မတန်​ဘူး

Words
42
Reading
1 min
Listen
Play
8y

ကျားဆိုမှ ကျား ၊
တုံးတိုက်တိုက် ကျားကိုက်ကိုက် ၊
ငါလိုယောင်္ကျား ပြဿ ဒါးမရှိ ၊
ဘယ်ရိုးတံမှာပဲ ဖြစ်ဖြစ်
အလှပဆုံးပွင့်ဝေရဲတဲ့ ခံယူချက်တစ်ခုနဲ့
ဒီဖိနပ်ကို ငါ့ဟာငါကြိုးချည်ခဲ့တယ်

လောကဓံရှစ်ပါးမှာ
မရှက်တတ်သူတွေက ရှက်တတ်သူကို
အနိုင်ယူတယ်။
ရင်ဘတ်ထဲက ဟိရိသြတ္တပ
တစ်သက်လုံး ဝမ်းမဝဘူး ။

ကိုးကွယ်ခဲ့တဲ့ တောင်ပို့ကြီးမှာ
ဖွတ်ဝကြီးက အရှက်မရှိထွက်တော့
ငါ ယုံကြည်ရာကို ယုံကြည်ပေးတဲ့
ချစ်သူကို……
မျက်နှာမပြရဲတော့ဘူး။

နင်နဲ့ငါ ဝေးရတာ
မတန်ဘူး အချစ်ရေ…………… ။
images.jpeg
#MSU-025
Photo crd-google

မတန်​ဘူး | Ecency