နားကြပ် ကောင်းကောင်း ရွေးကြမယ်
နားကြပ်တွေ ရွေးချယ်တဲ့ အခါမှာ ကိုယ်ဘာအတွက် အသုံးပြုမယ်၊ ဘယ်လိုနေရာတွေမှာ အသုံးပြုမယ် ဆိုတာ အဓိက စဉ်းစားရပါတယ်
ကိုယ်က ဂျင်မ်ကစားရင်း သီချင်းနားထောင်ချင်တယ်၊ မနက်ခင်း လက်လျှောက်ထွက်ရင်း၊ အပြေးလေ့ကျင့်ရင်း သုံးချင်တယ်ဆိုရင်တော့ Earbud တွေ သုံးဖို့ အဆင်မပြေပါဘူး။
Earbud ဆိုတာကတော့ အတွေ့ရအများဆုံး နားကြပ်တွေပါ။ ဖုန်းတွေ ၀ယ်တဲ့အခါပေးတဲ့ Default နားကြပ်တွေ အားလုံးက Earbud တွေပါ။ သူ့ရဲ့ အားသာချက်က ဈေးသက်သာတယ်၊ ပေါ့ပါးတယ်။ ဒါပေမယ့် ပြင်ပအသံတွေ ဖြတ်တောက်ပေးတာတော့ အားမကောင်းသလို နားထိပ်ဝလေးမှာပဲ စွပ်ရတာ ဖြစ်လို့ အလွယ်တကူ ပြုတ်ကျနိုင်ပါတယ်။
လှုပ်လှုပ်ရှားရှာ အချိန်တွေမှာ သုံးဖို့ အတွက် သင့်တော်တဲ့ နားကြပ်တစ်မျိုးကတော့ In Ear Monitor (IEM) ဆိုတဲ့ နားကြပ်အမျိုးအစားတွေ ဖြစ်ပါတယ်။ Earbud တွေထက် နားထဲကို ပိုရောက်သလို ဘေ့စ်သံတွေ ပိုကောင်းမယ်။ သူ့ရဲ့ အားနည်းချက်ကတော့ ဖြုတ်တဲ့ တပ်တဲ့အခါ အများစုက နားရဲ့အပေါ်ကို ချိတ်ရတာဖြစ်လို့ အလုပ်တော့ နည်းနည်း ရှုပ်ပါတယ်။
နောက်တစ်ခုကတော့ On Ear အမျိုးအစားပါ။ သူ့မှာတော့ အသံစနစ်တွေက တော်တော်လေး ကောင်းပါတယ်။ ရှိုးပွဲထဲမှာ တကယ်နားထောင်နေရသလို သူ့အသံအလိုက် နေရာအနှံ့ကနေ ကိုယ့်ဆီပျံ့လွင့်လာတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။ ဈေးလည်းအပေါ်က ပြောခဲ့တာတွေထက် ပိုမြင့်ပါတယ်။ အားနည်းချက်ကတော့ သယ်ရပြုရ မလွယ်ကူပါဘူး။
သူ့ထက်ကောင်းတာကတော့ Over Ear တွေပါ။ Over Ear ကို ဥပမာ ပေးရရင် Beats Pro လို နားကြပ်မျိုးတွေ ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာမှာ ပြောစရာမရှိအောင်ကို ကောင်းလာပါတယ်။ ဒါပေမယ့် အားနည်းချက်ကတော့ On Ear နဲ့ အတူတူပါပဲ။ အပြင်သွားလာတဲ့အခါ သယ်ဆောင်သွားရတာ နည်းနည်း ကရိကထများကြီး ဈေးကလည်းကြီးပါတယ်။