Mine တူးသမား ဘဝ အစ Part XXXIX

Words
97
Reading
1 min
Listen
Play
8y

images.jpg

ဗြုန်းတွေကို ကြိတ်စက်နဲ့ကြိတ်ပြီး ရလာတဲ့အမှုန့်တွေကို ရေဆေးလိုက်ရင် နွံတွေပျော်ထွက်သွားပြီး သဲတွေလိုကျန်ခဲ့တာ သဲစာလို့ ပြောပြီးပြီ။
သဲစာကို အင်ဝိုင်းထဲထည့်၊ နောက်ပြဒါးနဲ့ ရေထည့်ပြီးလှဲ့ရတယ်။
သဲစာထဲမှာ ပါလာတဲ့ရွှေက ပြဒါးထဲဝင်သွားတယ်။
သဲစာနဲ့ရေကို သွန်ထုတ်လိုက်ရင် ပြဒါးပဲကျန်ခဲ့တယ်။
ပြဒါးက လေးလို့၊ အထဲမှာ ရွှေလဲရှိနေတာကိုး။
ပြဒါးကို ပိတ်ပါးလေးထဲ ထည့်ရတယ်။
ပြီးတော့ ညှစ်လိုက်ရင် ပြဒါးတွေ ထွက်သွားတယ်။
ပိတ်ပါးလေးထဲမှာ ရွှေကျန်ခဲ့တယ်။
အပေါ်ရွှေခေါ်တာပေါ့။
အရောင်က ပြဒါးရောင် ဖြစ်နေသေးတယ်။
စက္ကူနဲ့ထုပ်ပြီး မီးဖုတ်လိုက်မှ ရွှေရောင်ဖြစ်သွားတယ်။
အင်ဝိုင်းလှဲ့ဖို့ ရေကန်လေးလုပ်ထားတယ်၊ ရေအပြည့်နီးပါး ထည့်ထားတယ်။
ကန်ပတ်လည်မှာ အင်ဝိုင်းသမတွေ ထိုင်ပြီး အင်ဝိုင်းလှဲ့ကြတာ။
အင်ဝိုင်းလှဲ့ပြီးတဲ့ သဲစာတွေကို အဲဒီကန်ထဲပဲ ထည့်ထားကြတယ်။
သဲစာတွေများလာရင် ရေစုပ်ထုတ်ပြီး သဲစာကို အိတ်သွပ်ပြီး သိမ်းကြတယ်။
အဲဒီ အပေါ်ရွှေယူပြီးသား သဲစာကို ချက်ကန်ထဲထည့်၊ cyanide အပါအဝင် chemical တွေနဲ့ treatment လုပ်ရင် ရွှေထပ်ရတယ်။
အောက်ရွှေခေါ်တာပေါ့။
္ပပန်းတောင်မှာတော့ အပေါ်ရွှေ ၁လုံး ရရင်၊ အောက်ရွှေလဲ ၁လုံး ရတယ်။
အလုံး ၅၀ ဆို ရွှေ ၁ကျပ်သား ရှိတယ် ပြောပြီးသား။
ဗြုန်းကို ကြိတ်ပြီး ရေဆေးရင် သဲစာနဲ့နွံ ရတယ်။
သဲစာကနေ အပေါ်ရွှေနဲ့အောက်ရွှေ ရတယ်။
နွံကို ချက်ကန်ထဲ ထည့်ပြီးချက်ရင် နွံရွှေထပ်ရတယ်။
ရွှေ သုံးခါ ရတာပေါ့။

images(1).jpg

Mine တူးသမား ဘဝ အစ Part XXXIX | Ecency