မိမိရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ အရေးကြီးသလိုပဲ ကိုယ်နေအိမ်ဟာလည်း ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အခြေအနေမှာ ရှိသင့်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်နေအိမ်လေး သန့်ရှင်းသပ်ရပ်ပြီး ရောဂါပိုးမွှားသယ်ဆောင်နိုင်တဲ့ အင်းဆက်နဲ့ ဘက်တီးရီးယားတွေ မကိန်းအောင်းနိုင်အောင် လုပ်ဆောင်သင့်တဲ့ အချက် ၅ ချက်ကို ပြောပြပေးချင်ပါတယ်။
၁။ နေအိမ်ထဲမှာရှိတဲ့ အရာဝတ္ထပစ္စည်းပစ္စယအားလုံးကို သူ့နေရာနဲ့သူ စနစ်တကျသတ်မှတ်ထားရှိပါ။ မီးဖိုချောင်သုံးပစ္စည်းက မီးဖိုချောင်မှာ၊ အိပ်ရာမှာထားသင့်တဲ့ပစ္စည်းတွေက အိပ်ခန်းမှာ စနစ်တကျ ထားရှိပါ။
၂။ အိမ်ရဲ့မျက်နှာကျက်ကို ဖုန်နဲ့ ပင်ကူမျှင်တွေ ကပ်မနေစေဖို့ လှည်းကျင်းပါ။ ဖုန်မှုန့်တွေကလည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၃။ ခေါင်းအုံးစွပ်၊ အိပ်ယာခင်းစသည်တို့ကို အနည်းဆုံးတစ်လတစ်ကြိမ်ဆေးကြော လျှော်ဖွတ်ပါ။ ဆိုဖာခုံများကို ရေဆိုဝတ်ဖြင့် တိုက်ချွတ်ဆေးကြောပါ။ မိမိရဲ့ အ၀တ်အစားများကို ပုံမှန်လျှော်ဖွတ် မီးပူတိုက်ပြီး လုံခြုံစွာသိမ်း ဆည်းပါ။
၎။ ရေချိုးဇလား၊ ရေပုံး၊ ရေခွက်၊ ရေပိုက်ခေါင်း စတာတွေကို အနည်းဆုံး ၁၅ ရက်တစ်ကြိမ်လောက် ဆေးကြေပါ။ မီးဖိုချောင်ထဲက အသုံးအဆောင်ပစ္စည်း၊ ပန်းကန်စင်၊ ကြောင်အိမ်၊ စားပွဲ အားလုံးကို သန့်ရှင်းအောင် တိုက်ချွတ်ဆေးကြောပါ။
၅။ အမှိုက်တွေကိုလည်း ဖြစ်နိုင်မယ်ဆိုရင် နေ့စဉ်စွန့်ပစ်ပေးဖို့ လိုအပ်ပါတယ်။ အမှိုက်တွေကနေတဆင့် မသန့်ရှင်းတဲ့ရောဂါပိုးမွှားတွေ ပေါက်ဖွားလာစေနိုင်ပါတယ်။ မီးဖိုချောင်မှအစ အခန်းတိုင်းမှာ Air fresher သုံးစွဲခြင်း သို့မဟုတ် Fragrance အမွှေးထုပ်များ ချိတ်ဆွဲထားပါ။