ဥယျာဉ်မှူး ဖေဖေ( ၁ )

Words
80
Reading
1 min
Listen
Play
9y

image
နုပျို သစ်ဆန်း ပွင့်ဖူးစ ပန်းလေးများပမာ
အရိပ်တကြည့်ကြည့်နဲ့ နေပူမိမှာတောင် သူစိုး..
ပွင့်ခက်မစုံ ပန်းဝတ်မှုန် လေမှာ မသင်းခင်တော့
ဖြူ စင်သည့် သည်ပန်း
ရေဖြန်း ပေါင်းနှုတ် ဘယ်လိုပင် အလုပ်ရှုပ်ပေမယ့်
အတော်ဟုတ်သည့်ငါ ဘဝင်တွေကြွ ပျော်နေရှာခဲ့သူကြီးပေါ့။
လောကဓံဆိုတာ..
နေပူမိုးရွာ လေသာဆိုတာရှိစမြဲ
လောင်မြိုက်တဲ့ဘဝထဲ ဒုက္ခတွေထုပ်ပိုးလို့
မဆုတ်မနစ် အားပေးစောင့်ရှောက်နေခဲ့တာ
မျှော်လင့်လို့ မဟုတ်ဘူး။
လောကအလယ် သူတို့ လှပစေချင် တင့်တယ်ရင်ပေါ့
ရင်မှာပီတိ အားအင်ပြည့်ခဲ့ပါပြီလေ။
ပန်းသခင်ဆိုတာ ပျားတွေလို
ဝတ်ရည်သောက်သုံးဖို့လည်း မဟုတ်ပါ။
အလှကြည့် ပျိုးထောင် ၊နေ့စဉ်သာ ပြုစုပေး
ပန်းလေးများဘဝ မြူ တစ်မှုန်ဆံချည်မျှ
ဘေးမသီရန်မခ လန်းဆန်း နေဖို့က
သူ့ဘဝ အဓိက သမိုင်းပေးတာဝန်လေလား။
အချိန်တန် ပင်ယံဖျားဆီက မှုံနံ့သာချယ် အလှပန်းစုံဖြင့်
ခူးသူပန်သူ လိုချင်သူလက်ထဲ ရင်နင့်နင့် ပေးအပ်လို့
မျက်ရည်ဝဲကာ အံတင်းနေရှာခဲ့တာပေါ့။
သူသာလျှင် အဖြည့်ခံ ဥယျာဉ်မှုးမို့
ရင်ထဲမှာ စွဲထင်ရစ်ကာ ထာဝဇဉ် မမေ့နိုင်ပါ
သားတစ်ယောက်ရင်မှာ ပူဆွေးတမ်းတမိတာ ဥယျာဉ်မှူးဖေဖေပါ။
image
tamuthar@tamuthar (Own Writer)
Photo credit-Google
ဆက်၍ကြိုးစားပါဦးမည်။

ဥယျာဉ်မှူး ဖေဖေ( ၁ ) | Ecency