တံတား

Words
62
Reading
1 min
8y
Listen to this post
~1 min

တံတားလို့ဆိုလိုက်တာနဲ့ ချောင်းတွေ၊ မြစ်တွေကိုဖြတ်ကျော်တည်ဆောက်ထားတဲ့ တံတားတွေကိုသာ တွေ့မြင်ဖူးကြမှာပါ။
ဒီတံတားကတော့ ပင်လယ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့တံတားဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုပင်လယ်အော်နဲ့ ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးထားတဲ့တံတားဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုနဲ့ မာရင်ကောင်တီတို့ကို ဆက်သွယ်ပေးတဲ့တံတားဖြစ်ပါတယ်။

ဒီတံတားကို ၁၉၇၉ ခုနှစ်မှာ အများပြည်သူအသုံးပြုနိုင်ဖို့ စတင်ဖွင့်လှစ်ခဲ့ပြီး တံတားအရှည် ပေ ၉ ထောင်ကျော်ရှည်လျားပါတယ်။ တံတားပြီးစီးချိန်မှာ ကမ္ဘာ့အရှည်ဆုံးတံတားတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီတံတားထက်ပိုရှည်တဲ့တံတား ၈ စင်းခန့်ရှိနေပြီဖြစ်ပါတယ်။

သံမဏီတွေအဓိက အသုံးပြုတည်ဆောက်ထားတာဖြစ်ပြီး ကမ္ဘာ့အလှဆုံးတံတားတစ်ခုအဖြစ်လည်း ရှုမြင်ကြပါတယ်။ ဒီတံတားရဲ့ ဒီဇိုင်းကို ဂျိုးဇက်စတူးရပ်၊ အိုင်ဗင်မော်ရိုးနဲ့ ချားလ်အယ်လစ်တို့က ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ ပြီးစီးတဲ့အတွက် ၄ နှစ်ကြာမြင့်ခဲ့ပါတယ်။

တံတားအပေါ်နေ့စဉ်သွားလာနေတဲ့ယာဉ်အရေအတွက် တစ်သိန်းတစ်သောင်းခန့်ရှိပြီး ထရပ်ကားတွေတော့ ဖြတ်သန်းသွားလို့မရဘူးလို့ သိရပါတယ်။ တံတားအကျယ်က ပေ ၉ဝ ခန့်ရှိပြီး အမြင့်ကတော့ ၇၄၆ ပေရှိပါတယ်။

တံတား | Ecency