Mine တူးသမား ဘဝ အစ Part XXX

Words
89
Reading
1 min
Listen
Play
8y

images.jpg

ကျနော် ပန်းတောင် အခြေအနေကို သုံးသပ်ကြည့်တယ်။
ရွှေထွက်မကောင်းလို့ ပြန်တဲ့သူတွေ ပြန်ကုန်ကြပြီ။
မိုးထိမိုးမိလဲ ထိုနည်းလည်းကောင်း၊ ကုမ္ပဏီ တစ်ဝက်ကျော် ပြန်ကုန်ကြပြီ။
ကျန်နေတဲ့သူတွေထဲမှာ များများစားစားရတာ တစ်ဦးပဲရှိတယ်။
သူလဲ အင်းအောင်တာမကြာသေးဘူး၊ လွန်ခဲ့တဲ့လကမှ စအောင်တာ။
အလုပ်သမားနှစ်ယောက် တောင်ပြိုတဲ့အထဲပါပြီး သေသွားတယ်၊ သိန်းလေးဆယ် လျော်လိုက်ရတယ်။
အိမ်တောင်ရောင်းလိုက်ရတယ်၊ အဲဒီနောက် ရွှေကြောတွေ့တယ်။
အထွက်အရမ်းကောင်းတယ်၊ ချက်ခြင်း ထောင်တက်သွားတယ်။
ညကလဲ အောက်ဈေးတန်းက ကာရာအိုကေ ဆိုသံကြားတယ်။
အင်းသားတွေ ရွှေရောင်းပြီး သောက်စားရင်းဆိုကြတာ။
ရွှေရရင် အင်းသားတွေလဲ ပျော်ပါးနိုင်တာပေါ့။
အညာသားတို့ အခြေအနေကို သုံးသပ်ကြည့်တယ်။
အလှမ်းကျယ်ပြီး အလယ်လပ်သွားတယ်။
ကုမ္ပဏီပိုင်ရှင်တောင် တစ်တွင်းပဲ တူးတာ၊ သူတို့က ဆယ့်လေးကျင်းတူးတယ်။
သုံးတွင်း ရွှေကြောတွေ့တယ်၊ တစ်တွင်းပဲ အထွက်ကောင်းတယ်။
စုပြုံပြီး တူးလိုက်တာ တွင်းပါပြိုသွားတယ်၊ အင်းချုပ် မကောင်းတာ။
အင်းကို ကြံ့ခိုင်အောင် သူများဝင်လာလို့မရအောင် အကာအကွယ်လုပ်ရမှာ သူမလုပ်ခဲ့ဘူး၊ ရွှေအထွက်နဲတဲ့ နောက် နှစ်အင်းကလူတွေလဲ ဒီကိုပဲ ပြောင်းတူးတာ လက်ခံတယ်။
ရွှေမရတော့ ဝင်ငွေ မရှိတော့ဘူး၊ တူးလက်စတွင်းတွေ ဆက်မတူးနိုင်တော့ဘူး။
ငွေမရှင်းနိုင်တော့ အလုပ်သမားတွေလဲ ပြန်ကုန်ကြပြီ။
သူတို့လဲ စိတ်ဝမ်းကွဲပြီး အလုပ် တစ်နှစ်ရပ်သွားတယ်။
ဆက်မလုပ်ရင် အရှုံးကြီး ရှုံးပြီ။
မဖြစ်မနေ လုပ်ကို လုပ်ရတော့မယ်။

images(1).jpg

Mine တူးသမား ဘဝ အစ Part XXX | Ecency