သိမှတ်​ဖွယ်​ရာဗဗဟုသုတအ​ကြာင်း

Words
58
Reading
1 min
Listen
Play
8y

ချမ်းသာကြွယ်ဝလိုတဲ့ စိတ်ဆန္ဒပြင်းပြလာရင် ချမ်းသာဖို့နည်းလမ်းတွေသင်ရှာကြံလုပ်ကိုင်လာပါမယ်... ဒါဆိုရင် ဘာမှမလုပ်တဲ့သူထက် သင့်မှာ ချမ်းသာချင်တဲ့ စိတ်ဆန္ဒပြင်းပြနေပါပြီ... အဲ့ဒီလိုပြင်းပြတဲ့အတွက် သင်ချမ်းသာဖို့ အများကြီးနီးစပ်သွားပါပြီ... သမ္မတဖြစ်ချင်တဲ့ ဆန္ဒပြင်းပြရင် သမ္မတဖြစ်နိုင်မယ့်နည်းလမ်းတွေ... လူထုထောက်ခံမယ့်အချက်တွေကို သင်ရှာကြံပြင်ဆင်လာပါလိမ့်မယ်... သင့်ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒက သင့်အောင်မြင်မှုဆီကို ခေါ်ဆောင်သွား ပါလိမ့်မယ်...
image
တစ်ချို့ကပြောပါလိမ့်မယ်... သူတို့မှာ ပြင်းပြတဲ့စိတ်ဆန္ဒတော့ရှိပါတယ်... အခုထိမအောင်မြင်သေးဘူးလို့ဆိုပြီး.... မအောင်မြင်ရတဲ့ အကြောင်းရင်းကတော့ အောင်မြင်လောက်တဲ့အထိ စိတ်ဆန္ဒပြင်းပြမှုမရှိသေးလို့ပါပဲ... သင်တကယ်အောင်မြင်ချင်တဲ့အခါ အောင်မြင်မယ့်နည်းလမ်းကိုရှာလာပါလိမ့်မယ်... အောင်မြင်သူတွေဆီကအကြံဥာဏ်ယူပြီး... အောင်မြင်မယ့်လမ်းကြောင်းကို လျှောက်ပါလိမ့်မယ်... ကြုံတွေ့သမျှ အခက်အခဲတွေကို ရင်ဆိုင်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်သွားနိုင်ပါလိမ့်မယ်... အရာရာတိုင်းအတွက် အခြေခံအကျဆုံးကတော့ ပြင်းပြတဲ့ စိတ်ဆန္ဒပဲ ဖြစ်ပါတယ်...
image

ဒါကြောင့် တစ်စုံတစ်ရာကို ဖြစ်ချင် ရယူချင်တဲ့စိတ်ဆန္ဒရှိမယ်ဆိုရင် အဲ့ဒီစိတ်ဆန္ဒကလည်း တကယ်ပြင်းပြလေးနက်ခဲ့မယ်ဆိုရင် သင်သေချာပေါက်အောင်မြင်မှာပါပဲလို့ ရဲရဲဝံ့ဝံ့အာမခံရင်းနဲ့ အဆုံးသတ်လိုက်ပါတယ်... အားလုံးပဲ လိုရာဆန္ဒတစ်လုံးတစ်ဝပြည့်စုံနိုင်ကြပါစေ..
image

Crd by sofialay@sofialay

သိမှတ်​ဖွယ်​ရာဗဗဟုသုတအ​ကြာင်း | Ecency