လေ့လာစရာသုတအ​ကြာင်းအရာ

Words
105
Reading
1 min
Listen
Play
8y

တစ်ချိန်တစ်ခါတုန်းကတော့ စွမ်းအားပြည့်ဆုံးဖြတ်ချက်ချခွင့်ရှိသူတွေ ဖြစ်မဖြစ်အတွက်၊ ဘ၀လှေကားတွေကို အောင်မြင်စွာတက်နိုင်သူတွေ ဖြစ်မဖြစ်အတွက် မွေးချင်းတွေထဲ ကြီးစဉ်ငယ်လိုက်အရ၊ လူမှုစီးပွားအခြေအနေအရ ဒါမျိုးတွေကို ထည့်သွင်းစဉ်းစားကြပါတယ်။
image
သို့သော်ငြားလည်း နောက်ပိုင်းမှာတော့ အာရုံစိုက်မှုက တကိုယ်ရည် အရည်အချင်းတွေဘက်ကို ပြောင်းလဲ စဉ်းစားလာကြပါတယ်။

အမြင်၊ ရူးသွပ်မှုနဲ့ ကိုယ်ကျင့်တရားတွေက အများသူငါသိကြတဲ့ ခေါင်းဆောင်မှုကို ထိန်းကျောင်းထားတဲ့ သရုပ်တွေပါပဲ။ ဒါပေမယ့်လည်း လူတွေသိပ်မသိသေးတဲ့ ခေါင်းဆောင်မှုဆိုင်ရာသရုပ်သဘောတွေ ရှိပြီး တကယ်တမ်း တချို့အချက်တွေဆို အရင်အချိန်တွေတုန်းက အားနည်းချက်အဖြစ် သိခဲ့ကြပါတယ်။
image
သင့်ရဲ့ အလုပ်မှာ၊ လူမှုအဖွဲ့အစည်းမှာ ဒါမှမဟုတ် သင့်ရဲ့ ဘ၀ထဲမှာ နောက်ထပ်လာမယ့်အ သက်မွေးမှုလုပ်ငန်းနဲ့ သင့်ရဲ့ ခေါင်းဆောင်မှုကဏ္ဍကို အကူအညီဖြစ်စေဖို့အတွက် ဒီပုန်းကွယ်နေတဲ့ စရိုက်တွေကို ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်နိုင်ပါတယ်။

ဒီ တကိုယ်ရည်အရည်အချင်းတွေအားလုံး ဒါမှမဟုတ် တစ်ချို့တစ်ဝက်လောက်ကများ သင့်ရဲ့ ခေါင်းဆောင်မှုကို ထပ်ပြီးပေါင်းထည့်နိုင်လေမလား ကြည့်ကြည့်ပါဦး။

စာနာနားလည်မှုဆိုတာကတော့ တစ်ပါးသူရဲ့ခံစားချက်ကို နားလည်ပြီး မျှဝေခံစားပေးတာမျိုးပါ။ ဒါဟာ ဘယ်လုပ်ငန်းခွင်မျိုးမှာပဲဖြစ်ပါစေ အရမ်းကို အရေးကြီးပါတယ်။ ပြီးတော့ ပဋိပက္ခတွေ၊ လူမှုဆက်ဆံရေးတွေကို ကိုင်တွယ်ရတဲ့အခါ သင့်အတွက် အကူအညီဖြစ်စေမှာပါ။ သို့ပေမယ့် စီးပွားရေးလုပ်ငန်းအပြိုင်အဆိုင်တွေမှာ စားသုံးသူတွေရဲ့လိုအပ်ချက်တွေကို ပိုမိုနားလည်ဖို့အတွက် စာနာနားလည်မှုတရားက ပိုပြီးတောင်အရေးကြီးလာတဲ့ အနေအထားဖြစ်နေပါတယ်။ လူတွေဟာ သူတို့ကို စစ်ဆေး ခွဲခြမ်းစိတ်ဖြာတာမျိုးနဲ့ ဈေးကွက်အဖြစ် သတ်မှတ်ခံရတာမျိုး မလိုလားကြပါဘူး။ သူတို့လိုအင်တွေ လိုအပ်ချက်တွေက သူတို့လိုချင်တဲ့ ကုန်အမှတ်တံဆိပ် Brands တွေ ဖြစ်နေတာမျိုးပဲ ဆန္ဒရှိကြတာပါ။ စာနာစိတ်ရှိတဲ့ခေါင်းဆောင်တွေက ကုမ္ပဏီမှာ လုပ်ငန်းဆောင်တာတွေ ပိုကောင်းအောင် လုပ်ကိုင်ကြပါတယ်။ ဒီအပြင် ဒီစာနာနားလည်မှုကို စီးပွားရေးလုပ်ငန်းအတွက် စွမ်းအားဖြစ်စေအောင်လည်း
image
Crd by stevensoe@stevensoe