မနေ့ညက Steemအကောင့်လေး ဝင်ကြည့်ပြီး ပိုလ့်တွေ မန့်ဝင်မယ် လုပ်တော့ အကောင့်က ဝင်မရတော့ပါဘူး။ ခုတလော လိုင်းဖွင့်တာနဲ့ အကောင့်က ချကိချင်းဝင်မရဘဲ loginပြန်ပြန်ဝင်နေရပါတယ်။ ဘာကြောင့်ဆိုတာတော့ ကျမလည်း နားမလည်ပါဘူး။ ဒါနဲ့ ကီးလေးကို copyယူပြီး ပြန်ဝင်လိုက်တော့လည်း မရပါဘူး။ ဒါနဲ့ owner keyနဲ့ဝင်တော့လည်း မရဖြစ်နေပါတယ်။ လူတောင် တော်တော်လေး ချွေးပြန်သွားမိပါတယ်။ အကောင့်လေးကိုလည်း ဆုံးပြီလားဆိုတဲ့ အတွေးနဲ့နှမြောတသ ဖြစ်မိပါတယ်။ ဆုံးလည်း တက်နိုင်ဘူးလေဆိုပြီး စိတ်ချလက်ချနဲ့ အိပ်လိုက်ပါတော့တယ်။
မနက် အိပ်ယာကနိုးတော့ လိုင်းလေးကို ပြန်ဖွင့်ပြီး အကောင့်လေးကို ပြန်ဝင်ကြည့်မိပါတယ်။ ဝင်နေကျ ကီးနဲ့ ဝင်မရဖြစ်နေပါတယ်။ ဒါနဲ့ တစ်ယောက်ယောက်ကို မေးဖို့ တွေးရင်း ခဏထားလိုက်ပါတော့တယ်။ ရုံးကိုရောက်ပြီး နေ့လယ်ဘက် အလုပ်အားတဲ့ အချိန် အကောင့်လေးကို ပြန်ဝင်ကြည့်မိပြန်ပါတယ်။ ဒီမှာတော့ နည်းနည်း ကလိကြည့်ဖို့ စိတ်ပါလာတာနဲ့ လျှောက်နိုပ်လိုက်ပါတယ်။
photo by me
ဒီလိုစာလေးပေါ်လာလို့ လိုက်လုပ်ကြည့်လိုက်တော့ Posting Keyကို copyယူပြီး ထပ်ဝင်ကြည့်မိပါတယ်။ အဲ့တော့မှဘဲ ကျမ အကောင့်လေးလည်း loginဖြစ်သွားပါတော့တယ်။ တော်သေးတယ်လို့ စိတ်ထဲတွေးရင်း keyတွေကို noteထဲမှာ သေချာပြန်ပြီး မှတ်သားထားလိုက်မိပါတယ်။
ကိုယ်ကြိုးစားခဲ့သမျှ steemအကောင့်လေးဟာ တန်ဖိုးနည်းတယ် ဆိုပေမဲ့လည်း ကျမ အတွက်တော့ တကယ့်ကို တန်ဖိုးထားစရာတစ်ခုပါဘဲ။ ကိုယ်မြတ်နိုးရာ အရာတစ်ခု ဆုံးရှုံးသွားရင် အဖိုးအခ ဘယ်လောက်ပင် နည်းစေကာမူ နုမြောတသပြီး အစားထိုးမရတက်ကျတာ လူတိုင်းပါပဲ။ အခုတော့ တော်သေးတယ်လို့ စိတ်ကြည်နှုးစွာတွေးရင်း အကောင့်လေးရဲ့ အသက်ဟာ keyပါလားလို့။
@suhlaing
msc 175