Mine တူးသမား ဘဝ အစ Part XLIII

Words
40
Reading
1 min
Listen
Play
8y

images.jpg

ကြိတ်စက်က ဆလင်ဒါပုံလို့ပြောရမယ်။
အဝိုင်းကြီးပြီး တိုတယ်။
ရှေ့ခြမ်းနဲ့နောက်ခြမ်းက စက်ဝိုင်းပုံ၊ အချင်း ၃ပေရှိတယ်။
ရှေ့ခြမ်းကို အတွင်းဖက်မှာ ရှေ့လင်ပန်းနဲ့တွဲထားရတယ်။
နောက်ခြမ်းကိုလဲ အတွင်းဖက်မှာ နောက်လင်ပန်းနဲ့ တွဲထားတယ်။
ပတ်ချာလည် မူလီတွေနဲ့ တွဲရတာ၊ လင်ပန်းပြန်လဲလို့ရအောင်။
ရှေ့ခြမ်းနဲ့နောက်ခြမ်းက ၈လက်မလောက် အကွာအဝေးရှိတယ်။
ပတ်ချာလည် လိုင်နာခံရတယ်၊ လိုင်နာက ၆လက်မကျယ်ပြီး ပုံစံက ကွေးကွေးလေး။ ၃ပိုင်းဆက်ပြီး ခံရတာ၊ ဖြုတ်ရတတ်ရလွယ်အောင်လို့။
အဝင်အထွက်နေရာတော့ လိုင်နာမခံဘူး။
ဗြုန်း ဝင်ပေါက်ကအပေါ်မှာ၊ သူ့အောက်ဖက်ဘေးမှာ ထွက်ပေါက်ရှိတယ်။
ထွက်ပေါက်နေရာမှာ ဇကာခံရတယ်။

images(1).jpg

Mine တူးသမား ဘဝ အစ Part XLIII | Ecency