💰💰သင့်အတွက် စိတ်ဓာတ်ခွန်အား 💰💰

Words
90
Reading
1 min
Listen
Play
9y

သင့်အတွက် စိတ်ဓာတ်ခွန်အား

***သင်ကိုယ့်သင် ကြိုတင်မြင်ယောင်တဲ့
ပုံရိပ်တွေထင်ရှားလာလေ သင် အဲဒီ
အတိုင်း ပုံပေါ်လာလေ လက်တွေ့အ
ကောင်အထည်ဖော်ဆောင်နိုင်လေ
ဖြစ်ပါလိမ့်မယ်။****

တစ်နည်းဆိုရရင် သင် ခိုင်ခိုင်မာမာ
ယုံကြည်တဲ့အတိုင်းသာ ဖြစ်တည်ပုံ
ပေါ်လာနိုင်တာ ဖြစ်ပါတယ်။

အကယ်၍ သင်ဟာ မနက်ဖြန်ပေါင်း
များစွာကိုလည်း ဒီနေ့လိုပဲ ခိုင်မာတဲ့
ယုံကြည်ချက်တွေ ဆက်တိုက်ထည့်
ပေါင်းမနေနိုင်ဘူး၊ ဖြစ်လာသမျှကိုသာ
လက်ခံနေမယ်ဆိုရင်တော့ သင် အမြဲ
လိုလို စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံဆုံ
နေရမှာပဲ။

သင်မှာ ခိုင်မာကြံ့ခိုင်မှုတစ်ခုခု မရှိလေ
လောကဓံတရားက မာကြောမှုကိုပြ
လေ သင့်ကိုယ်သင် တွေးမိတိုင်း စိတ်
အားငယ်လေ ဖြစ်နိုင်လို့ပါ။

လောကရဲ့သဘောက ကိုယ်ပျော့ရင်
သူမာတယ်။ ကိုယ်​မာရင် သူပျော့တယ်။

ငယ်ငယ်က တော်တော်များများပြောဖူး
တဲ့စကားလေးအတိုင်းပါပဲ။ သူတော်လို့
မဟုတ်ဘူး။ ကိုယ်ညံ့လို့။

တကယ်တော့ ပြောင်းလဲရွေ့လျားနေတဲ့
လောကဓံတရားက တော်လွန်းနေလို့ မ
ဟုတ်ပါဘူး။ အဲဒီလောကဓံတရားရဲ့ရွေ့
လျားမှုတွေအပေါ် လိုက်လျောညီထွေ
ဖြစ်အောင် လိုက်ပြီး မယိမ်းနွဲ့နိုင်တဲ့ကိုယ်
ညံ့လို့ပါ။

Present By

smallbutterfly@smallbutterfly

I am Waiting Upvote From

good-karma@good-karma

fruz@fruz

hr1@hr1

esteemapp@esteemapp

image

Photo From Google.com

💰💰သင့်အတွက် စိတ်ဓာတ်ခွန်အား 💰💰 | Ecency