Mine တူးသမား ဘဝ အစ Part XL

Words
85
Reading
1 min
Listen
Play
8y

images.jpg

ချက်ကန်ထဲကို သဲစာထည့်ပြီး အောက်ရွှေလဲ ချက်လို့ရတယ်။
နွံထည့်ပြီး နွံရွှေလဲ ချက်လို့ရတယ်။
ကုမ္ပဏီကြီးတွေမှာတော့ ချက်ကန်ကို ကွန်ကရစ်နဲ့လုပ်ကြတယ်။
ပန်းတောင်မှာတော့ ချက်ကန်ကို သစ်နဲ့လုပ်ရင် လေးထောင့်ပုံ လုပ်တယ်။
ဝါးနဲ့ လုပ်ရင်တော့ အဝိုင်းပဲ အဆင်ပြေတယ်၊ ခွေပြီးလုပ်ရတယ်။
အခင်းကိုတော့ ဝါးပိုးဝါးကို ပေါက်ပြီးဖြန့်ခင်းကြတယ်။
ရေကျကောင်းအောင်လို့။
ပထမဆုံး ချက်ကန်တည်မဲ့ နေရာကို မြေညှိရတယ်။
ပြီးရင် သဲခင်းရတယ်၊ မာသွားအောင် ခြေထောက်နဲ့လိုက်နင်းပြီး ပြန်ညှိရတယ်။
ရေဆင်းကောင်းအောင် နည်းနည်းလေး စောင်းထားတယ်။
နောက် တာလပတ်မိုးကာအထူစား ခင်းတယ်။
အဲဒီပေါ်မှာ ပေါက်ထားတဲ့ ဝါးပိုးကြမ်းခင်းတယ်။
အပေါ်မှာ ဝါးခြမ်းပြားတွေနဲ့ အဝိုင်းပုံခွေထားတဲ့ ခွေတင်လိုက်တယ်။
ခွေအတွင်းပိုင်းကို မိုးကာပတ်လည်ကာရတယ်။
ဒါဆိုရင် ချက်ကန် ရပြီ။
ချက်ကန်ထဲကို သဲစာတွေထည့်ပြီး ရေထည့်လိုက်ရင် ရေက ဝါးပိုးကြမ်းခင်းကနေ စိမ့်ထွက်သွားတယ်။
အောက်ကခင်းထားတဲ့ မိုးကာစ ရှိတော့ နိမ့်တဲ့ဖက် စီးသွားတယ်။
နိမ့်နေတဲ့ဖက်မှာ လေးပေပတ်လည် တွင်းတစ်ခု တူးတယ်။
တွင်းထဲကို တစ်မီတာပတ်လည် မိုးကာအိတ် ထည့်တယ်။
ချက်ကန်က ကျလာတဲ့ရေကို အိတ်ထဲမှာ စုထားဖို့။
အဲဒီအိတ်ရဲ့ အလယ်မှာ စုထားတဲ့ရေကို ပြန်တင်ဖို့ တုံကင်တစ်ခု ဆင်ရတယ်။
ချက်ကန်ကို ရေပြန်ထည့်ပေးတာ။
ရေလှဲ့ပေးတယ် ခေါ်တယ်။

images(1).jpg

Mine တူးသမား ဘဝ အစ Part XL | Ecency