မ​ကောက်​သင့်

Words
78
Reading
1 min
8y
Listen to this post
~1 min

လှပတဲ့လက်စွပ်လေးတွေ၊ ပိုက်ဆံအပြည့်နဲ့ အိတ်တွေ၊ အကြွေစေ့ဟောင်းတွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေ လမ်းပေါ်မှာကျနေတာတွေ့ရင် လူတော်တော်များများက ကောက်ယူချင်တဲ့စိတ်တဖွားဖွား ဖြစ်ပြီး ယူမိကြမှာပါ။
ဒါပေမဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လမ်းမှာကျနေတဲ့အရာတွေကို မကောက်ယူသင့်ပါဘူး။ အလွယ်တကူ ကောက်ယူလိုက်တာရဲ့ အကျိုးဆက်က ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာမှာသွားပြီးထိခိုက်စေနိုင်ပါတယ်။

(၁) နားကြပ်

နားကြပ်ဆိုတာ များသောအားဖြင့်တော့ တစ်ကိုယ်ရည်သုံးပစ္စည်းတစ်ခုပါ။ နားကြပ်မှာ မမြင်ရတဲ့ ဘတ်တီးရီးယား ပိုးမွှားတွေအများကြီး ကပ်နေနိုင်ပါတယ်။ မသန့်ရှင်းတဲ့နားကြပ်ကို ကောက်ယူ အသုံးပြုမိရင် ဘတ်တီးရီးယားတွေကတဆင့် ရောဂါပိုးကူးစက်မှုတွေ ဖြစ်နိုင်ပါတယ်။

(၂) ဓား၊လက်နက်

မတော်တဆ လမ်းမှာဓားတွေကျနေတာတွေ့ရင် ကောက်ဖို့လုံးဝမစဉ်းပါနဲ့။ အဲဒီဓားတွေက ကိုယ့်ရဲ့ လုံခြုံရေး ကိုတောင်ပြန်ပြီး ချိန်းခြောက်နိုင်ပါတယ်။ လက်နက်တွေဟာဆိုရင်လည်း ပြစ်မှုတစ်ခုခုနဲ့ ပတ်သက်ဆက်နွယ် နေတာမျိုးလည်း ဖြစ်နိုင်တာကြောင့် ဖြစ်နိုင်ရင်ဒီလိုပစ္စည်းတွေတွေ့ရင် ဝေးဝေးရှောင်တာ အကောင်းဆုံးပါ။

(၃) အပ်

လမ်းပေါ်မှာတွေ့တဲ့ တစ်ခါသုံးပြွတ်တွေ၊ ဆေးထိုးအပ်တွေနဲ့ ပင်အပ်တွေကို လုံးဝမကောက်ယူသင့်ပါဘူး။ ဆေးထိုးအပ်တွေမှာဆိုရင် ကူးစက်ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေပါ ကပ်နေနိုင်တာကြောင့် အန္တရာယ်များပါတယ်။

(၄) ဆင်းကတ်

ဖုန်းဆင်းကတ်တွေတွေ့လို့ အလွယ်တကူကောက်ယူလိုက်တာမျိုးမလုပ်သင့်ပါဘူး။ ဒါက ခိုးရာပါပစ္စည်းမှာပါတဲ့ ဖုန်းဆင်းကတ်လည်း ဖြစ်နိုင်တာကြောင့် အဲဒီဆင်းကတ်ကို သုံးမိရင် ကိုယ့်ရဲ့နောက်ကို ခြေရာခံလိုက်နိုင်ပါတယ်။