Mine တူးသမား ဘဝ အစ Part XLII

Words
71
Reading
1 min
Listen
Play
8y

images.jpg

ကျနော် အညာသား စက်ဆရာ သုံးယောက်သား စက်တဲဆီ သွားကြတယ်။
စက်ဆရာ အမျိုးသမီးကတော့ အညာသား စက်တဲမှာ နေခဲ့တယ်။
အဲဒီမှာ အင်ဝိုင်းလဲ့နေတဲ့ အမျိုးသမီးတွေရှိတယ်။
သူတို့ရွာက အမျိုးသမီးတွေလဲပါတယ်။
အညာသားစက်တဲမှာ စားဖိုဆောင်လဲရှိတော့ အဲဒီမှာ ထမင်းစားမှာ။
အင်ဝိုင်းသမတွေက နေ့စားနဲ့လှဲ့တာဆိုတော့ ကိုယ့်ထမင်းဘူးနဲ့ကိုယ် စားကြတယ်။
စားဖိုဆောင်က လခစားနဲ့ အစုစားတွေကိုပဲ ထမင်းကျွေးတာ။
ကျနော်တို့ စက်တဲရောက်တော့ တစ်ပတ်လိုက်ကြည့်တယ်။
ပြင်ရမှာတွေ ဝယ်ရမှာတွေ စာရင်းမှတ်တယ်။
ကြိတ်စက် နှစ်လုံးကို တစ်လုံးပဲပြင်သုံးမယ်။
စာရင်းလုပ်ပြီးသား၊ အင်ဂျင်နှစ်လုံးအတွက် စာရင်းထပ်လုပ်တယ်။
အိုဗာဟော လုပ်ရမှာဆိုတော့ အင်ဂျင်ဝိုင်လဲ ဝယ်ရမယ်။
နော်ဇယ် ပလန်ဂျာ ပစ္စတင်ရင်း ဘယ်ရင် ဂတ်စကက် စတာတွေ လဲရမယ်။
အရင်ထိုင်ထားတဲ့ အင်ဂျင်က ၂၅ကောင်၊ သူ့ကိုဖြုတ်ချမယ်။
၃၃ကောင် အင်ဂျင်လဲတင်မှာ ဆိုတော့ အထိုင်ပြန်ချရမယ်။
အထိုင်မူလီပေါက်တွေ ပြင်ဖောက်ရမယ်။
အထိုင်မူလီတွေလဲဖို့ ထပ်ဝယ်ရမယ်။
ကြိတ်စက်က ဗြုန်းတွေကို ဒီအတိုင်းကြိတ်လို့ရတယ်။
အခြောက်ကြိတ်တယ် ခေါ်တယ်။
ရေပိုက်နဲ့ထိုးပြီးလဲကြိတ်တယ်။
အစိုကြိတ်တာပေါ့။

images(1).jpg

Mine တူးသမား ဘဝ အစ Part XLII | Ecency