ဗဟုသုတအ​ကြာင်းအရာ

Words
53
Reading
1 min
Listen
Play
8y

လက်ရှိဘဝထက် တိုးတက်အောင်မြင်လာဖို့ လုပ်ဆောင်သင့်တဲ့ ရိုးရှင်းတဲ့နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ သိအောင်လုပ်ပါ။ ကိုယ်ရဲ့ရည်မှန်းချက်ကဘာလဲ ဆိုတာကိုသေချာသိနိုင်မှ အဲဒီရည်မှန်းချက်တွေအောင်မြင်နိုင်ဖို့ နည်းလမ်းကောင်းတွေရှာဖွေနိုင်မှာဖြစ်ပါတယ်။

 image

(၂) အလှအပနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို ဒုတိယဦးစားပေးအဆင့်မှာထားပါ။ ဒါတွေကိုပထမဦးစားပေးနေရမှာ ထားတာကအကြီးမားဆုံးအမှားပါပဲ။ ငွေကုန်ကြေးကျခံပြီး ကိုယ်ခန္ဓာ လှပဖို့ဦးစားပေးလိုက်တာက ဘဝအတွက်အရေးတကြီးလုပ်ရမယ့် အရာတွေကိုနှောင့်နှေးစေပါတယ်။ ဒါကြောင့်အရင်ဆုံး သင့်ရဲ့အတွေးအခေါ်တွေ၊ စိတ်ခံစားမှုနဲ့ တီထွင်နိုင်မှုစွမ်းအားတွေ တိုးတက်အောင်မြင်လာ တော့မှ ကိုယ်ခန္ဓာအလှအပရေးရာကို နောက်တစ်ဆင့်အနေနဲ့လုပ်ဆောင်သင့်ပါတယ်။

 image

(၃) မနက်မိုးလင်း ဒါမှမဟုတ်နေ့လည်အနားယူရတဲ့အချိန်တွေမှာ ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ ၁၀မိနစ်ခန့်လမ်းလျှောက်ပေးပါ။ အဲဒီလိုလမ်းလျှောက်နေတဲ့အချိန်မှာ ဘဝမှာကိုယ်တိုင်အားထုတ်လို့ လုပ်ဆောင်ခဲ့ရာကနေ အောင်မြင်မှုရရှိပြီးကျေနပ်ခဲ့တဲ့ အကြောင်းအရာတွေကိုပြန်လည်စဉ်းစားပါ။ ဒါတွေကိုပြန်တွေးတာက ကိုယ့်ရဲ့အစွမ်းအစတွေကို နောက်ထပ်ပိုတိုးတက်အောင် ဘယ်လိုလုပ်ဆောင်ရင်ကောင်းမလဲဆိုတဲ့ စိတ်ကူးကောင်းတွေ ရလာနိုင်ပါတယ်။
image

Crd by sofialay@sofialay

ဗဟုသုတအ​ကြာင်းအရာ | Ecency