လွန်ခဲ့တဲ့ဆယ်နှစ်
မတ်လရဲ့ နွေဦးတစ်ရက်မှာပေါ့
မေးခွန်းစာရွက်လေးကိုင်ပြီး
ကျောင်းခန်းအပြင်ကို လှမ်းအထွက် ……
ဆယ်တန်းအောင်ပြီး ဘွဲ့ရ
ပညာတတ်ကြီးတွေ ဖြစ်ချိန်ကြမှ
မပူမပင်မကြောင့်မကျ
ဘဝတစ်ခုကို အတူတည်ဆောက်ကြမယ်နော် တဲ့။
သူလိုကိုယ်လို ဝေးသွားလိုက်ကြတာ
ခေါင်းလောင်းသံလေး မျက်နှာနာတယ်။ ။
#MSU-025