Come Back Wake Up

Words
348
Reading
2 min
Listen
Play
9y

လူတိုင်းသောကကိုယ်စီ ရှိဖူးမယ်ထင်တယ်..
သောကဖြစ်စရာနဲ့ကြုံရင် ရှိမှာပေါ့..
အခုမရှိလည်း.. အရင်ကရှိခဲ့ဖူးမှာပဲ.. အနည်းအများတော့ကွာမယ်..

သောကကို ဖြေဖျောက်ဖို့ အတွေ့အကြုံရင့်ကျက်တာတော့ လိုတာပေါ့..
မြွေပေါက်တာ လောကဓံဆိုရင်..
ထီပေါက်တာလည်း လောကဓံပဲ..
ကိုယ်မလိုချင်တဲ့ အခြေအနေကို သောကလို့ခေါ်ကြတာပေါ့..

လက်တွေ့ပြုပြင်နေထိုင်လိုက်ခြင်းကသာ နေသာထိုင်သာရှိစေတာပါ..
image
ဘဝဟာ ၁ကပြန်စဖို့ လွယ်ရဲ့လား
ကျဆင်းသွားတဲ့စိတ်ဓါတ်တွေပြန်ထူထောင်
ဖို့ လွယ်ရဲ့လား

တခါတုန်းက အမယ်အိုကြီးတစ်ယောက်ဟာ အာရုဏ်တတ်တိုင်း ကြေးစည်သံ
တလွင်လွင်နဲ့ ဘုရားရှိခိုးရင်း အရပ်ရှစ်မျက်နှာကို မေတ္တာပို့ လေ့ရှိတယ်...
သူ့ ဘုရားရှိခိုးသံကိုကြားရတဲ့အခါ
အေးချမ်းမှုကို ခံစားကြရတာပေါ့...
ဒီလိုနဲ့  တစ်နေ့ ကျတော့ အမယ်အိုကြီးရဲ့ ဘုရားရှိခိုးသံကို မကြားရတော့ဘူး... သုံးရက်လောက်ဆက်တိုက်မကြားရတဲ့အခါ ရွာသားတွေဟာ သိပ်သိချင်လာတယ်
အမယ်အိုကြီး ဘာပူဆွေးစရာများ ကြုံနေရလဲဆိုတာကိုပေါ့...

ရွာလူကြီးကိုယ်တိုင်သွားကြည့်တော့ အိမ်တိုင်လေးမှာ မှီပြီး ငိုင်နေတဲ့
အမယ်အိုကြီးကို မြင်တယ်

''အမေ ဘာစိတ်မကောင်းစရာ တွေများကြုံနေရလဲဗျာ''

''သူကြီးရယ် ကျမစုထားတဲ့ ငွေတစ်ရာ အခိုးခံလိုက်ရတယ်သူကြီးရယ် ဒါကျမရဲ့ အိုစာမင်းစာပါ လုပ်ရက်လိုက်တာရှင်''တဲ့

ဒီတော့မှ ရွာသားတွေလည်း အမယ်အိုကြီး ဘာကြောင့် ဘုရားမရှိခိုးနိုင်လဲသိသွားတယ်

သူကြီးက ဆော်သြတယ်
''ကဲ ရွာသူရွာသားတော့ ဒီအမယ်အိုကြီးက သားထောက်သမီးခံလည်း ရှိတာမဟုတ်ဘူး...
ငါတို့  တွေကပဲ သူ့ ကို အမေတစ်ယောက်လို စောင့်ရှောက်ရမယ့် ဝတ္တရားရှိတယ်
အခုသူခံစားနေရတဲ့ ဝေဒနာသက်သာအောင် သူပျောက်သွားတဲ့ ငွေတစ်ရာကို တို့  တွေစုပြီး ပြန်ပေးကြတာပေါ့
ဘယ်သူဘယ်လောက်ထည့်ရ
မယ်လို့ မသတ်မှတ်ဘူး
စေတနာရှိသလောက်ထည့်ကြ''

ရွာကစုပြီး ငွေထည့်ကြတဲ့ အခါ ငွေတစ်ရာ ပြည့်သွားတယ်
သူကြီးကို ဒီငွေကို အမယ်အိုကြီးထံသွားပေးတော့ အမယ်အိုကြီးက ကျေးဇူးတင်ရှာပါတယ်
ရွာသားတွေထင်တာ နောက်တစ်နေ့  မနက်မှာ ဘုရားရှိခိုးသံ ပြန်ကြားရမယ်ပေါ့...

ဒါပေမယ့် နောက်တစ်နေ့ မှာလည်း ဘုရားရှိခိုးသံမကြားရသေဘူး
ဒါနဲ သူကြီးက ဘာများဖြစ်နေပြန်ပြီလည်းလို့  သွားကြည့်တော့
အမယ်အိုက အိမ်တိုင်ကိုမှီပြီး ငိုင်နေတုန်းပဲ
''ဟာ အမေ အမေပျောက်တဲ့ပိုက်ဆံလည်း ပြန်ရနေပြီပဲ ဘာတွေများ ဝမ်းနည်းနေပြန်တာလဲ''

''ဒါကျမပျောက်တဲ့ပိုက်ဆံမှ မဟုတ်တာ ရွာကစုပေးတဲ့ပိုက်ဆံဟာကို... ကျမပျောက်တဲ့ပိုက်ဆံနဲ့  ဒီပိုက်ဆံပေါင်းရင် ၂၀၀တောင်ရှိမှာ လို့ တွေးမိပြီး ဝမ်းနည်းနေတာပါတော်''တဲ့

ဒီဝေဒနာကို ဘယ်လိုကုသကြမလဲ
ကိုယ်ကိုယ်တိုင်ကုမှပျောက်မယ့် မရောင့်ရဲခြင်းရောဂါတစ်ခု...
ပြသနာတစ်ခုကြုံတိုင်းမှာ ဖြေရှင်းဖို့  မကြိုးစားပဲ ပူဆွေးဖို့ ကြိုးစားကြတာ ပျော့ညံ့သူတို့ သဘာဝပါ...

ချာလီချက်ပလင်က သူ့ ပရိတ်သတ်ကို ဟာသတစ်ခုပြောပြ တယ်
ပရိတ်သတ်က ဝါးလုံးကွဲရယ်မောတယ်
အဲ့ဒိဟာသကိုပဲ ချာလီက ဒုတိယအကြိမ်ထပ်ပြောတယ်
သိပ်မရယ်ကြတော့ဘူး
တတိယအကြိမ် အဲ့ဒိဟာသကိုပဲ ထပ်ပြောတယ် လုံးဝမရယ်ကြတော့ဘူး
ဒီတော့မှ ချာလီက
''ခင်ဗျားတို့ က ဟာသတစ်ခုကို အကြိမ်ကြိမ်ရယ်ပေးဖို့  ဆန္ဒမရှိပေမယ့်
ဘာလို့ များ ဒုက္ခတစ်ခုကို အကြိမ်ကြိမ်ပူဆွေးနေရတာလဲ''တဲ့

တွေးခေါ်တတ်တဲ့ဦးနှောက်ရယ် ရှင်သန်ခွင့်ရယ် ရှိနေသမျှ ကျနော်တို့  ဘယ်တော့မှ မရှုံးဘူး...
''ရှုံးတယ်ဆိုတာ ကိုယ်က အရှုံးပေးမှ ရှုံးတာပါ''တဲ့ ဘဝက အဲ့ဒိလို ပြဋ္ဌာန်းထားတယ်...

ရည်းစားနဲ့ ပြတ်တယ်...
အိမ်မီးလောင်တယ်
အလုပ်ပြုတ်တယ်
အိုး... ဘဝမှာ ကြုံစရာ လောကဓံတွေမှ အများကြီး
image
သင့်ကိုဓါးတစ်ချောင်းပေးတဲ့အခါ ဓါးရိုးကယူမလား ဓါးဦးက ယူမလား လို့  တာရာမင်းဝေက မေးပြဖူးတယ်
ဟုတ်ကဲ့ ဓါးဦးကပဲပေးပေး ဓါးရိုးကပဲပေးပေး... ဓါးရိုးကသာယူရမှာပါ...

လောကမှ အကောင်းလောကဓံလည်းရှိရဲ့ အဆိုးလောကံဓံလည်းရှိရဲ့
ထီပေါက်တာဟာ လောကဓံဖြစ်သလို မြွေပေါက်တာဟာလည်း လောကဓံပဲဖြစ်တယ်
ဘယ်လိုပဲပေးပေး ဓါးရိုးက ယူရမယ်

နှလုံးရောဂါသည်တွေ ပိုနားလည်မှာပါ
ဝမ်းနည်းလွန်းရင်လည်း heart attackဖြစ်တတ်သလို
ဝမ်းသာလွန်းရင်လည်း heart attackဖြစ်တတ်တယ်
ဆူကြုံ နိမ့်မြင့်လောကဓံကို ခံနိုင်ရည်ရှိဖို့ က ရင့်ကျက်ဖို့ လိုတယ်
ဒါဟာ သမာဓိသဘောဖြစ်တယ်
နှလုံးသွင်းမှန်ခြင်းဆိုတဲ့ ယောနိသောမနသီကာရလည်း ဖြစ်တယ်
အပြုသဘောတွေးခြင်း(positive thinking)ဆိုတဲ့ ယထာဘူတလည်း ဖြစ်တယ်

ကလေးကို အပ်နဲ့ ထိုးရင်လည်း နာမှာဖြစ်သလို လူကြီးကို အပ်နဲ့  ထိုးလည်း နာမှာပဲ ဖြစ်တယ်
နောက်ဆက်တွဲ ဝမ်းနည်းမှုဟာ
ရင့်ကျက်မှုမတူတာနဲ့ အမျှ ကွာခြားသွားမှာပဲ...

အိန္ဒိယမှာ ကျော်ကြားခဲ့ဖူးတဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက်ရဲ့ ဒဿ နလေးရှိတယ်.

နာရင်နာတယ်မှတ်တဲ့
လှရင်လှတယ်မှတ်တဲ့
ရိုးသလိုနဲ့ လေးနက်ပါတယ်

နာတဲ့အခါ နာတယ်ဆိုတဲ့ အသိမှာရပ်လိုက်...
ဝမ်းနည်းတဲ့ ဝေဒနာဆီမသွားနဲ့  ဒေါမနသဝေဒနာဆီမသွားနဲ့  နာရင်နာတယ်
လို့ ပဲမှတ်...
ဝေဒနာဆီမရောက်အောင်သတိနဲ့  ရပ်ဖို့  ပညာရှင်က အကြံပြု ခဲ့တယ်

လှတာမြင်တဲ့အခါလည်း လှတယ်ဆိုတဲ့အဆင့်မှာတင်ရပ် လိုချင်လိုက်တာ ပိုင်ဆိုင်ချင်လိုက်တာဆိုတဲ့ လောဘဆီမကူးနဲ့  ... သတိနဲ့  ရပ်ပါလို့ ဆိုလိုတယ်...
ဒါပေမယ့် ရည်ရွယ်ချက်ရှိတယ်
''စိတ်အေးချမ်းဖို့ ရည်ရွယ်ချက်''

အတွေးမှားပြီး ရယူလိုစိတ်အတွက် ပိုင်ဆိုင်နိုင်စွမ်းကို သတ်ပစ်ပါလို့  မဆိုလိုပါဘူး

ဥာဏ်နဲ့ ချင့်ချိန်ပါ အပြု သဘောဆောင်ပါ
သေရာကပြန်မရှင်နိုင်တဲ့သူအတွက် ဖြေသိမ့်တတ်ဖို့  ... ပြောခဲ့တာ..
လဲပြိုရာမှာ င်ုမနေပဲ ပြန်ထနိုင်ဖို့ 
အကြံတွေပြု ခဲ့တာ...
သောကရောက်နေတဲ့စိတ်ကို အရင်ကုစားပါ...
သောကနဲ့ စားတဲ့ ထမင်းဟာ အရသာမရှိဘူး
သောကနဲ့ လျှောက်တဲ့ ခြေလှမ်းဟာအင်အားမရှိဘူး...

လဲပြိုနေတယ်လို့ ခံစားမိရင် လုပ်စရာတစ်ခုပဲရှိတယ်
အဲ့ဒါ ''ပြန်ထရဲဖို့ ''ပါ
image
Writer by@soesandar
SMT 13

Come Back Wake Up | Ecency