Mine တူးသမား ဘဝ အစ Part XLIV

Words
54
Reading
1 min
Listen
Play
8y

images.jpg

ကြိတ်စက်အကြောင်း ဆက်ပြောမယ်။
ရှေ့လင်ပန်း၊ နောက်လင်ပန်း၊ လိုင်နာခံထားတာက ကြိတ်စက်ရဲ့ကိုယ်ထည်ကို မထိခိုက်အောင် လုပ်ထားတာ။
သံအမာစားနဲ့ လုပ်ထားတယ်။
လိုင်နာပတ်လည်မှာ ခံတုံးတွေ တတ်ထားတယ်။
အတုံး ၄၀လောက်ရှိတယ်။ မူလီနဲ့တွဲထားတာပဲ။
ကြိတ်စက်ရဲ့ဗဟိုမှာ horizontal shaft ရှိတယ်။
Roller ball နဲ့စွပ်ထားတာ။
ကြိတ်စက်အပြင်ဖက်Shaft ထိပ်မှာ flywheel ရှိတယ်။
အချင်း ၁ပေခွဲလောက်ရှိတယ်။
ကြိတ်စက်အတွင်းဖက် shaft မှာ လက်တံ၃ချောင်းတတ်ထားတယ်။
ရိုက်လက်လို့ခေါ်တယ်။
ရိုက်လက်ရဲ့ထိပ်မှာ ရိုက်ပြား ၂ပြားတတ်ထားတယ်။
ရိုက်လက်က ၃ချောင်းဆိုတော့ ရိုက်ပြား၆ပြားလိုတယ်။
ရိုက်ပြားက အလျားအနံ ၅လက်မပတ်လည်လောက်ရှိတယ်။
မူလီနဲ့တွဲရတာပဲ။
ခံတုံးတွေနဲ့ ရိုက်ပြားတွေက လွတ်ရုံလေးတတ်ထားတယ်။
Flywheel ထိပ်မှာ pulley တတ်ထားတယ်။
အချင်း ၄လက်မရှိတယ်။

images(1).jpg

Mine တူးသမား ဘဝ အစ Part XLIV | Ecency