်ခဲပါသည်။ ရေလည်အုံ ပန်ကာ/ပူလီကို ဖြုတ်ကြည့်မှသာလျှင် ရေယိုထားသော အစအန လေးကို တွေ့ရပါသည်။ရေ ယိုစိမ့်ရာတွင်လည်း ကားရပ်ထားချိန်နှင့် စက်စနိုးချိန်တွင် မယိုစိမ့်တတ်ပါ။ကားမောင်းသွားက ရေပူလာချိန်မှ ရေယိုစိမ့် တတ်ပါသည်။ထိုသို့ဖြစ်ပါက ရေမကြာခဏ ဖြည့်ရပြီး ခရီးဝေးမောင်းနှင် သွားချိန်တွင် ရေယိုစိမ့်ချိန်ကြာလာပါက ရေခမ်းကာ ရေဆူတတ်ပါသည်။ ထို့ကြောင့် ရေခမ်းတတ်သော ကားများတွင် ရေလည်အုံကိုလည်း စစ်ဆေး သင့်ပါသည်။ရေလည်အုံပန်ကာ ဒလက်များစားသွားသောအခါတွင်
အင်္ဂျင်ရေအေးပေးစနစ်အတွင်းရှိ ရေများသည် ပုံမှန်လည်ပတ်ရမည့်အတိုင်း
ရေမလည်နိုင်သောကြောင့် ရေဆူတတ်ပါသည်။