စာဖတ်​သူတို့

Words
356
Reading
2 min
Listen
Play
8y

၂၀၁၈ခုနှစ် အတွက် မြန်မာ့အချမ်းသာဆုံး ပုဂ္ဂိုလ် (၁၀) ဦး

ကမ္ဘာ့ကျော် Ranking Organization, Forbes က ၂၀၁၈ ခုနှစ်အတွက်မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး လုပ်ငန်းရှင် ၁၀ ဦး ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူတို့တွေရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ။

Forbes ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက် အောင်မြင်နေတဲ့ လူချမ်းသားတွေရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အပတ်တကုတ်ကြိုးစားမှုတွေ ဆုံးဖြတ်ချက်ခိုင်မှာမှုတွေက အချိန်တွေကြာလာတာနဲ့အမျှ သူ့တို့ကို အချမ်းသာဆုံး တွေအဖြစ် ရောက်ရှိစေခဲ့ပါတယ်။ သူတို့ကို မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အဓိက ပုံဖော်ပေးနေသူတွေအဖြစ်တွေ့ရမှာပါ။

ဘယ်အဖွဲ့အစည်းမှာဖြစ်ဖြစ် ပိုက်ဆံ ဟာ သင့်ရဲ့ အောင်မြင်မှု အဆင့်အတန်းနဲ့ ဂုဏ် အတွက် ပြယုဒ် တစ်ခုပါ။ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့အချမ်းသာဆုံးတွေဟာ သင်ကြားဖူးသိဖူးတွေများပီး သူတို့ ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲ ၊ ဘယ်လိုအကျိုးအမြတ်တွေရလဲဆိုတာ ကို ဖော်ပြသွားမှာပါ။

၁၀။ ဦးအိုက်ထွန်း – $ 1.2 billion

၁၉၄၈ အောက်တိုဘာ ၂၁ဖွား အသက် ၆၉နှစ်အရွယ် ဦးအိုက်ထွန်းဟာ မြန်မာ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူဟာ အိုလံပစ်ဆောက်လုပ်ရေးနဲ့ ၂၀၀၃ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကပိုင် Asia Wealth Bank ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာနဲ့ ဥက္ကဌ တာဝန်ကိုယူထားပါတယ်။

၉။ ဦးခင်ရွှေ – $ 2.3 billion



၁၉၅၂ ခု ဇန်နဝါရီ ၂၁ ဖွား အသက် ၆၆နှစ်အရွယ် ဦးခင်ရွှေ ဟာ မြန်မာနိုင်ငံရဲ့ ၉ဦးမြောက် အချမ်းသာဆုံးပါ။ သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း မဲဆန္ဒနယ် ၉ အတွက် အမျိုးသားလွတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံခဲ့ရပီး ၂၀၁၁ မှ ၂၀၁၆အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၈။ ဦးဌေးမြင့် – $ 2.5 billion



ယုဇန ကုမ္ပဏီပိုင်ရှင် ဝဏ္ဏကျော်ထင် ဦးဌေးမြင့်ဟာ နံပါတ်၈ အချမ်းသားဆုံးဖြစ်ပါတယ်။ သူလည်းပဲ ပြည်သူ့လွှတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပီး southern myanmar ဘောလုံးအသင်းပိုင်ရှင်လည်းဖြစ်ပါတယ်။

၇။ ဦးနီဝင်းထွန်း – $ 3billion



၇ ယောက်မြောက်အချမ်းသားဆုံး ဦးနီဝင်းထွန်းရဲ့ stock ရှယ်ယာတွေအပါအဝင် ပိုင်ဆိုင်မှုဟာ လက်ရှိမှာ ဒေါ်လာ ၃ဘီလီယံရှိပါတယ်။

၆။ ဦးမိုးမြင့် – $ 3.7 billion



ဦးမိုးမြင့် ဟာ မြန်မာ့စီးပွားရေးလောကရဲ့ အအောင်မြင်ဆုံးထဲကတစ်ယောက်ပါ။ သူ့ကို ၁၉၅၂ စက်တင်ဘာ ၁၁မှာ ရန်ကုန်မြို့တွင်မွေးဖွားပါတယ်။ Myint & Accessories Co.,Ltd ပိုင်ရှင် ဦးမိုးမြင့်ဟာ လေကြောင်းဆိုင်ရာ နယ်ပယ်မှာ နှစ်၃၀ အတွေ့အကြုံရှိသူတဦးဖြစ်ပီး MPRL E&P Pte Ltd ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်ပါတယ်။ Asia Drilling Pte Ltd တည်ထောင်သူဖြစ်ပီး လေကြောင်းလောကမှအနားယူချိန်မှာ Interaero Inc ရဲ့ ဥက္ကဌ အဖြစ်တာဝန်ယူနေပါတယ်။

၅။ ဦးအောင်သက်မန်း – $ 4.2 billion

ရွှေမန်းကိုကို လို့လူသိများတဲ့ ဦးအောင်သက်မန်းဟာ မြန်မာ့အကြီးစားကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဧရာရွှေဝါ ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးပါ။ အခုချိန်ထိ ဦးအောင်သက်မန်းရဲ့ ပိုင်ဆိုင်မှုဟာ stock ရှယ်ယာတွေအပါအဝင် ၄.၂ ဘီလီယံရှိပါတယ်။

၎။ ဦးဇော်ဇော် – $ 5 billion

အအောင်မြင်ဆုံးလုပ်ငန်းရှင် မက်(စ်)မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ဟာ ကျောက်မြတ်၊ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာဆိုင်ရာ၊ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ရော်ဘာ စသည်တို့ကိုလုပ်ကိုင်ပါတယ်။ ၂၀၁၅ခုနှစ်ကစပီး မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပါတယ

၃။ ဦးပြေအောင် ဦးနေအောင် – $ 5 billion
သူတို့နှစ်ဦးဟာ ဦးတေဇလောက် ငွေမရှာနိုင်ပေမဲ့ ဦးအောင်သောင်းရဲ့ သားတွေဖြစ်တဲ့ သူတို့ဟာ ဦးသန်းရွှေရဲ့ စစ်အစိုးရခေတ်မှာ သူ့အဖေရဲ့ စီးပွားရေးဖြစ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ်။

၂။ ဦးထွန်းမြင့်နိုင် – $ 5.5 billion

ဘိန်းဘုရင် လော်စစ်ဟန်ရဲ့ သားဖြစ်သူ ဦးထွန်းမြင့်နိုင်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Asia World ပိုင်ရှင်ဖြစ်ပါတယ်။ သူ့ကို စတီဗင် လော လို့လည်းလူသိများပီး မကွေးအသင်းပိုင်ရှင်ဖြစ်ပါတယ်။

၁။ ဦးတေဇ – $7 billion

ဦးတေဇဟာ မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပီး ထူး ကုမ္ပဏီ ပိုင်ရှင်ဖြစ်ပါတယိ။ သူဟာ ဦးသန်းရွှေနဲ့ ပတ်သတ်မှုရှိပီး Forbes မှာဖော်ပြခံရတဲ့ ပထမဆုံး မြန်မာနိုင်ငံသားလုပ်ငန်းရှင်ပါ။ သူရဲ့ပိုင်ဆိုင်မှု အားလုံးပေါင်းဟာ ၇ဘီလီယံထိရှိပါတယ်။

Ref ; michitimes.com

MYANMAR MILLIONAIRES- TOP 10 RICHEST PEOPLE IN MYANMAR 2018
image
Writer- စပွန့် (Daily Hot News)

Previous articleတောတွင်းသတ္တဝါတွေနဲ့ အတူနေထိုင်ရင်း ကြီးပြင်း လာခဲ့ကျတဲ့ ကလေး ( ၁၀ ) ဦး

Next articleကမ္ဘာပေါ်မှအ



ခရစ်စမတ်ပါတီတွင် အမြင့်သံသီချင်းများသီဆိုပြီးနောက် စင်ကာပူမော်ဒယ်သေဆုံး

ထူးဆန်းထွေလာ March 20, 2018



အရမ်းလှတဲ့ကောင်မလေး နဲ့ ကိုယ်အင်္ဂါချို့တဲ့နေတဲ့ ကောင်လေးတို့ ရဲ့ စိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်း

ထူးဆန်းထွေလာ March 31 2018

 image

ဟိုက်ဒရိုဂျင်ဗုံးဆိုတာ ဘာလဲ.. ? ပေါက်ကွဲအား ဘယ်လောက်အထိပြင်းထန်သလ

Crd by cheerylay@cheerylay

စာဖတ်​သူတို့ | Ecency