Mine တူးသမား ဘဝ အစ Part XLI

Words
86
Reading
1 min
Listen
Play
8y

images.jpg

ဒီနေ့ မနက် အိမ်ရှေ့မှာ ဆိုင်ကယ်တစ်စီးရပ်တယ်။
အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး တက်လာတယ်။
လင်မယား ဖြစ်မယ်လို့ ထင်မိတယ်။
အညာသား နိုးပြီလားလို့မေးတယ်။
ခဏနေတော့ အညာသား အခန်းထဲက ထွက်လာတယ်။
သူ့ သူငယ်ချင်း စက်ဆရာ လင်မယားလို့ပြောတယ်။
သူတို့က ပန်းတောင်နားလေးမှာ တောင်ယာလုပ်နေတာ။
ဆနွင်း စိုက်တယ်၊ စပါးလဲ စိုက်တယ်တဲ့။
နေတာက ဝါးဖြူတောင်ရွာမှာ၊ တခါတရံ တောင်ယာတဲမှာ အိပ်ကြတယ်။
အခု တောင်ယာကနေ လာတာလို့ ပြောတယ်။
သူ့ အမျိုးသမီးက အင်ဝိုင်းလဲလှဲ့တတ်တယ်။
အရင်က သူတို့ လင်မယားနှစ်ယောက်လုံး ရှယ်ယာစက်တဲမှာ လုပ်ခဲ့ကြတာ။
အခု ကျနော်လုပ်မဲ့ စက်တဲပေါ့။
စက်တဲအခြေအနေ သူအသိဆုံးလို့ပြောတယ်။
စက်တဲအခြေအနေက အကောင်းကြီးရှိသေးတယ်။
ကြိတ်စက် ဖလိုင်းဝှီး ကွဲပြီး ကျွတ်ထွက်သွားတာ တစ်ခြမ်းက ခေါင်မိုးကို ဖောက်ထွက်သွားတယ်။
ခေါင်မိုးသွပ်တစ်ချပ်လဲရမယ်။
ကြိတ်စက် ဖလိုင်းဝှီး ဝယ်ရမယ်။
အတွင်းလင်ပန်း၊ အပြင်လင်ပန်း လဲရမယ်။
ရိုက်လက် သုံးခု၊ ရိုက်ပြား ခြောက်ခု ဝယ်ရမယ်။
လိုအပ်တဲ့ bolt နဲ့ nut တွေ ဝယ်ရမယ်။
အင်ဂျင်နဲ့ တွဲဖို့ သားရေပတ်ကြိုးလဲ ဝယ်ရမယ်။
ဒါဆို ကြိတ်စက် သုံးလို့ရပြီ၊ ကျန်တာတွေ အကောင်းအတိုင်းရှိတယ်။

images(1).jpg

Mine တူးသမား ဘဝ အစ Part XLI | Ecency