စပ်​မိစပ်​ရာအ​ကြာင်းအရာ

Words
74
Reading
1 min
Listen
Play
8y

အချိန်နဲ့အမျှတိုးတက်ပြောင်းလဲလာနေတဲ့ ယနေ့ကမ္ဘာကြီးမှာ ခေတ်နဲ့ရင်ပေါင်တန်းနိုင်ဖို့ သင် ယူစရာ skill အသစ်တွေလည်း အမြဲရှိနေပါတယ်။ အများစုရဲ့လက်သုံးစကားကတော့ “ သင်ဖို့ အချိန် မရှိဘူး ” ဆိုတာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲ့ဒီဆင်ခြေ
image
စကားကို ဘဝထဲက ဖယ်ရှားပစ်ဖို့ အခွင့်အရေး ရလာပါပြီ။ အချိန်အများကြီးမပေးရဘဲ နာရီ ၂ဝ တည်းနဲ့ ပညာရပ်အသစ်တစ်ခုကိုတတ်မြောက်အောင် သင်ယူနိုင်မယ့် နည်းလမ်းလေးတွေကို စာရေးဆရာ ဂျို့ရှ်(Josh) က လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ နာရီ ၂ဝ ကို တစ်ရက်တည်းနဲ့အချိန်ပေးရမှာ မဟုတ်ဘဲ တစ်ရက်ကို ၄၅ မိနစ်နဲ့ တစ်လခန့်သာအချိန် ပေးရမှာမို့ လိုက်နာလိုသူများအတွက်လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီနည်းလမ်းလေး တွေကို ဖတ်ကြည့်ကြရအောင်နော်။
၁။ Skill တွေကို တည်ဆောက်သွားပါ။
image
ကိုယ်တကယ်တတ်ချင်သိချင်တဲ့ ပညာရပ်က ဘာလဲဆိုတာ သေချာအောင် အရင်စီစစ်ပါ။ ဘာသာရပ်အများစုဟာ ခေါင်းစဉ်ခွဲဘာသာရပ်အသေးလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် တစ်ခုချင်းစီကို ကျွမ်းကျင်အောင်အရင်လုပ်ပါ။ တစ်ခုကျွမ်းကျင်တဲ့အခါ နောက်တစ်ခုကို ဘယ်လို သင်ယူရမယ်ဆိုတာ အလွယ်တကူသိလာမှာ ဖြစ်ပါတယ်။
image

Crd by sofialay@sofialay

စပ်​မိစပ်​ရာအ​ကြာင်းအရာ | Ecency