အစား

Words
78
Reading
1 min
8y
Listen to this post
~1 min

ဒီတစ်ပတ်ရဲ့ Food Recipe ကဏ္ဍမှာတော့ ငှက်ပျောပေါင်မုန့်လုပ်နည်းအကြောင်း တင်ပြချင်ပါတယ်။
ငှက်ပျောပေါင်မုန့်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ - ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆား၊ သစ်ကြံပိုးမှုန့်၊ wheat germ၊ ထောပတ်၊ သကြားမှုန့်အဖြူ၊ ခြစ်ထားတဲ့သံပုရာခွံ၊ ငှက်ပျောသီးမှည့်၊ ကြက်ဥ တို့ဖြစ်ပါတယ်။

ပြုလုပ်ပုံကတော့ oven ကို ကြိုဖွင့်ထားပါ။ ပေါင်မုန့်ဖုတ်ခွက်ကို အဆီသုတ်ပြီး ဂျုံမှုန့်ဖြူးထားပါ။ အဲဒီနောက်မှာတော့ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆား၊ သစ်ဂျပိုးမှုန့်တို့ကို ပန်းကန်လုံးတစ်လုံးအတွင်း ဇကာကနေ တစ်ဆင့်ထည့်ပါ။ ပြီးရင် wheat grem ထည့်ပြီး မွှေပါ။ ပြီးရင်တော့ ပန်းကန်လုံး တစ်လုံးမှာ ထောပတ်ကို သကြား၊ သံပုရာခွံတို့နဲ့အတူ ရောစပ်ပြီး ခေါက်မွှေပါ။ အဲဒီပန်းကန်လုံးထဲမှာပဲ ငှက်ပျောသီးတွေကို ချေပြီး ထည့်မွှေပါ။ အဲဒီနောက်မှာတော့ တခြားပန်းကန်လုံးထဲမှာ မွှေထားတဲ့ ဂျုံမှုန့်အရောအနှောကို ပေါင်းထည့်ပြီး နှံ့အောင်မြန်မြန်မွှေပါ။ မွှေပြီးရင်တော့ အသင့်ပြင်ထားတဲ့ ပေါင်မုန့်ဖုတ်ခွက်အတွင်း ခပ်ထည့်ပါ။ ပြီးရင် တစ်နာရီခန့်ကြာအောင် oven ထဲထည့်ပြီး ဖုတ်ပေးပါ။ ပြီးရင်တော့ မုန့်ကို ကျက်မကျက်စမ်းပါ။ အဆင်ပြေရင်တော့ အပြင်ကို ထုတ်ပြီး ၅ မိနစ်ခန့် အအေးခံပြီး သုံးဆောင်နိုင်ပါပြီ။

အစား | Ecency