စပ်​မိစပ်​ရာအ​ကြာင်းအရာ

Words
84
Reading
1 min
Listen
Play
8y

နာရီ ၁ဝဝ အတွင်း ကမ္ဘာတစ်ဝန်းခရီးသွားခဲ့သူ ၂ ဦး
image
ခရီးသွားတယ်ဆိုတာ လူတိုင်းကြိုက်နှစ်သက်ကြတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာတစ်ဝန်းကို အချိန်တိုအတွင်း သွားရောက်ဖို့ကတော့ ခက်ခဲနိုင်ပါတယ်။ ဒီခရီးသွား ၂ ယောက်ကတော့ ကမ္ဘာပေါ်က မတူညီတဲ့ဒေသကြီးတွေကို နာရီပေါင်း ၁ဝဝ အတွင်း သွားရောက်ပြီး ဂရင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
Julie Berry နဲ့ Kasey Stewart တို့ဟာ နာရီအနည်းငယ် တိုင်ပင်ဆွေးနွေးကြပြီးတဲ့နောက် အခုလို ခရီးသွားဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ မတူညီတဲ့ ဒေသကြီး ၇ ခုကို သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

image
သူတို့ဟာ ဒီခရီးစဉ်ကို ၉၂ နာရီ၊ ၄ မိနစ်နဲ့ ၁၉စက္ကန့်သာ အသုံးပြုပြီး သွားရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေကတော့ သြစတြေးလျတိုက်က ဆစ်ဒနီမြို့၊ အာရှတိုက်က ဒူဘိုင်းမြို့၊ အရှေ့အလယ်ပိုင်းဒေသက ကိုင်ရိုမြို့၊ ဥရောပတိုက်က ဖရန့်ဖတ်မြို့၊ မြောက်အမေရိကတိုက်က တိုရွန်တိုမြို့၊ တောင်အမေရိကတိုက်မှာရှိတဲ့ ဆန်တီယာဂိုမြို့၊ တောင်အမေရိကတိုက် အစွန်ပိုင်းမှာရှိတဲ့ ပွန်တာအာရီနတ်စ်၊ ရေခဲတွေဖုံးလွှမ်းနေတဲ့ အန္တာတိကဒေသတို့ကို သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ ၂ဝ၁၇ ဒီဇင်ဘာ ၁၃ ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ ၄ ရက်သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။
image
crd by sofialay@sofialay

စပ်​မိစပ်​ရာအ​ကြာင်းအရာ | Ecency