" ဟေ့ကောင် အညာသား၊ ငါ ကားဂိတ် ရောက်
နေပြီ။ နောက် ၁၀ မိနစ်ဆို ကားထွက်တော့မှာ "
" ဟုတ်ပြီ အကို၊တည်းခိုခန်းမှာ ဘိုးတော်လဲ ရောက်နေပြီ။သူ့လဲ သင်္ဘော်သားပဲ၊ နာမည်နဲ့ ဖုန်းနံပါတ် message ပို့လိုက်မယ်။ "
" သူလဲ ပန်းတောင် သွားမှာလား "
" ဟုတ်တယ် အကို၊ သူလဲ ရွှေတူးနေတာ
သင်္ဘော်သားတွေ စုပြီးတော့ "
" သင်္ဘော် မလိုက်ကြတော့ဘူးလား "
" သူက ပန်းတောင်မှာ နေပြီး ကြီးကြပ်တာ
ကျန်တဲ့သူတွေက သင်္ဘော်လိုက်ကြတယ် "
" သူတို့ကော အဆင်ပြေကြလား "
" ၇၀၀ လောက် ရှုံးတယ် "
" အေးလေ လုပ်တိုင်း မအောင်မြင်နိုင်ဘူး ပေါ့၊
ကြားရတာ စိတ်မကောင်းဘူး "
" ဝါဆိုသင်္က်န်းကပ် ကူလုပ်ဖို့ခေါ်တာ။ သူက အချက်အပြုတ်လဲ ကောင်းတယ်။ လမ်းမှာလဲ
အကူအညီ ရအောင်။ လမ်းက အတက်အဆင်း ကြမ်းတယ်။ ကတုံး တစ်ယောက်ထဲ မရဘူး "
" ဘယ်နှယောက် လာမှာလဲ၊ လူများလား "
" အကိုရယ် ကတုံးရယ် ဘိုးတော်ရယ်
ရွှေမုဆိုးကတော်ရယ်၊ ၄ ယောက်ပဲ "
" ရွှေမုဆိုးကတော်က ဘယ်သူလဲ "
" ကတုံး သူငယ်ချင်း၊ သူတို့ လင်မယား နဲ့ ကျနော်တို့ ညီအကို စပ်တူလုပ်တာ "
" ဘယ်လို လုပ်ဖြစ်သွားတာလဲ "
" ကျနော်တို့ အရင်က ရမည်းသင်းမှာ အတူနေကြတာ။ ကျနော်တို့ တပ်ကုန်း ပြောင်းတော့ ကတုံးက စာတော်လို့ ဆရာမက
သူ့အိမ်ခေါ်ထားတယ်။ ရွှေမုဆိုးကတော်က ဆရာမရဲ့ သမီး၊ ရွှေမုဆိုးလဲ ကျနော်တို့ သူငယ်ချင်း ပဲ။ ကျနော်တို့ ညီအကို သင်္ဘော် စီးနေတုန်း ရွှေမုဆိုးက ရွှေတောမှာ လုပ်နေတာ။
မအောင်မြင်တော့ သားမယားအိမ်တောင် မပြန်ဘူး။ ၇ နှစ်ကြာပြီး ရွှေတွင်း အောင်မှ ရမည်းသင်း ပြန်လာတာ။ ကတုံးနဲ့ ပါတ်သက်ပြီး လုပ်ဖြစ်သွားတာ "
" အေးပါ၊ ကားထွက်တော့မယ်၊ ကားပေါ် တက်တော့မယ် "
" ဟုတ် အကို၊ ၁၀၅ မိုင် ရောက်ရင် နာရီဝက်
ကားနားလိမ့်မယ်။ ဖုန်းပြန်ဆက်ဦး "
" Ok "