လိုင်ဇာဝကဖားသံ

sulfer(41)
Published in
#esteem
Words
241
Reading
2 min
Listen
Play
8y

ယနေ့မိုးတွေ သည်းသည်းမည်းမည်းရွာ၏။
ရေအတွက် စိတ်ချမ်းသာရသော်ငြား ဗွက်ထသွားတာတော့ စိတ်ပျက်မိသည်။ image
ကျန်းမာရေးအရတော့ အအေးဒါဏ်ကြားမှာ ကောင်းမွန်နေသည်ပေါ့။
မိတ်ဆွေအပေါင်းလည်း နေကောင်းကြသည်မဟုတ်လား။
နေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်း သားမောင်က ဆုတောင်းပေးပါသည်။

သားမောင်တို့မြန်မာမှာ မာမားကိုထောက်ခံပါမှ နယ်ပယ်ပေါင်းစုံမှာ လွတ်လပ်စွာ လုပ်ခွင့်ရနေလေသလား။
သီတဂူဆရာတော်လိုပုဂ္ဂိုလ်ကြီးကျ စစ်တပ်တရားပွဲတွေ မကြာခနဆိုသလို ဟောပြောကျင့်ပလေ့ရှိ၏။
ထိုသည့်အတွက် ငှက်တွေရပ်ကွက်မှာ ငြိုငြင်ကြသည်ပေါ့။
ရန်ကုန်မြေ၊ လှော်ကားကျေးရွာမှာ တရားပွဲလုပ်မည့်ကိစ္စ ခွင့်ပြုချက်မပေးဘူးလို့ သားတို့သိရသည်။
ထိုကိစ္စအတွက် သီတဂူဆရာတော်များက ကြေညာချက်ထုတ်ပြီး မသင့်လျော်ပါကြောင်း ကြေညာကြ၏။
အစိုးရမင်းများဘက်က တုန့်ပြန်ချက်တော့ ထွက်မလာသေးပါ။
ဝန်မင်းကို ထိခိုက်တာ မပါသည့်အတွက် ကြေညာချက်တွေလည်း ထွက်မလာဘူးပေါ့။
ထိုင်ပြီးကြည်ငြိုနေတာ ပိုစတိုင်ကျပါသည်လေ။

မနေ့ဆီက ကချင်ဘက်မှာ တိုက်ပွဲသံထွက်တာ မိတ်ဆွေ အများ ကြားသိကြမည် ထင်ပါသည်။
မြန်မာအာမီအတွက် ကြီးမားသော ထိုးနှက်ချက်လို့ ပြောနိင်သလား။
ထိုနေ့မှာထူးခြားသည့်သတင်းကို ဆန့်ကျင်ဘက်အဖြစ် မြင်ရသေး၏။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာသင့်သည်လို့ ဆိုသူတွေက ဆိုနေကြသည်မဟုတ်လား။
အဖွဲ့အစည်းအရ တစ်ရာကျော်မျှက သတင်းစာရှင်းပြီး တောင်းဆိုကြတာဖြစ်ပါသည်။
အချက်အလက်အရလည်း ၃၃ ချက်မျှပါပြီး အကြီးအကဲများထံ မေးလ်းမှတစ်ဆင့်တောင်းဆိုထားသည်တဲ့။
စစ်သွေးကြွနေတာ မဟုတ်သော်ငြား KIA သောင်းကျန်းသူများကို အချီကြီးတီးပြီးပါမှ လုပ်ကြစေလို၏။
လက်စားချေခြင်းအခြားဘက်မှာ ငြိမ်းချမ်းရေးလည်း လိုချင်မိသည်လေ။

မနေ့ဆီက တိုက်ပွဲအဖြစ် ချသူတွေချနေသည့်ကာလ ညစာတွေစားသူစားကြသည်။
ညစာစားတာမှ တိုက်ရိုက်တောင့်လွှင့်ပြီးစားကြတာပေါ့။
လွှင့်ပြီ်းမကြာ တိုက်ရိုက်လွှင့်တာ ရပ်လေသလား။
ထိုသည့်ကိစ္စအတွက် ပြည်သူတွေက အားရကျေနပ်တာ မရှိသည့်အပေါ် ၀န်မင်းဌာနက စာထုတ်ပြီး တောင်းပန်၏။
ကုလားကိစ္စ အမြီးပါကုပ်နေခဲ့သော်ငြား ၀န်မင်းကိုအထိမှာ အခုလိုတွေ ကြေညာဖူးသေးသည်ပေါ့။
သူတို့ညစာစားပွဲလုပ်တာကို ပြည်သူများက ကြည်ငြိုသဒ္ဓာ ပွားများနိုင်ရန်လို့ မကြေညာတာ ကျေးဇူးတင်ပါသည်။
သားတို့က လုပ်ကိုင်တာမှန်သမျှ ထိုင်ကြည်ငြိုနေတတ်သူသာ ဖြစ်ပါသည်လေ။

သားတို့မာမားပါတီ ဒီနေ့ ညီလာခံကြီးလုပ်ကြ၏။
နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံလို့ သုံးနှုန်းဖော်ပြထားသည်။
ထူးခြားချက်တွေလဲပါသလား။
နိုင်ငံတော်အလံလွှင့်ထူခြင်း အလျဉ်းမျှမရှိဘူးပေါ့။
အခမ်းအနားအစမှာ နိုင်ငံတော်အလံအလေးပြုသည်လို့တော့ ဆို၏။
အလေးပြုနေသည့်ကာလ လှုပ်လှုပ်ရှားရှားလုပ်နေကြသူတွေလည်း သားတို့တွေ့ရပြန်သလား။
စည်းကမ်းတကျ အလေးပြုတတ်ကြလျင် စတိုင်ပိုကျနိုင်ပါသည်။
နိုင်ငံတော်အလံအား မကြိုက်ပါက လွှတ်တော်မှာ ပြင်လိုက်နိုင်၏။
ပုဒ်ထီး၊ ပုဒ်မကန့်သတ်ချက်တွေ သိပ်မများဘူးမဟုတ်လား။
ကန့်လန့်တိုက်နေယုံမျှ မပြင်ပဲ ထားလိုကြလျင်လဲ ထားနိုင်သည်ပေါ့။

ရခိုင်ပြည်နယ်ဘက်မှာ မင်္ဂလာသတင်းလဲ တက်နေ၏။
သားရေကြိုးတစ်ပြားများ ဂြိုလ်ကြွပြီးအလွန်မှာ ပြန်ပြီးနေရာချမည့်ကိစ္စ
ကြားသိရတာပေါ့။
သားရေကြိုးများ နေရာချထားရာမှာ မောင်တော၏ တောင်ဘက်ပိုင်းမှာ နေရာမချထားရန် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်သည်တဲ့။
ဘူးသီးတောင်အမတ်မင်း၏ တင်ပြချက်အား မနေ့က မဲအခွဲမှာ ကန့်ကွက်မဲမရှိပဲ အတည်ပြုလိုက်တာဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့်အဆိုဖြစ်၍ ပို၍အသက်ဝင်လေသလား။
အစိုးရမင်းများကိုယ်စား လာဖြေကြားသည့်ဝန်မင်းကတော့ UN နှင့် အဖွဲ့အစည်းများဖိအားကို နားလည်ပေးပါလို့ဆို၏။
ဒူတာတေးကို အငှားစနစ်ဖြင့် ခေတ္တတာဝန်ပေးစေလိုပါသည်။

မကြာမီကာလ မြန်မာနှစ်သစ်ကူးကာလကို ရောက်တော့မည်ဖြစ်၏။
သင်္ကြန်၏ပုံရိပ်များထဲမှာ သံချပ်ထိုးတာလည်းပါသည်။
ဘပြောင်လက်ထက်တုန်းက သံချပ်တွေ စိစစ်ရေးတင်ရမည်ဆိုတော့ ကန့်ကွက်ကြသံ သောသောညံခဲ့ဖူးသလား။
လက်ထက်တော်ကြီးမှာကျ ရဲရဲတောက်ခဲ့သည့် အ၀က်သားကောင် အသံသေးသေးလေးတောင် ထွက်မလာပါ။
ယခုနှစ်သင်္ကြန်ကျ ပြည်ပခရီးသွားတွေကိုပါ ဆွဲဆောင်မည်ဆိုသည့် အတွက် သံချပ်ထွက်လာမည့်သူတွေ ပေါ်လာ၏။
အဖွဲ့ပေါင်းအရ ၂၅ ဖွဲ့မျှရှိလေသလား။
သံချပ်အများအား စိစစ်ဖြတ်တောက်လိုက်သော်ငြား ငြိမ်ကုပ်ပြီးသာ ခံနေကြရရှာသည်လို့လည်း သိရသည်။
ဘဘကြီးတွေတုန်းကလို လေသေနတ်ပဲ ပစ်တာမဟုတ်လို့ဖြစ်ပါသည်။

မကြာမီကာလက သားမောင်တို့ဂုဏ်ပြုဇာတ်ကားတစ်ကားအား ကြည့်ခွင့်ရလိုက်ကြ၏။
စစ်ကိုမုန်း၍ တိုက်ခဲ့သည်ဇာတ်ကားမှာ ရဲမေများကို ဂုဏ်ပြုရိုက်ကူးထားသည်ပေါ့။
တစ်နှစ်တစ်ကြိမ်မျှ ဖြစ်ရပ်မှန်တွေ ရိုက်ပြနေတာ အနုပညာအရ သားတို့သဘောကျနိုင်ပါသည်။
ဇာတ်ကားအတွက် အခြေခံအကြောင်းအရာ ရင်နာဖွယ်တွေ ပါနေတာတော့ အများသိကြသည်မဟုတ်လား။
ဖြစ်ရပ်မှန်များမှာ သားမောင်တို့ခံလိုက်ရတာတွေချည်းဖြစ်နေတာတော့ စိတ်ဘ၀င်မှာ လန်းရွှင်ဖွယ်မမြင်ဘူးထင်ပါ၏။
နိုင်ငံတော်အလံအားလွှင့်ထူသွားနိုင်သည့်ဇာတ်ကားများ သားတို့မြင်ခွင့်ရချင်ပါသည်။
အလံလွှမပေ်းလိုက်ရတာနောက်မှာ ဘ၀တွေပါပါသည်။

စိတ်ပျက်ဖွယ်များသည့်သတင်းများ မျှဝေတာ နားချိန်ကျပြီပေါ့။
နောက်နေ့များမှာ မင်္ဂလာသတင်းများ ကြားချင်မိပါသည်။
ပြန်ဆုံကြဦးမည်မဟုတ်လား။
ကျေးဇူးအများကြီးတင်ပါသည်။